Pages

Saturday, October 27, 2012

ဘင်္ဂလာဒေခ်ျ့ အာဏာ ပိုင်များက မြန်မာ နိုင်ငံ တွင် ဖြစ်ပွား နေသော မတည် ငြိမ်မူ များနှင့် အဓိ ဂရုဏ်း များ ကြောင့် ၄င်းတို့ ၏ နယ်စပ်ကို တပ်လှန့် ထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိ

27.10.2012

ဘင်္ဂလာဒေခ်ျ့ အာဏာ ပိုင်များက မြန်မာ နိုင်ငံ တွင် ဖြစ်ပွား နေသော မတည် ငြိမ်မူ များနှင့် အဓိ ဂရုဏ်း များ ကြောင့် သူ၏ နယ်စပ်ကို တပ်လှန့် ထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ကော့စ်ဘဇားခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်က မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ  ရခိုင် ပြည်နယ်တွင် ဖြစ်ပျက် နေသော အခြေ အနေ များနှင့် မြန်မာ နိုင်ငံသား များ မိမိတို့ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်း နေကြ သည်ကို သိရှိပါကြောင်း၊ သို့အတွက် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် လက်နက်ကိုင် အဖွဲ့ များသို့ တပ်လှန့် ထားပါကြောင်း သတင်း ဌာန များသို့ ပြော ကြားသည်။

ခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်သည် ရခိုင်တွင် အဓိဂရုဏ်းများ နောက်ထပ် တဖန် ဖြစ်ပွား ကြောင်း သတင်းများ ထွက်ပေါ် လာပြီး နောက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာ နယ်စပ် မောင်တော မြို့နှင့် မျက်နာ ချင်းဆိုင်တွင် တည်ရှိသော တက်ကနက် မြို့သို့လည်း သွားရောက် ခဲ့ပြီး ဘင်္ဂလား ဒေခ်ျ့ နယ်စပ် အရာရှိများ၊ နယ်ခြား စောင့်တပ်ဖွဲ့မှ အရာရှိများနှင့် အစည်း အဝေးများ ပြုလုပ်ခဲ့ သည်ဟု ဆို သည်။

တက်ကနက် ဒေသဆိုင်ရာ အဏာပိုင် များကလည်း ရခိုင် ပြည်နယ် ကျောက်ဖြူ ဒေသမှ မွတ်ဆလင်များ ဘုတ် အစီး ၄၀ ဖြင့် ဘင်္ဂလား ဒေခ်ျ့သို့ ဦးတည် ထွက်ပြေး လာသည်ဟု သတင်းရရှိကြောင်း၊ သို့အ တွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ၀င်ရောက် မလာရေး အတွက် အစီ အစဉ်များ ချမှတ် ဆောင်ရွက် နေကြောင်း ပြောကြားသည်။

တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ( ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့) တပ်ရင်း တပ်မှူး ဒုဗိုလ်မှူး ကြီး ဇာဟိန် ဟာဆန် ကလည်း ရခိုင်ဖြစ် ပေါ်နေသော အရေး အခင်းကြောင့် မြန်မာ နိုင်ငံမှ မွတ်ဆ လင်များ ဘင်္ဂလား ဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက် ကောင်း ၀င်ရောက် လာနိုင် သဖြင့် သူ၏ တပ်ဖွဲ့ကို တပ်လှန့် သတိပေး ထားသည်ဟု ပြောဆိုသည်။

မြန်မာ မွတ်ဆလင်များ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်ရန် နယ်စပ်တွင် စုရုံးနေသည် ဟု သတင်းများ ရရှိ ကြောင်း၊ သို့သော်လည်း အတည် မပြုနိုင် ကြောင်း ဒုဗိုလ်မှူးကြီး ဟာဆန်က ဆက်ပြော ကြားသည်။

နတ်ကျောက်ဆရီ အခြေစိုက် အမှတ် ၁၇ ဘီဂျီဘီ  တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခါလစ်ကွာဇမန်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသောာ ခေါင်းတုံးဒေသမှ တရားမ၀င် ၀င်ရောက် လာသော ဘင်္ဂလီ မွတ်ဆလင် ၄၃ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင် ခဲ့သည်ဟု ဆိုသည်။ ယခုအခါ ကော့စ်ဘ ဇားမြို့ တွင်လည်း မြန်မာဘက်က မတည်ငြိမ်မူ များကြောင့် ရဲတပ်ဖွဲ့ အရာရှိများကို ယမန် နေ့က အစည်း အဝေး ခေါ်ယူ ခဲ့ပြီး သတိ အနေ အထားနှင့် လုပ်ကိုင် ဆောင်ရွက် ကြရန် ရဲမင်းကြီး ဆလိမ်း အမ်း ဂျေဟင်ကြီးက ညွှန်ကြားထား သည်ဟု သိရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘင်္ဂလာ အစိုးရ၏ အထောက်အပံ့ အကူအညီဖြင့် ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ်မြို့တွင် ရခိုင်အမျိုးသားများက ၀ါကျွတ်ပွဲတော်ကို အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ် နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာသတင်းဌာန

