Pages

Tuesday, October 30, 2012

အလုပ် လက်မဲ့ ၄% သာ ရှိတဲ့ မြန်မာနိုင်ငံ

30.10.2012

ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်း သာ ရှိပြီး နိုင် ငံ တကာနှင့်နှိုင်း ယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ကြောင်း အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န် ကြီး ဦးမြင့် သိန်း က အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်း အဝေး တွင် ပြောကြား ခဲ့သည်။

မင်းလှ မဲဆန္ဒနယ်မှ ဦးမောင်တိုး ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်း များအရ မြန်မာနိုင်ငံကြွေးမြီ (Public Debt)၊ လည်ပတ်နေသော ငွေကြေး ( Currency in Circulation) ၊ အလုပ် လက်မဲ့ အခြေ အနေ၊ နိုင်ငံခြား အရန်ငွေနှ င့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုး မည်မျှ ရှိသနည်း ဆိုသော မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမား အင်အားစစ်တမ်း ကို အ လုပ် သမား ညွှန်ကြားရေး ဦးစီးဌာနက ကောက်ယူ ခဲ့ပြီးေ နာက်ပိုင်းတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ေ ကြာင်း ၊ ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် ကောက်ယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဒုဝန်ကြီး က ပြောကြားခဲ့သည်။

''အလုပ်သမားအင်အား စာရင်းကို ကောက်ယူရာမှာ လူဝင်မှု ကြီးကြပ်ရေးနှ င့် ပြည်သူ့ အင်အား ၀န် ကြီး ဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ နှစ်စဉ်ရရှိသော လူဦးရေတိုးနှုန်းပေါ် အခြေပြု၍ လုပ်သား အင်အား တိုးနှုန်း ကို တွက်ချက် ရယူပြီး ၁၉၉၀ ခုနှစ် လုပ်သားအင်အား စာရင်းမှ ကောက်ယူ ရရှိခဲ့သော အချက် အလက်များကို မူတည်၍ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊ အလုပ် လက်မဲ့နှုန်း၊ လုပ်သားအင်အား ပါဝင်မှုနှုန်းေ တွကို ခန့်မှန်းတွက်ချက်ရခြင်ြး ဖစ်ပါတယ်။ ၎င်းခန့် မှန်း တွက်ချက်မှုများ အရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်'' ဟု ဒုဝန်ကြီးက ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုဝန်ကြီးက အခြားနိုင်ငံ များနှင့် အလုပ်လက်မဲ့ နှုန်းနှိုင်းယှဉ် ပြောကြားခဲ့ ရာတွင် ၂၀၁၂ ခုနှစ် စာရင်းများ အရ အမေရိကန် ၇.၈ ၊ ပြင်သစ် ၁၀.၂၊ ဂျာမနီ ၆.၈ ၊ စပိန် ၂၄.၆ ၊ မလေးရှား ၃.၂ ၊ ထိုင်း ၀.၉ ၊ ဖိလစ်ပိုင် ၇ ၊ အင်ဒိုနီးရှား ၆.၃ ရာခိုင်နှုန်းမျာြး ဖစ်ကြောင်းနှင့် ဘရူနိုင်း (၂၀၁၀) ၂.၂ ၊ ဗီယက်နမ် (၂၀၁၁) ၂.၃ ၊ ကမ္ဘောဒီးယား (၂၀၀၈) ၁.၇ ၊ လာအို (၂၀၀၉) ၂.၅ ရာခိုင်နှုန်းမျာြး ဖစ်သောေ ကြာင့် မြန် မာနို င်ငံ၏ အလုပ်လက်မဲ့နှုန်းသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ေ ကြာင်း လည်း ပြောကြားခဲ့သည်။

''ဒီနှစ် ဆယ်လပိုင်းအထိ စာရင်းအရ အလုပ်တကယ် ရှာပေးနိုင်တာက လေးဆယ် ရာခိုင်နှုန်းလောက် အထိပဲ ရှာပေးနို င်တယ်။ ဒါကလည်း တကယ်လုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်တဲ့သူတွေပါလာလို့။ ၆၀ ရာခိုင်နှုန်းကကျေ တာ့ အလုပ်ပေးလို့ကို မရတာ။ သူတို့ကိုယ်တိုင်က အလုပ်အတွက် အဆင်သင့် မဖြစ်ကြသေး ဘူး။ လေးဆယ် ရာခိုင်နှုန်းလောက်ပဲ အလုပ်ပေး နိုင်ပေမယ့် တစ်ကယ်တမ်းအလုပ်ထဲမှာ ထပ်ပြီးမြဲတာက ခြောက်လအထက် ပေါ့လေ။ တစ်ကယ်အလုပ်ရတဲ့သူရဲ့ တစ်ဝက်လောက်ပဲ ထပ်မြဲတယ်'' ဟု CRANE ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ထွေးက ပြော ပါသည်။

''ကိန်းဂဏန်းတစ်ခုကို ရွတ်ဆိုပြီး အများသိအောင် တင်ပြပြောဆိုမယ် ဆိုရင် ပကတိ အခြေအနေနဲ့ ကိုး ကား မယ့် အရင်းအမြစ်တွေ အပေါ်မှာ ခိုင်လုံမှုရှိမရှိ အနီးစပ်ဆုံးေ ကာက်ချက်ဆွဲနိုင်တဲ့ အရင်း အမြစ်ဖြစ် မဖြစ် အသေးစိတ်လေ့ လာပြီးမှ ခန့်မှန်းတွက်ချက်မှုတွေကို ထုတ်ပြန်သင့်တယ်လို့ ယူဆပါတယ်။ ဒါဟာ လည်း အလုပ်လက်မဲ့ ပပျောက်ရေးအတွက် စီမံ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ နဲ့ လုပ်သား အင်အား စုတွေ အပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်'' ဟု ဦးကျော်ထွေးက ဆက်လက်ပြောကြား ခဲ့ သည်။

eleven media group
 
OppositEyE

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အလုပ် လက်မဲ့ ၄% သာ ရှိတဲ့ မြန်မာနိုင်ငံ

Labels:

0 comments: