ဦးကြည်စိန်သည် အလုပ်လုပ်တိုင်း အမျှော်အမြင်နှင့် တိတိကျကျ အောင်မြင်အောင် လုပ်လေ့ ရှိသည်။ထို့ ကြောင့် အမည်နှင့် လိုက်အောင်ပင် ကြီးပွါးချမ်းသာ၏။
ယခုမူ အသက် (၉၀) နားနီးလာသဖြင့် ဇရာထောင်းကာ နာမကျန်းဖြစ်၍ နေ့ လော၊ ညလော ဘ၀တပါးသို့  ကူးပြောင်းရတော့မည့် အခြေအနေသို့  ဆိုက်နေလေပြီ။
ထိုအချိန်ရောက်မှ ဦးကြည်စိန်ထံမှ သားသမီးများအား ထူးဆန်းစွာ တောင်းဆိုမှု တခု ပြုလာသည်။
ထိုအရာမှာ သူNLDပါတီဝင် အမြန်ဖြစ်အောင် ဆောင်ရွက်ပေးလိုကြောင်း NLDပါတီဝင်အဖြစ် တရားဝင်အသိပြု လက်မှတ် မြင်ရပြီးမှ အသေဖြောင့်မည်ဟု အခိုင်အမာ ဆိုနေ၏။
ထို့ ကြောင့် သားသမီးများမှ ငွေကြေးပုံအော အဆက်သွယ်အလျှင်မြန်ရှာကာ NLDပါတီဝင် အမြန်ဖြစ်အောင် ကြံဆောင် ကြလေသည်။
ဦးကြည်စိန်သည် NLDပါတီဝင် အသိအမှတ်ပြု လက်မှတ်ကိုကြည့်ပြီးနောက် သူကွယ်လွန်လျှင် သူ့ အမည်နောက်တွင်NLDပါတီဝင် ဖြစ်ကြောင်း ရေးထည့်၍ မြန်မာလို ထုတ်ဝေသည့် သတင်းစာများအားလုံးတွင် နာရေးသတင်းကြော်ငာ ကဏ္ဍ၌ တပတ်တိတိ ထည့်ရန် တောင်းဆိုပြန်လေသည်။
သားသမီး မြေးမြစ်များက နားမလည်နိုင်ဖြစ်လွန်းသဖြင့် ဤလုပ်ရပ်ကိုရှင်းပြရန် မေးမြန်းကြရာ ဦးကြည်စိန်မှ--
“ငါ့နာရေးသတင်း ဖတ်မိတဲ့သူတိုင်း- အော်-တစ်နေ့ထက်တစ်နေ့ပြည်သူချဉ်ဖက်ဖြစ်လာတဲ့ NLDပါတီဝင် တယောက်တော့ လျှော့သွားပီဟ - ဆိုပြီး မြန်မာပြည်{ဗမာပြည်သူမဟုတ်}သူတွေအကြားမှာ ၀မ်းသာစေချင်လို့ ပါ”
ဘွာတော် ဆု သားသမီးများ၏ မေတ္တာကို အစဉ် ခံယူလျှက် ..........
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။