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဘင်္ဂလာဒေခ်ျ့ အာဏာ ပိုင်များက မြန်မာ နိုင်ငံ တွင် ဖြစ်ပွား နေသော မတည် ငြိမ်မူ များနှင့် အဓိ ဂရုဏ်း များ ကြောင့် ၄င်းတို့ ၏ နယ်စပ်ကို တပ်လှန့် ထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိ

Labels:

27.10.2012

ဘင်္ဂလာဒေခ်ျ့ အာဏာ ပိုင်များက မြန်မာ နိုင်ငံ တွင် ဖြစ်ပွား နေသော မတည် ငြိမ်မူ များနှင့် အဓိ ဂရုဏ်း များ ကြောင့် သူ၏ နယ်စပ်ကို တပ်လှန့် ထားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ ကော့စ်ဘဇားခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်က မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ  ရခိုင် ပြည်နယ်တွင် ဖြစ်ပျက် နေသော အခြေ အနေ များနှင့် မြန်မာ နိုင်ငံသား များ မိမိတို့ နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်း နေကြ သည်ကို သိရှိပါကြောင်း၊ သို့အတွက် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် လက်နက်ကိုင် အဖွဲ့ များသို့ တပ်လှန့် ထားပါကြောင်း သတင်း ဌာန များသို့ ပြော ကြားသည်။

ခရိုင် အုပ်ချုပ်ရေး မင်းကြီး ရာဟု အာမိန်သည် ရခိုင်တွင် အဓိဂရုဏ်းများ နောက်ထပ် တဖန် ဖြစ်ပွား ကြောင်း သတင်းများ ထွက်ပေါ် လာပြီး နောက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မြန်မာ နယ်စပ် မောင်တော မြို့နှင့် မျက်နာ ချင်းဆိုင်တွင် တည်ရှိသော တက်ကနက် မြို့သို့လည်း သွားရောက် ခဲ့ပြီး ဘင်္ဂလား ဒေခ်ျ့ နယ်စပ် အရာရှိများ၊ နယ်ခြား စောင့်တပ်ဖွဲ့မှ အရာရှိများနှင့် အစည်း အဝေးများ ပြုလုပ်ခဲ့ သည်ဟု ဆို သည်။

တက်ကနက် ဒေသဆိုင်ရာ အဏာပိုင် များကလည်း ရခိုင် ပြည်နယ် ကျောက်ဖြူ ဒေသမှ မွတ်ဆလင်များ ဘုတ် အစီး ၄၀ ဖြင့် ဘင်္ဂလား ဒေခ်ျ့သို့ ဦးတည် ထွက်ပြေး လာသည်ဟု သတင်းရရှိကြောင်း၊ သို့အ တွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ၀င်ရောက် မလာရေး အတွက် အစီ အစဉ်များ ချမှတ် ဆောင်ရွက် နေကြောင်း ပြောကြားသည်။

တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ( ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့) တပ်ရင်း တပ်မှူး ဒုဗိုလ်မှူး ကြီး ဇာဟိန် ဟာဆန် ကလည်း ရခိုင်ဖြစ် ပေါ်နေသော အရေး အခင်းကြောင့် မြန်မာ နိုင်ငံမှ မွတ်ဆ လင်များ ဘင်္ဂလား ဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက် ကောင်း ၀င်ရောက် လာနိုင် သဖြင့် သူ၏ တပ်ဖွဲ့ကို တပ်လှန့် သတိပေး ထားသည်ဟု ပြောဆိုသည်။

မြန်မာ မွတ်ဆလင်များ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်ရန် နယ်စပ်တွင် စုရုံးနေသည် ဟု သတင်းများ ရရှိ ကြောင်း၊ သို့သော်လည်း အတည် မပြုနိုင် ကြောင်း ဒုဗိုလ်မှူးကြီး ဟာဆန်က ဆက်ပြော ကြားသည်။

နတ်ကျောက်ဆရီ အခြေစိုက် အမှတ် ၁၇ ဘီဂျီဘီ  တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခါလစ်ကွာဇမန်မှလည်း မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေသောာ ခေါင်းတုံးဒေသမှ တရားမ၀င် ၀င်ရောက် လာသော ဘင်္ဂလီ မွတ်ဆလင် ၄၃ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင် ခဲ့သည်ဟု ဆိုသည်။ ယခုအခါ ကော့စ်ဘ ဇားမြို့ တွင်လည်း မြန်မာဘက်က မတည်ငြိမ်မူ များကြောင့် ရဲတပ်ဖွဲ့ အရာရှိများကို ယမန် နေ့က အစည်း အဝေး ခေါ်ယူ ခဲ့ပြီး သတိ အနေ အထားနှင့် လုပ်ကိုင် ဆောင်ရွက် ကြရန် ရဲမင်းကြီး ဆလိမ်း အမ်း ဂျေဟင်ကြီးက ညွှန်ကြားထား သည်ဟု သိရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘင်္ဂလာ အစိုးရ၏ အထောက်အပံ့ အကူအညီဖြင့် ကော့စ်ဘဇား (ခေါ်) ဖလောင်းချိတ်မြို့တွင် ရခိုင်အမျိုးသားများက ၀ါကျွတ်ပွဲတော်ကို အထူး စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ် နေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာသတင်းဌာန
0 comments: