Pages
Friday, October 26, 2012
တခါက သမိုင်းတကွေ့ တွင်.................
ရိုးရိုးသားသား ပြောရရင် တော့  ကျနော် တောသား တစ်ယောက်ပါ။
ဆည်ကန်သင်း တောင်မရှိတဲ့  လယ်တွင်း ကိုးခရိုင်ထဲမှာ ငယ်ငယ်ကဆို လက်ယက်တွင်း လေးမှာ ကျောင်းတက်ချိန် တိုင်ထိ စောင့် ပြီးရေခက်ခဲ့ ဖူးသူပေါ့....။ သိပ်ခက်ခဲ့ လွန်းခဲ့ ပါတယ်။ ဆင်းရဲတဲ့  ဘ၀တွေမှာ အနေခက် အစား ခက်နဲ့  နေခဲ့ ရတဲ့ ချို့ တဲ့ လွန်းတဲ့  အတိတ်နေစွဲလေးတွေက ဘ၀မှာ ဘယ်တော့ မှ ဖျောက်ဖြတ် မရနိုင်တဲ့  အမာရွတ်တခု ဖြစ်ခဲ့ ပြီ မဟုတ်လား။
မိဘတွေ နောင်အရေး အတွက်ကြည့် ပြီး ကျောင်း မှန်မှန်တက် စာပေပညာ တက်ရမယ်လို့  ကျနော် ဦးနှောက်ထဲ အသိစွဲခဲ့ တယ်.. အရွယ်လေး ရောက်လာတော့  စာတိုက် စာရေး ဘ၀နဲ့ ကျင်လည်ခဲ့ ရပြန်ရော။ အဲဒီခေတ်အခါ က စာတိုက် စာရေး ဘ၀က ချောင်လည်တယ် မဆိုသာပေမဲ့  အဆင် ပြေပြေလေး တော့ နေထိုင် နိုင်ခဲ့ ပါတယ်လေ..။
ဒါပေမဲ့ မျိုးရိုး မစွမ်းပေမဲ့  လူငယ်ပီပီ စစ်သွေးစမ်း ကြည့် ချင်လာတယ်။ အဲဒီခေတ် အခါက တိုက်ပွဲတိုင်းမှာ နိုင်တဲ့  စွမ်းရည်မြှင့်  တပ်မတော် အရာရှိကြီး တွေကလည်း လူတိုင်းက အထင်ကြီး လေးစား အားကျနေရတဲ့  အချိန်ကာလလေ။ ဒီလိုနဲ့  လူမသိသူမသိအခြေအနေဘ၀ နိမ့် ပါးလွန်းခဲ့ တဲ့  သုည က စခဲ့ တယ်...။ တကယ်ပါပဲ။ အဲဒီအချိန်တုန်းက တခါပင်ပန်းမူ့ နဲ့ ကြုံတိုင်း သက်ပြင်း တခါ မချနိုင်ခဲ့ ဘူး။ ဆင်းရဲ ဇာတာ ရှည်မှာစိုးလို့ ပေါ့..။
တပ်မတော်ရဲ့ သာမာန် ရဲဘော်ဘ၀ ကနေ တဆင့် ပြီးတဆင့်  တိုင်းပြည် တာဝန်ကို ကျနော် ထမ်းဆောင်ဖြစ်ခဲ့ တယ်..။နောက်တပ်မ (၈၈) မှာ တဆင့် တိုး တာဝန်နဲ့  ထမ်းဆောင်ချိန်မှာ နိုင်ငံရဲ့  အဆိုးရွားဆုံး အဖြစ်အပျက်တစ်ခု ကို ရင်ဆိုင်လာခဲ့ ရတော့ တယ်။ တိုင်းပြည်က ကိုယ်တမင်း ကိုယ်ချင်းနဲ့  ကာကွယ်သူမဲ့ နေချိန်ပေါ့။ နေရာအသီးသီး မှာလည်း သူခိုးဓါးပြ ရန်တွေနဲ့  လမ်းလယ်ခေါင် ခေါင်းဖြတ်သတ် တဲ့  ရက်စက်တဲ့  အာရုံတွေ အပြီးမှာ အဖွဲ့ အစည်းတွေက လည်း အသီးသီး ကွဲပြဲခဲ့ ကြတယ်။ အလံဖြူ၊ အလံနီ၊ ကွန်မြူနစ်နဲ့  ရန်ကုန်ဆိုတဲ့ နယ်နိမိတ်က အင်းစိန်သာသာ ပဲရှိနေနိုင်တော့ တဲ့  အချိန်လေ။
ကိုနေ၀င်း စကားလို ပါပဲ ။ အချိန်တန်ရင် စစ်တပ် ဆိုတာ စစ်တန်းလျား ကို ပြန်သွားရမှာ သဘာဝပဲ မဟုတ်လား။ ဒါပေမဲ့  အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့  အခြေအနေ က ငြိမ်သက်လာ ခြင်း မရှိပဲ တနေ့ ထက်တနေ့  ဆိုးရွားလာခဲ့ တယ်။ တဖက်ကလည်း ပြည်သူတွေ အလိုရှိတဲ့  ပါတီစုံ ဒီမိုကရေစီ အတွက် ကျင်းပပေး နေချိန်မှာ တဖက်ကလည်း တိုင်းပြည် အေးချမ်းရေး အတွက် ၀ါးခသစ်၊ တိုက်ပွဲ စီစီဝန်တာပန် တိုက်ပွဲတို့ ကိုလည်း စီမံ အုပ်ချူပ် နေရတဲ့  အချိန်ပေါ့ ..။ ကျနော်အပို မပြောတော့ ပါဘူးလေ။ ဒီလို တိုက်ပွဲ တွေမှာ ပြည်သူတွေက အစ ထမင်း ထုတ်တွေနဲ့  ကူညီပြီး အောင်ပန်း ယူနိုင်ခဲ့ တာကိုပေါ့။ တချိန်တည်း မှာပဲ တပ်မတော်သား ပေါင်းများစွာ အသက် သွေးခြွေး ပေးဆပ်ခဲ့ ကြတယ်.။
ကိုစော လက်ထပ်က န၀တကို ကျနော်လက်ထပ် တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေး ကောင်စီ ဆိုပြီး ဖွဲ့ စည်းကာ အားအင်း ကျစ်လစ်စွာဖြင့် တိုင်းပြည် ကို တည်ဆောက်ခဲ့ သည်။
ကျနော် သမိုင်းအတွက် အဆုံးအဖြတ် ဖြစ်မည့် နေသည့်  သာသနာ နှင့် ပတ်သတ်လာ မည်ဟု သာကြိုသိပါလျှင် ............။ ပထမတရက် မသိသာလှသေး။ ကျနော် အဖွဲ့ အစည်း တစ်ယောက်မှ မပါပဲ စောင့် ကြည့်  ယုံသာ ကျနော် စေခိုင်း ဖြစ်ခဲ့ သည်။ နောက်ပိုင်းတွင် သံဃာ အတုနှင့်  အစစ်ခွဲ မရ အောင်ပင် နိုင်ငံရေး လှည့် စားသူများ အောက် မျက်ဝါး ထင်ထင် ကျရောက်ခဲ့ ရသည်။ တချိန်တည်း ဆိုသလို ရန်ကုန်မြို့ နေ လူတန်းစား အလွှာအသီးသီး တို့ မှ ပါဝင်မူ ကလည်း မထိန်းသိမ်းနိုင် လျှင် ဟူသော အသိစိတ် ဖြစ်ပေါ်လာစေ သည်။ တပြိုင်နက် တည်း ဆိုသလို ရန်ကုန်တွင်သာမက မန္တလေး မုံ၇ွာ ပြင်ဦးလွင် အစရှိသော နေရာများတွင်ပါ သံဃာ လှူပ်ရှားမူ့ က ကြီးထွား လာခဲ့ သည်။ သံဃာ အစစ် ဘုရား သားတော်များ အနေဖြင့်  မေတ္တသုတ် ရွတ်ဖတ် ပူဇော်ခြင်း ကို မတားမြစ် လိုပါသော်လည်း လူထုအံကြွမူ့ ကို အခြေခံ သည့်  ဘာသာရေး ခုတုံးလုပ်မူ့ သည် နိုင်ငံရေး ကစား သူများအတွက် အမြတ် ဖြစ်သွားခဲ့ တော့  သည်.။
ကျနော် မကြောက်ပါဘူး လေ။ အလုပ်မလုပ်သူ သာ ဝေဖန်လို့  မရတဲ့  သူတစ်ယောက် အဖြစ်ရပ်တည် နေနိုင်မှာ မဟုတ်လား။ ဒီအဖြစ် အပျက်အတွက်  ဝေဖန်သံ တွေ နားကျည်းသံ တွေ ဖြစ်နေနိုင် သော်လည်း လူနည်းစု ထက်တိုင်းပြည် အရေးကို ကျနော် ပိုကြည့် ဖြစ်ခဲ့ သည်။ ကိစ္စမရှိ။အလုပ်လုပ်သူ အတွက် အမှား ဆိုသည်မှာ လုပ်ရင်း ပေါ်လာမြဲပင်။ သို့ မှသာပြင်လို့ ကောင်းနိုင်မည် မဟုတ်ပါလား။ ကျနော် လက်ထပ်မှာ (၈၈) လိုမျိုး မင်းမဲ့ စရိုက် ဆန်ဆန် နောက်တချိန် ပြန်ဖြစ်လာမှာကို အစိုးရိမ်ဆုံးပင်။ (၈၈) မှယခု တိုင်အောင် နှစ်ပေါင်း(၁၇) ကြာချိန်အထိ အေးချမ်းပြီး ကာမှ ၂၀၀၇ အရေးအခင်း သည် တိုင်းပြည် အရင်ကဲ့ သို့  ဖြစ်သွားမည့်  အရေး ကျနော်ကြိုတွေးမိသည်။
ကျနော် ၂၀၀၇ မှ မယုတ်မာ ခဲ့ ပါဘူး။ သမိုင်းမှာတော့ ရက်စက်သူ အဖြစ် ပြည်သူ တွေရဲ့ သတ်မှတ်ခြင်း ကို ခံခဲ ရတယ်..။
တချိန်တည်း မှာပဲ နိုင်ငံတကာ ရဲ့ ဖိအားပေးမူ့ တွေနဲ့  စီးပွားရေး ပိတ်ဆို့ မူ့ တွေကြားမှာ ကျနော် နိုင်ငံကို ရှင်သန် နိုင်အောင် အဖက်ဖက်က ကျနော်ကြိုတင် ပြင်ဆင် ခဲ့ တယ်။ အနည်းဆုံးတော့  ခုချိန်ထိ စီးပွားရေး လမ်းကြောင်းပွင့် လင်း မလာနိုင်သည့် တိုင် (၁၀) ကြာနီးပါးပိတ်ပင် ထားခဲ့ တဲ့  အနောက် နိုင်ငံ တွေရဲ့  ပိတ်ဆို့ မူ့ က အရာမထင်ခဲ့ ဘူးမလား။ ကျနော် မစိုးရိမ်ပါဘူး။ ကမ္ဘာမှာ ဆန်ပို့ မူ့  အဆင့် (၁၀) အတွင်းဝင်နေတဲ့  ဧရာဝတီ တိုင်းကြီး ကျနော် နိုင်ငံမှာ ရှိနေတယ်လေ။
ကျနော် အလုံးစုံသော ပညာတွေ မတက်ခဲ့ ဘူး။
ပညာ တက်သူတွေကို တော့  စီမံအုပ်ချူပ် နိုင်ခဲ့ တယ်။
အနောက် နိုင်ငံ နည်းတူ ဘို လို တော့ စကားမပြောနိုင်ခဲ့ ဘူး။
ဘို လိုပြောတဲ့  အနောက် နိုင်ငံ အများစုကို တော့ ကျနော် ထိန်းချူပ် နိုင်ခဲ့ တယ်.....။
