Pages

Saturday, October 27, 2012

တိုင်းပြည်နဲ့လူမျိုး အတွက် ဘယ်တော့မှ မယုတ်မာ ခဲ့တဲ့ နိုင်ငံတော် အကြီးအကဲ တွေရဲ့ အခက်အခဲ တွေ အခြေအနေ တွေ ပင်ပန်း ဆင်းရဲခံမှု တွေကို သိရှိပြီး ကျေးဇူး မတင်ရင်တောင် မှ မစော်ကားမိ စေချင်

ကျွန်တော် နိုင်ငံရေး အရမ်း စိတ်မဝင်စား သလို သူများ ကိုလည်း အလကား တော့ ပုတ်ခတ်လေ့ မရှိဘူး။
ဒါပေ့မယ် ကျွန်တော့်ကိုဖြစ်စေ ကျွန်တော်နဲ့ပတ်သက် လာသည့်အရာကိုဖြစ်စေ ထိပါးလာလျှင်
သည်ခံတတ်တဲ့လူတော့မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ တပ်မတော် အစိုးရ လက်ထက် တိုင်းပြည် ဆုတ် ယုတ် တယ် တိုင်းပြည်နောက်ကျ ကျန်တယ်...။ ပြည်သူတွေဆင်းရဲကြပ်တည်းတယ်... ။ အမျိုးမျိုး မကောင်းဝေ ဖန် သံတွေ ရှုံချပြစ်တင်တာတွေ ကြားရတာ မြင်ရတာများလားလို့ မိမိ ထင်သမျှကို တင်ပြရေး သားခြင်းဖြစ်တယ်...။

အချက်အလက် လိုအပ်လျှင် ဖြည့်စွက်ပါ.. မှားနေရင် ထောက်ပြပါ...။ ကျွန်တော်က တပ်မတော်အစိုးရ လုပ်ဆောင် ချက်တစ်ချို့ကိုသာ သိရှိထားပါသည်...။ အကယ်၍များ ဒေါ်စုကြည်တို့ ဦးမင်းကိုနိုင် တို့ရဲ့ မြန်မာပြည်သူတွေ အတွက် လုပ်ဆောင်ချက်များကို သိရှိပါက ရေးသားအကြံပြုပေး ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်...။ :P (fail in love)

တပ်မတော် အစိုးရ သည် ၈၈ နောက်ပိုင်း အာဏာ ကိုထိန်းလိုက်တယ်...။ တိုင်းပြည်မှာ သူပုန်ပေါင်း များစွာ သောင်းကြမ်းသူ (ခေါ်) လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေခဲ့တယ်။ ဦးနေဝင်းတို့ သူတို့အရင် လွတ်လပ်ရေးရပီးစ ဝန်ကြီးများ (ခေါ်) သခင်များသည် ကမ္ဘာ့ဘဏ်မှ ငွေအမြောက်အမြားကို ထုတ်ယူပီး တိုင်းပြည်အတွက် ဆိုပီးတော့ စီမံကိန်းတွေ တည်ဆောက်ကြတယ်...။ တစ်ခုမှမအောင်မြင်ခဲ့ပါ..။
၈၈ မတိုင်မှီ တွင် မြန်မာပြည်မှ နိုင်ငံခြားသို့ ပညာတော်သင်များစေလွတ်ခဲ့သည် (100 ကျော်မည်ဟု ထင်မိသည်) ။ ထိုသူများ သည် ၈၈ ခုနှစ်တွင် နိုင်ငံဟာ မင်းမဲ့တိုင်းပြည်လိုဖြစ်တဲ့အချိန်ကျတော့.. တိုင်းပြည်သို့ပြန် မလာတော့ပဲ မိမိပညာ သင်ပေးခဲ့သည့် နိုင်ငံတော်ကိုမငဲ့ကွက်ပဲ တိုင်းတစ်ပါး သို့ ခိုလှုံသွားခဲ့ကြသည်..။ ယနေ့ထိုသူများသည် ပညာရှင်ကြီး များဖြစ်နေကြတယ်..။

ဒီလိုအခြေအနေဆိုးများစွာကြုံနေတဲ့တိုင်းပြည်၊ ရန်ကုန်အစိုးရ ဟုခေါ်လောက်အောင်ပင် အင်အား ချည့်နဲ့နေသော တိုင်းပြည် (အဘယ်ကြောင့်ဆိုသော် နေရာတော်တော်များများကို ဆိုင်ရာ ဆိုင်ရာ သူပုန်များကသာ သိမ်းပိုက်ထားပီး အစိုးရမှာ ရန်ကုန်တွင်သာထိန်းထားနိုင်ခဲ့သည်) အဲလိုအချိန်မှာ တပ်မတော်က အာဏာကိုထိန်းလိုက်တယ်။ အာဏာထိန်းလိုက်တယ်ဆိုပီးတော့ တပ်မတော်ပဲ ထိန်းနိုင်မှာပေါ့ လက်နက်ရှိတာပဲလို့ ယောင်မှားပီးမတွေးလိုက်ပါနဲ့..။ ထိုအချိန်တွင် တပ်မတော်သည် လွန်စွာအင်အားချိနဲ့နေခဲ့သည် (အဘယ့်ကြောင့်ဆိုသော် တပ်မတော်သည် အစိတ်စိတ် အမွှာမွှာကွဲကာ သူပုန်တွေဖြစ်ကုန်သောကြောင့်ဖြစ်သည်..။) သို့ပေ့မယ် တပ်မတော်သည် ရှိသည့်အင်အားနှင့်ပင် နိုင်ငံတော်ကို ပြန်လည်စုစည်း ရမည်ဆိုသည့် အမျှော်အမြင် ရှိတဲ့ အကြီးအကဲ များသည် အင်အား များခြစ်ကုတ်ပီး မရမက ကျားကုတ် ကျားခဲ တိုက်ခိုက်ခဲ့ကြသည်..။ စစ်ဆင်ရေးကြီးများစွာ ကိုဆင်နွဲးပီး တိုင်းပြည်ကို ပြန်လည်စုစည်းခဲ့သည်..။ ဒီလိုအခြေအနေတွေမှာ ဘယ်သူများ နိုင်ငံခေါင်းဆောင် လုပ်ချင် ပါမည်နည်းးးးးးး။

သို့ပေ့မယ် တပ်မတော်အကြီးအကဲတွေ လုပ်ခဲ့သည်..။ အင်းအားမရှိ သို့ပေ့မယ် အမျှော်အမြင် ရှိကြသည်...။ ဤကဲ့သို့ အမျှော်အမြင် များဖြင့် မြန်မာ့မြေပုံကို ပုံစံမပျက် ပြန်လည် အသက်သွင်း ခဲ့ကြသည်...။

တပ်မတော်က တိုင်းပြည်ကိုဘာလို့နှစ် ၂၀ လောက်အုပ်ချုပ်ခဲ့လဲ ???
တပ်မတော်အစိုးရလက်ထက် တိုင်းပြည်အတွက် ဘာတွေလုပ်ခဲ့သလဲ ???

ဟုတ်ကဲ့ပါ တစ်ခုချင်းကျွန်တော်သိသလောက် ဆွေးနွေးပါမည်။ ကျွန်တော်တစ်ခုပြန်မေးချင်သည်.။ တပ်မတော်အစိုးရ မအုပ်ချုပ်ခင်က တိုင်ပြည်သည် မည့်သည့်အခြေအနေဖြစ်နေသနည်း။ မည့်သည့်အရာများရှိခဲ့သနည်း ?? ။

