Pages

Saturday, October 27, 2012

*** သူတို့ တွေ ဘယ်မှာလဲ ***

ကချင်မှာ စစ်တွေဖြစ်လို့ 
ရခိုင် မှာ အိုးအိမ်ပြစ်နေကြရပြီ..........

မီးတောင်မီးလျှံတွေကြား
သက်ကြီးရွယ်အိုတွေပြေးလွှားတာမြင်တော့ 
ရင်မှာ မချိဘူးစိတ်တွေက
ထိန့် လန့် ကာနေမိတယ်..................

တချို့ ကလည်း ပါတီ အမြတ်ထုတ်ဖို့  ကြံ
သတင်းမှန် မမှန် မသိနိုင်ကြဘူး...
ဝမ်းနည်းကြောင်း သ၀ဏ်လွှာပေးယုံလောက်
A4 စာရွတ်နဲ့  ကြေငြာချက်ထုတ်ပြယုံလောက်နဲ့ တော့ 
စစ်ပွဲတွေလည်း မရပ်နိုင်သလို
ရခိုင်အရေးလည်း အမြစ်ပျက်နိုင်မယ်မထင်ဘူး..................

သင်ယူဖူးတဲ့  ငယ်ငယ်က ကလောင်သွားတွေဆိုတာ.............
အရေးကြုံလာရင်ရေးစပ်
တေးထပ်တွေက ဇာတိမာန်ဖြစ်စေတယ်.......

ရေးစပ်တဲ့  သီးချင်းဇာတ်တွေက
စည်းလုံခြင်းအင်းအား
ညီညွှတ်မူ့ တွေကို များစေတယ်..............

ပါးစပ်က မချတဲ့ နိုင်ငံရေး
၂၀၁၅ ထိ ငြိမ်းချမ်းရေးတွေ ဝေးနေရဦးမှာလား......
ဒီကြားထဲ ၃ နှစ်အတွင်း
ပြည်သူတွေရဲ့ စားဝတ်နေရေး
ကလေးတွေရဲ့  ပညာတက်ရေး
ပြေးနေရတဲ့  ဒုက္ခသည်
ကိုယ်ဝန်သည် မိန်းမတွေနဲ့ 
အရာအားလုံးကို လစ်လျူရှု့ 
မေတ္တာတွေ ပြုမပေးနိုင်တာ အံသြတယ်...............

ရခိုင်အရေးမှာ
တချို့  က မသိသလိုနေတယ်
တချို့ ကလည်း မသိပါဘူးဖြေတယ်......

ကချင်အရေးမှာ
တချို့ က မဆိုင်သလိုနေတယ်
တချို့ က နာမည်ပျက်မခံလိုတယ်.............

ဘယ်နေရာ ဆန္ဒပြပြ
ခေါင်းဆောင်ပါဝါ ပြချင်သူတွေလည်း ရခိုင်အရေးမှာ မသိသလိုနေတယ်....
ရှည်ကြာလွန်းတဲ့  ပြည်တွင်းစစ်
ကချင်မှာ စစ်ဖြစ်တော့ လည်း
ရှေးဟောင်းနှောင်းဖြစ်တွေပြော
စာအုပ်တွေထုတ်
ရုပ်ရှင်တွေရိုက်..............
ဒါတွေက ခင်ဗျားတို့ ပြောတဲ့  ခေါင်းဆောင်စရိုက်တဲ့ လား...........ဆိုတာ
လမ်းမှာတခါပဲ ဆုံတွေ့ 
ကြုံတာနဲ့  မေးလိုက်ပါရစေ......................

ငြိမ်းချမ်းရေးဆိုတဲ့  စကားလုံး
လူတိုင်းက သုံးနုန်းကြပေမဲ့ .....
တကယ်တမ်းဆောင်ရွက်နေတာ က ဦးအောင်းမင်း ။

သန်း(၆၀)ကျော်ရဲ့  ဆန္ဒ
တစ်ယောက်တည်း အကောင်အထည်ဖော်ယုံလောက်နဲ့ လုံလောက်တယ်ထင်ရင်
ဝိုင်း မကူညီချင်နေ
မဖေးမ ရင်ထား
ငါ သိ ၊ငါ တက် စကားတွေ သိပ်မများကြရင်ကောင်းမယ်...........။

နိုင်ငံခြားရောက် မြန်မာတစ်ယောက်ရဲ့  လုပ်အားခ
လွယ်လွယ်နဲ့ ရတာ မရှိဘူး...
ကျွန်သာသာ အလုပ်တွေနဲ့ 
မိသားစုတွေကို ပြစ်
အိမ်တွေနဲ့ ခွဲခွာ ကိုယ်ရေးအတွက် ၀မ်းစာရှာနေကြရတာ.....။

မြန်မာနိုင်ငံရဲ့  အရေး
ဒုက္ခတွေ လက်ပိုင်ကြည့် အနေနိုင်သေးတော့ 
ဝမ်းရေးကတဖက်
ပရဟိတကတဖက်
လှူတမ်းနိုင်ဖို့  ငွေ
သူတို့ တွေ ထပ်ပေါင်းရှာရသေးတယ်။

တကယ်သိချင်ပါတယ်......

ကလေးငယ်က အစ
လူကြီးသူမ က အဆုံး ငြိမ်းချမ်းရေး စကားလုံးကို အသွင်သွင် သုံးနေသလောက်.....

ဘယ်မှာလဲ
မြန်မာနိုင်ငံရဲ့  နာမည်ကြီး ခေါင်းဆောင်တွေ
ဘယ်မှာလဲ
မြန်မာကျော်တဲ့  အဆိုတော်တွေ
ဘယ်မှာလဲ
မြန်မာသိတဲ့  စာရေးဆရာတွေ....
ဘယ်မှာလဲ
သတင်းတွေဖွတဲ့  မီဒီယာတွေ...
ဘယ်မှာ လဲ????????

ငြိမ်းချမ်းရေး ဆိုတဲ့  အရသာက
လူတစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူးဆိုရင်
သူတို့ တွေ တိတ်တိတ်နေနိုင်တာ ကို အံသြတယ်............

ပုံရိပ်စစ်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

*** သူတို့ တွေ ဘယ်မှာလဲ ***

Labels:

0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။