ငယ်ငယ် ကတည်းက စစ်တုရင်မှာ ထုံမွေ့ တဲ့ ကျနော်။ မြန်မာနိုင်ငံ ရဲ့  အနာဂတ်ကို လှမ်းမျှော် ကြည့် မိတယ်။ တဆက်တည်း ဆိုသလို ကျနော်တို့  ရေးဆွဲထားတဲ့  လမ်းပြ မြေပုံကလည်း ပြီးလုပါပဲလေ။ သေချာပါတယ် တချိန်ချိန် မှာ မဖြစ်မနေ ပါတီစုံ ရွေးကောက်ပွဲ နဲ့  ပြည်သူတွေ လိုအပ်တဲ့  ဒီမိုကရေစီ ကို ကျနော် အုတ်မြစ်ချပေးနိုင် လောက်မယ် ထင်ပါတယ်။ ဒီလိုနဲ့ လူ မူ့ ရေး အသင်းအဖွဲ့ လိုလို ပြည်ခိုင်ဖြိုး အသင်းကို စတင်ဖွဲ့ စည်းစေခဲ့ တယ်။ လမ်းပြ မြေပုံ အပြီးမှာ ကျနော် ဖွဲ့ စည်းခဲ့ တဲ့ ပြည်ခိုင်ဖြိုး အင်အားက ကြီးထွားနေလိမ့် မယ်ဆိုတာ ကျနော် ယုံကြည်မူ့ ရှိသလို ၊ ဒီပြည်ခိုင်းဖြိုး အဖွဲ့ ကို ပါတီ ဖြစ်လာလိမ့် မယ်လို့ ရော ဘယ် အသိပညာရှင် တွေကမှ ခန့် မှန်းနိုင်ခဲ့ မယ်မထင်ဘူး.....
ကျနော် အတွက် ထောက်ခံသူ နည်းခဲ့ ပါတယ်
ဒါပေမဲ့  တိုင်းပြည် အတွက်တော့  စနစ်တကျနဲ့  စီမံကိန်းတွေ ချပေးဖြစ်ခဲ့ တယ်.......။
ကျနော် ဘ၀အတွက် တတိယ မြှောက်စိန်ခေါ်မူ့ ကို နာဂစ် မှာထပ်ကြုံခဲ့ ရပြန်တယ်.။ နိုင်ငံတ ကာရဲ့  ကူညီ အသင်းတွေနဲ့  အမေရိကန်ရဲ့  တပ်မတော်သားေ တွ ပေးပို့ ချ င်လို ကြောင်း အကြောင်းကြား ချက်ကို ကျနော်ရဲ့  ငြင်းပယ်မူ့ အပြီး မှာပေါ့။ ကျနော် သိနေပါတယ်။ မြန်မာနိုင်ငံ ဆိုတာ အချက်အခြာနဲ့ မဟာ ဗျူဟာမြောက် နေတဲ့  နယ်မြေ ဒေသ ဆိုတာကိုပေါ့။ တရုတ်နိုင်ငံ ရဲ့ တခုတည်းသော ထွက်ပေါက် ကျနော်နိုင်ငံမှာ အမေရိကန် စစ်စခန်း တည်ဆောက်ချင် နေတာ အပြစ်တစ် ခုတော့ မဆိုသာ ပါဘူးလေ.။ နိုင်ငံတကာရဲ့  ၀ိုင်းဝန်းပိတ်ဆို့ မူ့ ကြားမှာ တရုတ်ကသာ ကျနော်နိုင်ငံအတွက် မားမားမပ်မပ် ရပ်တည်ပေးခဲ့ တာ မဟုတ်လား။ထာဝရ မိတ်ဆွေကောင်း လို့  မဆိုနိုင် သော်လည်း အားနည်း နေချိန်တွင်တော့  တရုတ်က တိုင်းပြည် အတွက် ကောက်ရိုး တမျှင် ဖြစ်ခဲ့ တာ ကတော့ အမှန်ပင် မဟုတ်လား။ ကျနော်သာ အမေရိကန်တွေကို ခြေချခွင့် ပြုခဲ့ ရင် ပြည်သူတွေ အကူအညီ ရမှာထက် နောင်တချိန် ပြန်နှင်ထုတ်ဖို့  အခက် ကြုံလာနိုင်တယ် ဆိုတာ ဘယ်သူမှ ကြိုမတွေးခဲ့ တာလားဆိုတာ ကျနော်မတွေး တက်ခဲ့ တော့ ပါဘူး။ ကျနော်လည်း ပြောခဲ့ ပါတယ်။ စစ်မှန် တဲ့ ကူညီမူ့ သာမှန်ရင် ထိုင်းကနေ တဆင့် ကူညီပေးပါလို့ ဆိုပြီးတော့ ပေါ့။ တဆက်တည်း ဆိုသလို အမေရိကန်တွေရဲ့ ရေတပ် က ၇န်ကုန် မြစ်ဆိပ်ပိုင်နက် အနီးနား ရောက်ရှိ လာခဲ့ တာကို သတိပြုမိပြီ နောင်တချိန် အမြှောက် လက်နက်တကမ်းသာ ရှိတဲ့  မြို့ တော်ရန်ကုန်အစား အလယ်ပိုင်း ဒေသ ပျဉ်းမနား ကို မြို့ တော် အဖြစ်ရွေ့ စေဖို့  ကျနော် သတိပြုခဲ့ မိတော့ တယ်။
ကျနော် အတွက် နာမည်ဆိုး တွင်ကောင်း တွင်နိုင်ပါတယ် နိုင်ငံအရေး ကို အလေးထား ပြီးတော့  ပြည်ထောင်စု ဆိုတဲ့  ဝေါဟာရကို ကျနော်ပိုင်ဆိုင်တဲ့ ဂုဏ် သိက္ခာထက် ကာကွယ်ခဲ့ ပါတယ်လေ......။
ကျနော် နိုင်ငံရဲ့  အကြီးအကဲ ဖြစ်ချိန်မှာ အလကားလည်း မနေခဲ့ ပါဘူး။ ပြည်သူတွေ အကြောင်း သိချင်ရာက ပြည်သူ အရပ်သား တစ်ဦးလို နေထိုင်ပြူမူ ခဲ့ လို့ လည်း တာမွေ ၀ိုင်းလမ်းဆုံမှာ လမ်းကြောမှား ယူမိတဲ့  ဒရိုက်ဘာကြောင့်  အမြန်ယာဉ်ငယ် ပေါ်က ဆဲဆိုခြင်းလည်း ခံခဲ့ ဖူးပါတယ်။ ရုပ်၇ှင် အရေး မှာလည်း တချိန်တခါက ကြော်ကြားခဲ့ တဲ့  Combat /we wrer soliders /saving private ryan ဇတ်လမ်းကားေ တွကိုလည်း နှစ်ချိုက်သူ တစ်ဦးဖြစ်ခဲ့ ပါတယ် ။ အားကစားမှာ ဆိုလည်း  ၉၄ ကမ္ဘာဖလားက အီတလီ အသင်းရဲ့  ဘက်ဂီယို ပင်နယ်တီ လွဲချော်မူ့ က ဘရာဇီးကို ရှုံးပြီး ဒုတိယ ရသွားတာကို လည်း ရင်ခုန်နေတုန်းပါပဲ.။
နောက်ဆုံး မှာ ကျနော် အတွက် ဘယ်လို ဆိုးဝါးတဲ့  ဂုဏ်ပုဒ်တွေပဲ တပ်တပ် ကျနော်ရဲ့ စီမံကွပ်ကဲမူ့ အောက်မှာ သေနတ်သံ တချက်မှ မဖောက်ရပဲ ပြည်သူတွေ ဒီမိုကရေစီ အတွက် လျှောက်လှမ်းနေခဲ့ ရပြီမဟုတ်လား
ဘာပဲဖြစ်ဖြစ် ကျနော်ရွေ့ ကွက်အတိုင်းမှာ ကျန်သူတွေက ပွန်းရုပ်သာသာဖြစ်ခဲ့ တယ်မဟုတ်လား။ရွေ့ လိုက်တဲ့  အကွက်တိုင်းမှာ နှောင်းလူတွေ ပညာယူတက်ပါစေ။
နိုင်ငံ ရေး သမားလုပ်ချင်ရင် စကာကို ဟိုလိုလိုဒီလိုလို ကွယ်ဝှက်ပြောနိုင်ရမယ်ဆိုပေမဲ့  ခေါင်းဆောင်တစ်ဦးလုပ်ချင်ရင် ပျက်သားစိတ်နဲ့  တာဝန်ယူပါ
ဆိုတဲ့ ဗိုလ်ချူပ် စကား အတိုင်း စကား နည်းနည်းပြောပြီး ကျနော် အလုပ်များများလုပ်ခဲ့ တယ်။ ကျနော် အများကြီး တော်တဲ့ သူ  အသိပညာ တွေအများကြီး တက်တဲ့ သူမဟုတ်ခဲ့ ပေမဲ့  အဲဒီလူတွေကို ဘယ်လို ထိန်းချူပ်ရမလဲ ဆိုတာ ကျနော် ကောင်းကောင်း သဘောပေါက်ခဲ့ တယ်။ စစ်အာဏာ၇ှင် မကောင်းဘူး ဆိုပေမဲ့  မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၀)ကျော် အေးအေး သာသာ ကျနော် အုပ်ချူပ်နိုင်ခဲ့  တယ်။ အုပ်ချုပ်လို့  အပြီးမှာလည်း တိုင်းပြည်ကို အေးအေးလူလူ ဒီမိုကရေစီ ပြောင်းနိုင်အောင် လမ်းကြောင်းခင်း ထိန်းချူပ်နိုင်ခဲ့ တယ်...။
သေချာပါတယ်။ နာကျည်းချက် တချို့ တွေကြောင့်  ကျနော်ကို လူကောင်း တစ်ယောက်လို့  မထင်မြင်နိုင်ပေမဲ့  ပြိုင်ဘက်တွေ အပေါ်မှာရော။ နိုင်ငံတကာရဲ့ ဖိအားပေးမူ့  တွေအားလုံးကို တွန်းလှန်နိုင်ခဲ့ သူတစ်ယောက် အနေနဲ့ ရော.၊ ကျနော်က လူတော် တစ်ယောက်ပါ လို့  နှုတ်က ထုတ်ဖော် မချီးကျူး ရင်တောင် စိတ်ထဲမှာ အမြဲ တွေး နေမိနေ လိမ့် မယ်။
ဒါပေမဲ့ လည်းလေ.......။
ကျနော် တိုင်းပြည် အတွက် ပေးဆပ်ထားခဲ့ တဲ့  နှစ်ပေါင်း များစွာက ၂၀၀၇ က အရေးအခင်း တစ်ခု နဲ့  သင်းပုန်းခြေခြင်း သက်သက်သာဆိုရင်..........
ကျနော် အတွက် ကျနော် ဖန်တီးပေးခဲ့ သမျှနဲ့ တော့  တန်မယ် မထင်ပါဘူး.........။ ဒါပေမဲ့ လည်းလေး စစ်သား တစ်ဦးဖြစ်ခဲ့ ဖူးတဲ့  ကျနော်က တိုင်းပြည် အတွက် အရာရာ စွန့် လွတ်နေပြီး မှ တော့  နာမည်ဂုဏ်ပုဒ် တစ်ခုကို မြတ်နိုးတွယ်တာ နေမှာ မဟုတ်တော့ ပါဘူး ဆိုတာ ကတော့  အမှန် တရားပဲ ဆိုတာ ကျနော် ကိုယ်ကျနော် အသိဆုံးပါလေ ......
မှတ်ချတ်...ချစ်ဦးညိုမှ အလင်္ကာဒီပ ချစ်သူ စာအုပ်တွင် မင်းဒသကို မင်းသားဖြစ်အောင်အနုစိတ်ရေးဖွဲ့ သွားသကဲ့ သို့  ကျနော်ကိုယ်ကျနော် စာရေးမူ့  လက်သွေးခြင်းသက်သက်သာဖြစ်ပါသည်။
လေးစားစွာဖြင့်  ..........(မင်းသန့် ) shaesaunglungal.blogspot.com မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။
သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်
ဖတ်ရှုမှု များသော သတင်းများ
® GOLDEN LAND MYANMAR NEWS & KNOWLEDGE