Pages

Friday, October 26, 2012

နိုင်ငံတခုမှာ အစိုးရ ၂ ခုနဲ့ တပ်မတော် ၂ ခု လုံးဝ ရှိလို့ မရဘူး ဟု ကာချုပ်ပြောပြီ

26.10.2012

မြန်မာအစိုးရ၏ ကာကွယ်ရေး ဦးစီးချုပ် နှင့်တွေ့ဆုံပြီးနောက် ဆွေးနွေး ခဲ့သည့်အချက်နှင့် ပတ်သက် ၍ ၀ ပြ ည်ေ သွးစည်း ညီညွတ်ရေးတပ်ဖွဲ့မှ လာမည့် တနင်္လာနေ့၌ ကြေငြာချက် ထုတ်မည်ဖြစ်ကြောင်း နီးစပ် သည့် သတင်း ရပ်ကွက်က ဆိုပါသည်။

ယခုလဆန်း ၆ ရက်က တြိဂံဒေသတိုင်း စစ်ဌာနချုပ် ရွှေတြိဂံ ရိပ်သာ၌ UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက် မီလျံ ဦး ဆောင်သောအဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့  ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့ တို့ အား တွေ့ဆုံစဉ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မူးယစ်ဆေးဝါး တိုက် ဖျက်ေ ရး လုပ်ငန်းကို ၂၀၁၅ အပြီး ပြုလုပ်သွားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလက်ခံကာ ဥပဒေ အောက် ဝင်ရောက် နေထိုင် ရန် ဟူသော အချက် ၂ ချက်ပါ ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်ပိုင်း နှင့် နီးစပ်သူ တဦးက သျှမ်း သံေ တာ် ဆင့် အား ပြောပြသည်။

“နိုင်ငံတခုမှာ အစိုးရ ၂ ခုနဲ့ တပ်မတော် ၂ ခု လုံးဝ ရှိလို့ မရဘူးလို့ သူပြောသွားတယ်။ အရင်ကလဲ BGF ပြောင်း ဖို့ ရော ပြည်သူ့စစ်ဖြစ်ဖို့ပါ ခင်ဗျား တို့ ငြင်းဆန် လာခဲ့တယ်။ အခုချိန်မှာတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ အချိန်တန်ပြီ - လို့ပြောတယ်။ အဲတာ ကြောင့်  ၀ ဘက်ကနေ ကြေငြာချက် လုပ်မယ်လို့ပြောတယ်။” ဟု အမည်မဖော်လို သည့် နီးစပ်သူက ဆက်လက်ပြောပြသည်။

၎င်းနှင့် ပတ်သက်၍ အပစ်ရပ် ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် အထူး ဒေသ ၂ နှင့် အမျိုးသား ဒီမိုက ရက် တစ် မဟာမိတ် တပ်မတော် သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS အထူး ဒေသ ၄ တို့အပေါ် မြန်မာအစိုးရ က စစ်ရေးဖြင့် ခြိမ်း ခြောက် နေခြင်းဖြစ်ကြောင်း ထိုင်းနယ်စပ် စောင့်ကြည့်သူ တဦး က သျှမ်းသံေ တ်ာဆင့် အားပြောပါသည်။

သို့သော် မိုင်းလား ဘက်ကမူ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်၍ ကာချုပ်မှ ထည့်သွင်းပြောဆိုေ ဆွးနွေးခြင်း မရှိ၊ မူး ယစ်ဆေး ဝါးတိုက် ဖျက်ရန်အတွက် သာ ပြောဆိုသွား သည်ဟု သျှမ်းသံတော် ဆင့် အား ပြောပြသည်။

မြန်မာ အစိုးရ ၏  စစ်တပ်ပိုင် မြ၀တီ ဝက်ပ်ဆိုက်တွင်မူ “ တိုင်းအစိုးရ အဖွဲ့ များနှင့် ဦးစီးအဖွဲ့များရှိပြီး ၎င်းတို့ ၏ ဦးဆောင်မှု အောက်တွင် တိုင်းရင်းသား အားလုံး ဥပဒေနှင့်အညီ စနစ်တ ကျ နေထိုင်လုပ် ကိုင်လျက် ရှိ ပါကြောင်း၊ ဥပဒေနှင့်အညီ နေထိုင်ပါက မည်သည့်အရာမှ စိုးရိမ် ကြောင့်ကြဖွယ် မရှိ ပါ       ကြောင်း၊ KIA အဖွဲ့နှင့် စ ပ်လျဉ်း၍ မိမိတို့ တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံ၍ မိမိကိုယ်ကို ခုခံကာကွယ် သည်မှအပ ၎င်းတို့၏ စခန်းများ၊ ဌာနချုပ်များ ကို တိုက်ခိုက်ခြင်း မရှိပါကြောင်း” ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့ သည်ဟု ဖော်ပြထား ပါသည်။

ဝ တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့သည် ၁၉၈၉ ကတည်း က အပစ်ရပ်ခဲ့ပြီး ၂၀၀၉ တွင် နယ်ခြားစောင့် တပ်ပြောင်း ရန် ငြင်းဆန်သဖြင့် အပစ်ရပ်မှု  ပျက်ပြယ် သွားခဲ့သည်။ သို့သော် KIA ၊ သျှမ်းပြည် တပ်မတော် တို့ နှင့် မ တူ၊ အစိုးရ စစ်တပ်နှင့် ပစ်ခတ် တိုက်ခိုက်မှုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲမှ အာဏာရ လာသည့် သမ္မတ ဦးသိန်းစိန် အစိုးရ နှင့် ၂၀၁၁ စက်တင်္ဘာက အသစ် တဖန် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်သည့် တပ်ဖွဲ့မျာြး ဖစ်သည်။

ရှမ်းသံတော်ဆင့် မှ ကာကွယ်ရေး ဦးစီးချုပ် ၏ ဆွေးနွေးချက် နှင့်ပတ်သက်၍ ၀ တပ်ဖွဲ့ ကြေငြာချက် ထုတ်မည် သတင်းအား ကူးယူဖော်ပြသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

နိုင်ငံတခုမှာ အစိုးရ ၂ ခုနဲ့ တပ်မတော် ၂ ခု လုံးဝ ရှိလို့ မရဘူး ဟု ကာချုပ်ပြောပြီ

Labels:

0 comments: