Pages

Saturday, October 27, 2012

KIA ၏ ရူးနှမ်းသော တောင်းဆို ချက်များ

(၁) KIA လိုင်ဇာ ဌာနချုပ် (တပ်မဟာ ၅) ဧရိယာကို ရောက်နေသော ရှမ်းပြည် မြောက်ပိုင်းရှိ အစိုးရ ဧည့်တပ် များ ဆုတ်ခွာပေးရန်။

အကြောင်းမှာ KIA ဌာနချုပ်အား တပ်အင်အား အလုံးအရင်းဖြင့် လည်းကောင်း၊ (၁၀၅) မမ အ ပါဝင် အခြား လက် နက်ကြီးများနှင့် ပတ်ပတ်လည် နေရာယူ ချိန်ထားသည့် အခြေအနေမျိုး အောက်၌ အကြပ်ကိုင် ထားပြီးမှ တွေ့ဆုံဆွေး နွေးသည့် ဆွေးနွေးပွဲမျိုး မဖြစ်ရန် KIA မှ ရည်ရွယ်သည်ဟု ဆိုပါသည်။
(အခုထိ နားမလည်သေးဘူး၊ ချိန်ယုံတင်မကဘူး။ ပစ်မယ်ဆိုရင်တောင် ပစ်လို့ရနေပြီ၊ အကြပ်ကိုင် မယ် ဆိုလဲ ကိုင်လို့ရနေပြီ ဆိုတာ အရမ်းသိသာနေပြီပဲ။)

(၂) နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်။

အကြောင်းမှာ (KIA) နှင့် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံရေး ပြသနာ ဖြစ်သည့် အတွက် နိုင်ငံရေး အရ ဖြေရှင်းမှ တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်သော ကြောင့်ဟု ဆိုပါသည်။
(ဘာနိုင်ငံရေးမှ မပါဘဲ ကေအိုင်အေ လုပ်လာခဲ့ပြီး၊ ဒီအချိန်မှာ နိုင်ငံရေး ဆွေးနွေးမယ်တဲ့လား၊ တိုင်းရင်းသား အခွင့်အရေးအတွက် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘဲ အခုမှ ထအော်ရသလား၊ ကချင်ပြည်နယ်မှာ ဒေသခံမပြောနဲ့၊ ဟိုး အောက်ပြည်အောက်ရွာက အလုပ်လာလုပ်တဲ့သူတောင် ထမင်း ၀တယ်။ ကချင်ငတ်တယ်ဆိုရင်တော့ ကချင်ညံ့လို့ပဲ)

(၃) နိုင်ငံတကာ ရှေ့မှောက်တွင် တရားဝင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်။

အကြောင်းမှာ အစိုးရနှင့် KIA သည် ၁၉၉၄ ခုနှစ်တွင်လည်း အပစ်အခတ် ရပ်စဲခဲ့ဘူးပါသည်။ နောက်ဆုံး၌ နယ်ခြား စောင့်တပ် BGF ကိုလုပ်ခိုင်းခဲ့သဖြင့် လက်မခံနိုင်သည့် အခြေအနေကို အသုံးချပြီး အပစ်အခတ် ရပ်စဲမှုကို အစိုးရ ဖက်မှ ပယ်ဖျက် ခဲ့ဘူးပါသည်။ ထို့အတူ ယခု အစိုးရသစ်၏ အပစ်အခတ် ရပ်စဲရေး လုပ်ရပ်မျိုး၌လည်း တကယ့် အပစ်ရပ်ရေး လုပ်ချင်စိတ်ထက် အသုံးချနေသည့် ပွဲမျိုးသာ ဖြစ်နေသဖြင့် အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံတကာ ရှေ့မှောက်၌ လက်မှတ် ထိုးမှသာ ထိရောက်မည်ဖြစ်သည်ဟု ရည်ရွယ်ထားသည်ဟု ဆိုပါသည်။
(ဘယ်နိုင်ငံတကာ ရှေ့မှာမှ လက်မှတ်မထိုးဘဲ ကေအိုင်အေ ထလုပ်တယ်။ အခုတော့ နိုင်ငံတ ကာရှေ့ ရောက်ချင်သေးတယ်။ ဒီလောက် လိုက်လျောပေးနေတာကို နားမလည်သေးဘူး)
ယခုထိ မြန်မာတပ်မတော်မှ ထိုးစစ် မဆင်သေးပါ။ လုံခြုံရေးနှင့် ကာကွယ်ရေးသာ လုပ်နေပါသေးသည်။

OppositEyE

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

KIA ၏ ရူးနှမ်းသော တောင်းဆို ချက်များ

Labels:

0 comments: