ငါတို့ ခောတ်သမိုင်း အသစ် စနေတာ သိကြလား ဒီအချိန်မှာ တိုင်းပြည် ဆီက ဘာရမလဲ ဆိုတာ ဘဲ တောင်းနေ ရမဲ့ ခောတ် မဟုတ်ဖူး ကွ... ငါတို့ ကိုယ်တိုင် ကျရာ တိုင်းပြည်အတွက် ဘာလုပ်ပေး သင့် ဆုံး လဲစဉ်စားရမဲ့ အချိန် ..................
ချမ်းသာတဲ့ ကလေး ကားဝယ်ပေးလို့  ပူဆာရင် ရတယ်ပြသာနာ မရှိဖူး ဆင်းရဲ့တဲ့ အနေထားမှာ နပူနဆာဖြစ်ရင် မိဘ ရော ကိုယ်ရော စိတ်ဆင်းရဲရတယ် ဒါဘဲလေ .........ခုချိန် ငါတို့ နိုင်ငံ မင်းတို့ ဖြစ်ချင်တာ လုပ်ပေးနိုင်တဲ့ အနေထား အားလုံး ဖြည့်ဆည်းပေးနိုင်ပြီလား တန်းတူဖြစ်နေပြီလား ...... အေး မဖြစ်သေးဖူး ဒါမဲ့ ငါတို့ ကိုယ်တိုင် မစီးနိုင်သေးပေမဲ့ ဒီချိန် ငါတို့ ကြိုးစားကြမှ နောင်တခောတ် မျိုးဆက်သစ်တွေ ငါတို့ လို အနေထားမကြုံရမှာ .......
မြန်မာဆိုတာ ကမ္ဘာမှာ လူတိုင်းမသိ ကွယ်ဝှက်နေချိန် မင်းလည်း ခံပြင်းတယ် ငါလည်း ခံပြင်း တယ် အမျိုးသားလုံး မျက်နှာငယ်နေရတယ် ဒါအမှန်တရားဘဲ..... ဒါမဲ့ ငါတို့ လုပ်ပြရမဲ့အချိန် ရောက်နေပြီ ငါတို့ လို ငါတို့ လူမျိုး မျိုးဆက်သစ် တွေ မျက်နှာ မငယ်ရအောင် လမ်းခင်းပြီ မြန်မာဆို တခောတ် ပြရမဲ့ အချိန် ......
တိုးတက် ချမ်းသာတဲ့ နိုင်ငံတွေ တချိန်ဘဲ ကြိုးစားခဲ့ကြတာ နောက်က မျိုးဆက်သစ်တွေက လိုက်လျောက်နေ တာ သွားမတုနဲ့ ဦး ဟိုက တခောတ် အောင်ခဲ့ပြီးသား ... အထင်ကြီးစရာလည်း မလိုဖူး ငါတို့ တွေ မလုပ်ခဲ့လိုသာ ခုချိန် ငါတို့ လမ်းကို ငါတို့  ဖောက်ကြပြီး ဒီခောတ် မှာအမှီ ခေါင်ဆောင်ကောင်း နဲ့  အမိအရ ရှေ့ တတ်ရမဲ့ အချိန် .......
မျိုးဆက်သစ်တွေ အတွက်လုပ်ပြခဲ့ရမဲ့အချိန် ငါတို့ တွေ အခွင့်အရေးတောင်းဆို ခံစားရမဲ့ ချမ်းသာ ပြီးပြည့် စုံနေတဲ့ အချိန်မဟုတ်တာကို သဘောပေါက် ကြပါ ............
ဒီခောတ် ဒီချိန် ဒီနေရာ ဘယ်လိုအနေထား ဘယ်လို အသက်အရွယ်နဲ့ ဘဲ သင်အသက်ရှင် နေပါစေ လက်ဖြန့် တောင်းနေရမဲ့ အချိန် ငါတို့ တွက် မဟုတ် သေးဖူး ... အရှင်းဆုံးပြောရရင် ရယူဖို့ ထက် တိုင်းပြည် တွက်ဘာလုပ်ပေးကြမလဲ ဝိုင်းဝန်ပြီး တွေးကြရမဲ့ အချိန်.... ဒါမှ နောင်နှစ်ပေါင်း နှစ်ဆယ် သုံးဆယ် ငါတို့ နောက်မျိုးဆက်လာမဲ့ လူငယ်တွေ မျက်နှာပွင့် ပြီး ကားစီးနိုင်မယ်.......
အားလုံးတခုဘဲတွေး ခုချိန်ငါတို့  ကြိုးစားပြသဖို့ ခောတ်ကောင်းကို ရောက်နေတဲ့ အချိန်မှာ သမိုင်းကောင်း တို့ ပြည်ကို ကမ္ဘာမှာ ထင်ပေါ်အောင် တွန်းတင် ကြရမဲ့ အနေထား.....
ခံစားမှုတွေ ရယူမှုတွေ ငါတို့ လည်း လိုချင်ကြတာဘဲ ဒါမဲ့ ဒီချိန်မှာ တိုင်းပြည်ဆီက ဘာရမလဲ မတွေးဘဲ ငါဘာလုပ်ပေး နိုင်မလဲ ကို တွေးကြပါ ..... လုပ်ပြနိုင်တဲ့သူတွေ လုပ်ပြပါ ငါ့မိသားစု ငါ့အိမ် သာယာနေပြီ မလုပ်ကြပါနဲ့  လူမျိုး နိုင်ငံတွက် ကြည့်ကြပါ .......
စီးပွားရေး အဖိတ်အဆင်တွေ လူမျိုးရေး အဖိတ်အဆင်တွေ ပညာရေး အဖိတ်အဆင်တွေ အမျိုးသားရေးနဲ့ ညီညွတ်ကြပါ ယို ပေါက်တွေကို ပိတ်ကြပါ ...
တခောတ် မြန်မာ ပြန်ထပါလိမ့်မယ် ....
လေးစားစွာဖြင့်
ဖိုးသားလေး
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။