ဗိုလ်ချုပ်အောင်ဆန်းတိုင်းပြည်လွတ်လပ်ရေးရခါနီးမှာ တိုင်းပြည်လွတ်လပ်ရေးရလျှင် ဘာတွေလုပ် မည်နည်း ဘာအတွက် ဘဏ္ဍာငွေဘယ်လောက်သုံးမည်ကိုရော နားထောင်ဖူး/ဖတ်ဖူးပါသလား ?? မဖတ်ဖူးလျှင် ဒီနားမှာ သွားနားထောင်ပါ .. ( download ချဖို့လိုသည်) ။

တပ်မတော် အစိုးရ လက်ထက်တွင် နိုင်ငံတော် အကြီးအကဲများသည် ပထမဆုံး အကွဲကွဲ အပြဲပြဲ  ဖြစ်နေသော တိုင်း/ပြည်နယ်များစွာကို တစ်စုတစ်စည်းဖြစ်အောင် တိုက်ခိုက်ရယူခဲ့ကြသည်။ (ဘာလို့လဲဆိုတော့ သူပုန်တွေလက်ကနေပြန်လည် တိုက်ယူခဲ့တာပါ) ။ အဲနောက်တော့ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အပစ်အခတ် ရပ်စဲထားခဲ့ပါတယ်...။ သို့ပေသို့ငြားလည်း အစိုးရအာဏာ တည်မြဲဖို့အတွက် နယ်မြေစိုးမိုးရေးဆိုပီး လှု့ပ်ရှားခဲ့ တာတွေ ရှိခဲ့ပါတယ် ဘာလို့စိုးမိုးရေးယူလဲဆိုတာ

ဒီနားမှာ သွားဖတ်ပါ ..

ဆိုလိုချင်တာက အဲလိုအပစ်အခတ်ရပ်စဲလိုက်တော့ ဘာလုပ်လို့ရလဲ ဆိုတော့ကာ .. တိုင်းပြည် ကို အေးချမ်း စွာ တည်ဆောက်လို့ရတယ်..။ တပ်မတော်အစိုးရလက်ထက် ဧရာဝတီမြစ်ကူးတံတား ၁၄စင်းတည်ဆောက်နိုင်ခဲ့တယ်..။ တံတားအသေးပေါင်း များစွာ တည်ဆောက်နိုင်ခဲ့ပါတယ်... (အတိအကျ ကျွန်တော်မသိပါ မြန်မာပြည် စာရင်းစစ်ချုပ် မဟုတ်သောကြောင့်ပါ :P ) မြန်မာနိုင်ငံအနှံ့အပြား
( တစ်ချို့မရတာလေးတွေရှိပါတယ် ) ကားလမ်း မတွေ ဖောက်လုပ်ပေး နိုင်ခဲ့တယ်.. (လမ်းဖေါက်တာ မကောင်းတာ အနည်းငယ်ရှိပါတယ်..) ။ သို့ပေ့မယ် လမ်ဖောက်ရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ် ပါဘူး တောတွေ တောင်တွေကို ဖြတ်သန်း ခုတ်ထစ်ပီး ဖောက်လုပ် ရတာပါ။ မြန်မာပြည်ရဲ့ မြို့တော်တော် များများတွင် တက္ကသိုလ်အခြေခံ အဆောက်အဦးတွေ မြောက်များစွာဆောက်လုပ်ပေးခဲ့ပါတယ်..။ (အခြေခံအဆောက်ဦးလို့ သုံးတာက တက္ကသိုလ်တွေဟာ တကယ်ပဲ အရည်အချင်းပြည့်ဝတဲ့ ဆရာ/မတွေ မရှိပါဘူး ။ လိုအပ်တဲ့သင်ထောက်ကူပစ္စည်းမျိုးစုံ မထားပေးနိုင်ခဲ့ပါဘူး ။ အဲဒါကြောင့်ပါ..။ :P )

တစ်နိုင်ငံလုံးကိုအုပ်ချုပ်ရေး ကွန်ယက်တွေ တည်ဆောက် နိုင်ခဲ့ပါတယ်။ သောင်းကြမ်းသူ လက်နက်ကိုင် ရှိသည့်နေရာများမှ အပ ကျန်နေရာများရှိ ပြည်သူများကို အေးချမ်းတည်ငြိမ်စွားထားပေးနိုင်ခဲ့ပါတယ်..။ (ကျွန်တော့်အမေဆိုရင် သားတဲ့ အမေတို့ငယ်ငယ် မင်းတို့မမွှေးခင်က တိုင်ပြည်ဟာ ကျီးလန့်စားတဲ့ ညနေဆိုရင် ဗုံးခိုကျင်းကိုပြေးရတယ်တဲ့...။ အခုအစိုးရလက်ထက်ကျမှ မင်းတို့အေးအေးချမ်းချမ်း ပညာသင်နိုင်တာ သွားနိုင်လာနိုင်တာတဲ့.။ ငါတို့တုန်းက မြို့ကိုသွားချင်ရင် လှည်းနဲ့ဖြစ်ဖြစ် လမ်းလျှောက်ဖြစ်ဖြစ် သွားရတာတဲ့။ မင်းတို့လက်ထက် ရွာဘေးမှာ ကားလမ်းမကြီး အနည်းဆုံး စက်ဘီးနဲ့သွားလို့ရတယ်တဲ့..။ အမေက ရိုးသားစွာမြင်တာပါ...။) ဒီလိုတွေပေါ့..။

တစ်ခြားမြို့တွေတည်တာတွေရှိပါသေးတယ်...။ ဆေးရုံပေါင်းမြောက်မြားစွာတည်ထောင်ခဲ့ပါတယ်...။ စာသင်ကျောင်းပေါင်းမြောက်များစွာတည်ဆောက်ခဲ့ပါတယ်...။ ဆည်တွေတည်ဆောက်ပေးခဲ့ပါတယ် ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ရည်ရွှယ်ချက်ဖြစ်တဲ့ " တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်" ဆိုတဲ့အတိုင်း တပ်မတော်ကိုလည်း အဘက်ဘက်ကနေ မွမ်းမံတည်ဆောက်ခဲ့ကြပါတယ်...။ ၁၉၈၈ မှာ မြန်မာတပ်မတော်ဆိုတာ လက်နက်အင်အားလူအင်အား သောင်းဂဏန်းပင်ပြည့်အံ့မထင် ..။ ယနေ့တပ်မတော်သည် မြန်မာတစ်နိုင်ငံလုံးကို သြဇာဏာ ဖြန့်ကျက် ထားနိုင်သည်...။ မြန်မာ တစ်နိုင်ငံလုံးကို တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းထားနိုင်သည်...။ အင်အား သိန်း ဂဏာန်းနှင့် လေတပ် ရေတပ် ကြည်းတပ် အမြောက်တပ် သံချပ်ကာတပ် အင်ဂျင်နီယာတပ် ဆေးတပ် ဆိုပီး အဘက်ဘက်ကနေမွမ်းမံခဲ့ပါတယ်...။

ခေတ်မှီ တပ်မတော် တစ်ရပ်လို့တောင် ပြောလို့ရနိုင်ပါတယ်...။ ဒါတွေက တပ်မတော်အစိုးရ လက်ထက် သိသာ မြင်သာသော တိုင်းပြည်တည်ဆောက်မှု့များပင်ဖြစ်သည်။ ကျွန်တော်တို့ပြည်သူတွေက တံတားကြီး၊ တက္ကသိုလ်ကြီးဆောက်ထားတာ လမ်းမကြီးတွေဖောက်လုပ်ပေးထားတာကျ မမြင်ဘူးဗျ
(ကျွန်တော့် အမေပဲမြင်တယ် ခိခိခိ) ... လူတောင်မမြင်ဖူးပဲ BBC/VOA/RFA က အသံပဲလွင့်တာကျ ဖြဲကားယုံ ဖြဲကားပီး ကြားကြတယ်ဗျာ...။ ဆရာကြီးအောင်သင်းပြောသလို
 "တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ လူတွေပေါ့ဗျာ..." ဟဲဟဲ :P

အဲဒါတွေအတွက် ခင်ဗျားတို့ဆီကနေ အစိုးရက ဘယ်လောက်အခွန်ကောက်ခံခဲ့ပါသလဲ ?? မြန်မာပြည် လူဦးရေ သန်း ၅၅ သန်းရှိတယ် တစ်ယောက်ကို တစ်နှစ်လျှင် တစ်သောင်းပေးဆောင်ရန် ဆိုတာများ ရှိပါသလား ?? ဒါမှမဟုတ် တပ်မတော်အစိုးရက ကမ္ဘာ့ဘဏ်ကနေများငွေတွေချေးပီးလုပ်ပေးခဲ့တာလား ?? အဲဒီကတည်းက ဒေါ်စုကောင်းမှု့အကြောင်းပြုပီး အမေရိကန်က စီးပွားရေးပိတ်ခဲ့တာ 2012 ဂျူလိုင် လလောက် ထိပါပဲ..။

ကဲဟုတ်ပီ ဒါဆိုအစိုးရက ဘယ်ကငွေတွေရသလဲ ?? ဘယ်ကငွေတွေနဲ့ အစိုးရဝန်ထမ်းတွေကို လခပေး ထား လဲ ?? ခင်ဗျားတို့ပြည်သူတွေပေးရသလား ??? အဲဒါတွေဘယ်ကရလဲဆိုတော့ ဓါတ်ငွေ့ထုတ်ရောင်း တာကနေရတယ်...။ သတ္တုတူးတာကနေရတယ်။ ကျောက်စိမ်း ကနေရတယ် ။ သစ်တွေရောင်းတာ ကနေ ရပါတယ်..။ နိုင်ငံတော်ကနေ အိန္ဒိယကို ပဲတင်ပို့မှု့က ရပါတယ် တရုတ်ကိုဆန်တင်ပို့မှု့ကနေရပါတယ်..။ ဘာလို့အဲဒီနိုင်ငံတွေပဲပို့ သလဲဆိုတော့ မေမေစု (ခ) မစ္စအဲရစ် ရဲ့ ကောင်းမှု့ အကြောင်းပြုလို့ စီးပွားရေး အပိတ်ခံထားရပါတယ်...။ သူကစီးပွားရေး ပိတ်ဖို့အမေရိကန် (ခ) လင်တော်မောင့် အမျိုးတွေကို တိုက်တွန်း ခဲ့သောကြောင့်ပါ.. :P ။ (အဲဒါကြောင့် ဒင်းအပေါက်ကိုပိတ်ဖို့ဆိုပီး (ပါးစပ်ပေါက်နော် ခိခိခိ) နေအိမ် အကျယ်ချုပ်ချခဲ့ပါတယ်.. )။ ဒီလို အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ တိုင်းပြည် ကို ဒေါ်စုကြည် မို့ ပြည်သူတွေမျက်နှာကိုမကြည့် စီးပွားရေးပိတ်ဖို့ တိုက်တွန်းခဲ့တယ်။ (ရာထူး ရူးတယ် ဆိုတာသူ့အတွက် ဖြစ်မယ်ထင်တယ်.. :D )။ သို့ပေ့မယ် အပေါ်မှာပြောခဲ့သလို အင်းအားမရှိပေ့မယ်
အမျှော်အမြင်ရှိတဲ့ လူကြီးတွေက ပြည်သူတွေကို အေးဆေးကျွေးထားနိုင်ဖို့ ဆန်စပါးကို အလေးထား စီမံကိန်းချစိုက်ပျိုးခဲ့ပါတယ်...။ ဒီလိုအခက်အခဲတွေကြားကနေ ပြည်သူတွေ စားဝတ်နေရေးကို အလေးထားသလို တစ်ဖက်ကနေလည်း တိုင်ပြည်တည်ဆောက်ရေး (လမ်း၊တံတား၊ ကျောင်း၊ ဆေးရုံ၊ တပ်မတော်အင်းအားတောင့်တင်းဖို့ ) ကို အဖက်ဖက်ကနေ တိုးတက်အောင် တည်ဆောက်ခဲ့ကြတယ်..။

ကဲ မြန်မာနိုင်ငံက ပြည်သူတွေ ဝင်ငွေနည်းတယ် ဆိုတော့ကာ.. ကုန်ဈေးနှုန်းကိုရော တစ်ခြား တိုင်းပြည်နဲ့စာရင် မြှင့်တင်ထားသလား ...။ ကုန်ဈေးနှုန်း အရမ်းသက်သာပါတယ် ။ (ယခုမဟုတ်ပါ ) ။ ခင်ဗျားတို့ပြည်သူတွေ ပုံမှန်အလုပ်လုပ်ရင် ထမင်းပုံမှန်စား၇အောင် နိုင်ငံတော် အကြီးအကဲတွေ ခေါင်းပူခံ ပီးဖြေရှင်းပေးခဲ့ကြပါတယ်...။

လူကြီးတွေရည်မှန်းချက်ရှိရှိ အမျှော်မြင်ရှိရှိ လူကြီးပီပီ တိုင်းသူပြည်သားတွေကို အများကြီးကြည့် ခဲ့ကြ တယ်.. ကောင်းကောင်းကျွေးထားခဲ့တယ်..။ (တကယ်ဆို ကိုမင်းကိုနိုင် ဆိုတာ ထောင်ကကျွေးထား တာ နှစ်ပေါင်း ၂၀ လောက်တောင်ပဲနော်...။ တပ်မတော်ကကျွေးခဲ့တာ ဘာအလုပ်မှမခိုင်းပဲကျွေးတာ.. အစိုးရကို တစ်စက်ကောင်းကြောင်းမပါဘူး :P ။ ထန်းလျှက်ပေးတဲ့လက်ကို ကိုက်တဲ့ခွေးဆိုတာတော့ ကြာဖူးတယ်ဗျ တူမလားတော့မသိဘူး :P )

ကျွန်တော် တပ်မှာနေတော့ ကရင်ပြည်နယ်ဘက်က သတင်းတွေကြားတာပေါ့နော် ဘယ်လိုမိုင်းဆွဲတယ် ဘယ်လိုအပစ်ခံရတယ်..။ အဲဒီအချိန်မှာ ကြာဖူးတာက အမေရိကန် စစ်သားတွေဟာ ရှေ့တန်းမှာ ဒဏ်ရာရရင် နောက်တန်းကနေ ရဟတ်ယာဉ် စီစဉ်ပေးတယ် တန်းပီး စစ်ဆေးရုံတက် နိုင်ကြတယ်တဲ့။ ဟာ ငါတို့နိုင်ငံက အဲလိုမဟုတ်ပါ့လား ဘယ်လိုလဲပေါ့.. တပ်မတော်က ငါတို့အပေါ် မတရားဘူးပေါ့.. ငါတို့က အသက်တောင်ပေးထားရတာကျ မငဲ့ကွက်ဘူးပေါ့..။ နောက်တော့ နားလည်လာပါတယ် တိုင်းပြည်ကမှ မချမ်းသာသေးတာ ... တိုင်းပြည်ဖွံ့ဖြိုးဖို့လူကြီးတွေ အဘက်ဘက်ကနေ ကြိုးစားနေကြတယ်...ဆိုတာကို နားလည်လာတယ် ။ အမေရိကန်က ရဟတ်ယာဉ်ကို ကိုယ်ပိုင် ထုတ်လုပ်တယ် တစ်ခြားနိုင်ငံကိုရောင်း ချ နိုင်တယ် ... သူတို့က တိုးတက်တဲ့ နိုင်ငံပဲ လုပ်နိုင် ပေးနိုင်တာပေါ့.. :( ။

ကျွန်တော် စုမှုးတက်တော့ စစ်ဥပဒေချုပ် ကစကားပြောတယ် ပြောတဲ့အချိန်လည်းကြည့်အုံး ည ၁၁ လောက်ကနေ ၁ - ၂ နာရီထိ စကားပြောတယ်။ တကယ်ဆို အဲဒီအချိန်က အိပ်သင့်ပီလေ...။ဒီဗိုလ်ချုပ် ကလည်းကွာ ကျန်တဲ့ အချိန်ပြောပါ့လားပေါ့... ။ငါတို့အိပ်ချိန်ထဲက ပါတယ်ပေါ့..။ နောက်တော့ ဗိုလ်ချုပ်ကပြောပါတယ် ... ငါလည်း မင်းတို့ကိုနေ့ခင်း ဘက်ပြောချင်တယ်တဲ့ ဒါပေ့မယ် ငါ့မှာ တာဝန်တွေက မအားလပ်ဘူးတဲ့...။ အဲဒါကြောင့်ပဲ မင်းတို့ကိုညဘက်မှာပြောရတာဖြစ်တယ်တဲ့..။ ဗိုလ်ချုပ်ကို သနားသွားတယ် ။ တွေးလည်းတွေးလိုက်မိတယ်.. ဗိုလ်ချုပ်ဖြစ်ရတာ မလွယ်ပါ့လားလို့.. ။ အဲလိုတွေအိပ်ရေးပျက် ဦးနှောက်ရော လူရောပင်ပန်းနေတဲ့ဗိုလ်ချုပ်တွေ အစားအသောက်နဲ့ပဲ သူတို့ကျမ်းမာအောင် အလေးထားကြရတာ ပါ့လားလို့

(ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကိုရှာဖတ်ကြည့်ပါ။လူကြီးလုပ်ရမှာတောင် စိတ်ပျက်မိတယ် :P )

ငါတို့အငယ်ဘဝက အေးဆေးပဲဟလို့ သင်တာလေးလိုက်မှတ် သင်တန်းဖြုတ်ရင် ရေမိုးချိုး ချစ်သူဆီ ဖုန်းသွားဆက်.. ကော်ဖီဆိုင်ထိုင် ရင်းသီချင်းနားထောင်ပေါ့.. အေးချမ်းတယ်လေ..။

ကဲဒီတော့ ခင်ဗျားတို့စဉ်းစားကြည့်ပါ ဟိုး ၈၈ အခြေအနေနဲ့ ယနေ့နိုင်ငံတော်အစိုးရ အခြေအနေတွေဟာ လုံးဝခြားနားနေတယ်ဆိုတာ အထင်သားတွေ့မြင်နိုင်ပါတယ်...။ ဒါလေးကိုဖတ်ပီး နိုင်ငံတော် အကြီး အကဲတွေ က ငွေတွေဘယ်လိုရှာပီး ဘယ်လိုတိုင်းပြည်အတွက်သုံးခဲ့တယ်ဆိုတာ မြင်နိုင် သိနိုင် ပါစေ လို့...။

ဘယ်တုန်းကမှ ပြည်သူတွေကို ပါစပ်နဲ့နှမ်းမဖြူးတတ်တဲ့ တပ်မတော်သားတွေ၊ အပြောနည်းပီး အလုပ်နဲ့ သက်သေပြကာ တိုင်ပြည်အကျိုးကိုသာကြည့်ပီး မိမိရဲ့အသက်နဲ့ကိုယ်ကို တိုင်းပြည် အတွက် အပ်နှင်းဖို့ နေ့စဉ်သစ္စာဆိုနေတဲ့ တပ်မတော်သားတွေ... ယနေ့အချိန်ထိ တိုင်ပြည်ကို အေးချမ်းအောင် ထားနေဆဲပါ... ။ ဘယ်တော့မှတိုင်းပြည်နဲ့လူမျိုးအတွက် မယုတ်မာခဲ့တဲ့ နိုင်ငံတော် အကြီးအကဲတွေရဲ့ အခက်အခဲတွေ အခြေအနေတွေ ပင်ပန်းဆင်းရဲခံမှု့တွေးကိုသိရှိပီး ကျေးဇူးမတင်ရင်တောင်မှ မစော်ကားမိစေချင်တဲ့ ဆန္ဒများနဲ့.....

Phoe Thar Lay

1 comment:

  1. ခေါင်းဆောင်ကြီးတွေမယုတ်မာဘူးဆိုတာကို ကျနော်ယုံလိုက်ပါပြီအခု.. ဒါပေမယ့် လုပ်လို့ရသမျှ အစွမ်းကုန်လုပ်ဖို့စိတ်မကူးခဲံကြပါဘူး.. နိုင်ငံတကာကို အပြကောင်းအောင်ပဲ လုပ်ခဲ့ကြတာပါ.. ဆေးရုံတွေအများကြီးရှိပြီး ဆေးမရှိခဲ့ပါဘူး.. ကိုယ်တွေ့နော်.. တိုင်းပြည်ကိုစင်္ကာပူထက်သာအောင်လုပ်လို့ရတဲ့ အခြေအနေရှိရဲ့သားနဲ့ မလုပ်ခဲ့ကြဘူး.. ဗီယက်နမ်လို အာဏာကိုင်ထားပြီးတော့ ကိုယ့်နိုင်ငံသားတွေရဲ့ဘ၀ကို မမြှင့်တင်ခဲ့ကြပါဘူး.. ဗီယက်နမ်က ကွန်မြူနစ်ပါ.. အာဏာကို ပိုချုပ်ကိုင်ကြပါတယ်.. ဒါပေမယ့် သူ့ပြည်သူကိုတော့ အရမ်းချစ်တဲ့အစိုးရပါ.. ပြည်သူတွေဘာလိုအပ်လဲဆိုတာသိတဲ့အစိုးရပါ.. ဒီကခေါင်းဆောင်ကြီးတွေဟာ အာဏာထက်ဘာကိုမှ ပိုမတွေးပေးခဲ့ကြပါဘူး.. ဒီနေ့တော့ဒီလောက်ပါဘဲ အချိန်မရလို့

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

1 comments:

ခေါင်းဆောင်ကြီးတွေမယုတ်မာဘူးဆိုတာကို ကျနော်ယုံလိုက်ပါပြီအခု.. ဒါပေမယ့် လုပ်လို့ရသမျှ အစွမ်းကုန်လုပ်ဖို့စိတ်မကူးခဲံကြပါဘူး.. နိုင်ငံတကာကို အပြကောင်းအောင်ပဲ လုပ်ခဲ့ကြတာပါ.. ဆေးရုံတွေအများကြီးရှိပြီး ဆေးမရှိခဲ့ပါဘူး.. ကိုယ်တွေ့နော်.. တိုင်းပြည်ကိုစင်္ကာပူထက်သာအောင်လုပ်လို့ရတဲ့ အခြေအနေရှိရဲ့သားနဲ့ မလုပ်ခဲ့ကြဘူး.. ဗီယက်နမ်လို အာဏာကိုင်ထားပြီးတော့ ကိုယ့်နိုင်ငံသားတွေရဲ့ဘ၀ကို မမြှင့်တင်ခဲ့ကြပါဘူး.. ဗီယက်နမ်က ကွန်မြူနစ်ပါ.. အာဏာကို ပိုချုပ်ကိုင်ကြပါတယ်.. ဒါပေမယ့် သူ့ပြည်သူကိုတော့ အရမ်းချစ်တဲ့အစိုးရပါ.. ပြည်သူတွေဘာလိုအပ်လဲဆိုတာသိတဲ့အစိုးရပါ.. ဒီကခေါင်းဆောင်ကြီးတွေဟာ အာဏာထက်ဘာကိုမှ ပိုမတွေးပေးခဲ့ကြပါဘူး.. ဒီနေ့တော့ဒီလောက်ပါဘဲ အချိန်မရလို့

Post a Comment