ရခိုင်ပြည်နယ် အတွင်း တစ်ကျော့ပြန် ဖြစ်ပွား နေသော ပဋိပက္ခ များကြောင့် ၅ ရက်အတွင်း လူတစ်ရာ ကျော် သေဆုံးသည် ဟူသော ကနဦး သတင်း ထုတ်ပြန်ချက် မှာ မှားယွင်းကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ၀န်ခံ ပြောကြားသည်။
"သေတဲ့ သူ စာရင်းကို ပေါင်းတာ စာရင်းနှစ်ခါ ထပ်သွား တာကြောင့် လူ ( ၆၇ ) ဦး သေတာကို ( ၁၁၂ ) ဦး သေတယ် ဆိုပြီး သတင်းမှား ထုတ်ပြန် မိပါတယ်" ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ၏ သတင်း ပြန်ကြားရေး အဖွဲ့ မှ အတွင်းရေးမှူး ဦးဝင်းမြိုင် က The Voice Weekly သို့ ဖြေရှင်း ပြောကြားသည်။
ရခိုင်ပြည် ပဋိပက္ခ ဖြစ်ပွားမှု နှင့် ပတ်သက် ၍ အောက်တိုဘာ လ ၂၁ ရက် နေ့မှ ၂၆ ရက် နေ့ထိ သေဆုံး သူ ( ၁၁၂ ) ဦး ( ကျား ၅၁ဦး၊ မ ၆၁ဦး ) ရှိပြီး ဒဏ်ရာ ရရှိသူ ကလေး ၁၀ဦး အပါအဝင် ၇၂ဦး ( ကျား ၆၈ဦး၊ မ ၄ဦး ) ရှိခဲ့ကာ မီးလောင်မှု ကြောင့် အိမ်ခြေ ၂၃၁၉ လုံး ပျက်စီး ခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့က သတင်း ထုတ်ပြန် ခဲ့သည်။
The Voice Weekly
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။