Pages

Saturday, October 27, 2012

နိုင်ငံတကာ စံချိန် စံညွှန်း နှင့် မှီသော သတင်း လွတ်လပ်ခွင့် အထိ ပေးသွားမည် ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် ပြောကြား ...

27.10.2012

မီဒီယာပြုပြင် ပြောင်းလဲရေး ကို ဖော်ဆောင်ရာ တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်နှင့် လိုက်လျောညီထွေ ဖြစ်မည့် သတင်းမီဒီယာ လွတ်လပ်ခွင့် မျိုး မဟုတ်ဘဲ ဖြစ်နိုင်သမျှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် မီသော သတင်း မီဒီယာ လွတ်လပ်ခွင့် အထိ ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

အစိုးရ ဝန်ကြီးဌာနများ မှ သတင်းရင်းမြစ် ရယူရန် ခက်ခဲနေမှုများနှင့် ပတ်သက်၍လည်း “သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာန အားလုံးကို မှာကြားထားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ ရှိပါတယ်။ လူတွေက များသော အားဖြင့် ခုနက ကျွန်တော်ပြောတဲ့ သဘော ပေါ့လေ။ အတွေ့အကြုံက မရှိကြဘူး။ မရှိကြတဲ့ အခါကျတော့ ဒီကိစ္စအပေါ် မူတည်ပြီး စိုးရိမ် နေတာတွေ၊ နောက်တစ်ခု ကလည်း တစ်ခုခု ပြောရတော့မယ် ဆိုရင် ဘာပဲ ပြောပြောပေါ့၊ စိန်ခေါ်မှု တစ်ခုခုကိုတော့ ရင်ဆိုင်ကြရတာ မျိုးဆိုတော့ ဒါမျိုးလေးတွေ ကို ရှောင်လွှဲလိုတဲ့ သဘောနဲ့ တွေ့ဆုံမှုအပိုင်းမှာ အားနည်းတာ ဖြစ်နိုင်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ထို့ပြင် ပြည်ပမီဒီယာများနှင့် ပတ်သက်၍လည်း မီဒီယာဥပဒေ ရေးဆွဲပြီးသည်အထိ စောင့်ဆိုင်းရန် မလိုကြောင်း၊ ကြား ကာလမှာပင် အဆင်ပြေအောင် ဆောင်ရွက် ပေးနေကြောင်း သိရပြီး အဆိုပါ မီဒီယာ ဥပဒေအား အများစု လက်ခံတဲ့ ပုဂ္ဂိုလ်များနှင့် ပြန်လည်ရေးဆွဲရန် စီစဉ် ဆောင်ရွက်နေကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ကာ ဝိုင်းဝန်းဆွေးနွေး ပြုစုသွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင် မီဒီယာများအား ပြည်သူ့ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲ သွားမည်ဖြစ်ပြီး ရုပ်သံလွှင့် မီဒီယာများအား လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကို လက်မခံဘဲ နိုင်ငံသားများဖြင့် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့် အခြားနိုင်ငံများ ကဲ့သို့ လေ့လာဆုံးဖြတ် ဆောင်ရွက်သွားမည် ဟု ဝန်ကြီးက ပြောပြခဲ့ကြောင်း သိရှိရသည်။

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

နိုင်ငံတကာ စံချိန် စံညွှန်း နှင့် မှီသော သတင်း လွတ်လပ်ခွင့် အထိ ပေးသွားမည် ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် ပြောကြား ...

Labels:

27.10.2012

မီဒီယာပြုပြင် ပြောင်းလဲရေး ကို ဖော်ဆောင်ရာ တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်နှင့် လိုက်လျောညီထွေ ဖြစ်မည့် သတင်းမီဒီယာ လွတ်လပ်ခွင့် မျိုး မဟုတ်ဘဲ ဖြစ်နိုင်သမျှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် မီသော သတင်း မီဒီယာ လွတ်လပ်ခွင့် အထိ ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

အစိုးရ ဝန်ကြီးဌာနများ မှ သတင်းရင်းမြစ် ရယူရန် ခက်ခဲနေမှုများနှင့် ပတ်သက်၍လည်း “သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာန အားလုံးကို မှာကြားထားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ ရှိပါတယ်။ လူတွေက များသော အားဖြင့် ခုနက ကျွန်တော်ပြောတဲ့ သဘော ပေါ့လေ။ အတွေ့အကြုံက မရှိကြဘူး။ မရှိကြတဲ့ အခါကျတော့ ဒီကိစ္စအပေါ် မူတည်ပြီး စိုးရိမ် နေတာတွေ၊ နောက်တစ်ခု ကလည်း တစ်ခုခု ပြောရတော့မယ် ဆိုရင် ဘာပဲ ပြောပြောပေါ့၊ စိန်ခေါ်မှု တစ်ခုခုကိုတော့ ရင်ဆိုင်ကြရတာ မျိုးဆိုတော့ ဒါမျိုးလေးတွေ ကို ရှောင်လွှဲလိုတဲ့ သဘောနဲ့ တွေ့ဆုံမှုအပိုင်းမှာ အားနည်းတာ ဖြစ်နိုင်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ထို့ပြင် ပြည်ပမီဒီယာများနှင့် ပတ်သက်၍လည်း မီဒီယာဥပဒေ ရေးဆွဲပြီးသည်အထိ စောင့်ဆိုင်းရန် မလိုကြောင်း၊ ကြား ကာလမှာပင် အဆင်ပြေအောင် ဆောင်ရွက် ပေးနေကြောင်း သိရပြီး အဆိုပါ မီဒီယာ ဥပဒေအား အများစု လက်ခံတဲ့ ပုဂ္ဂိုလ်များနှင့် ပြန်လည်ရေးဆွဲရန် စီစဉ် ဆောင်ရွက်နေကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ကာ ဝိုင်းဝန်းဆွေးနွေး ပြုစုသွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင် မီဒီယာများအား ပြည်သူ့ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲ သွားမည်ဖြစ်ပြီး ရုပ်သံလွှင့် မီဒီယာများအား လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကို လက်မခံဘဲ နိုင်ငံသားများဖြင့် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့် အခြားနိုင်ငံများ ကဲ့သို့ လေ့လာဆုံးဖြတ် ဆောင်ရွက်သွားမည် ဟု ဝန်ကြီးက ပြောပြခဲ့ကြောင်း သိရှိရသည်။

Myanmar Express
0 comments: