အင်ဒိုနီးရှား လေတပ် အနေဖြင့် ၂ဝ၁၃
ခုနှစ်အတွင်း လေယာဉ်သစ် ၁ဝ၂ စီးအား လက်ခံရရှိ သွားမည် ဖြစ်ကြောင်း
အင်ဒိုနီးရှား လေတပ် အကြီးအကဲ လေတပ် ဗိုလ်ချုပ်ကြီး Ida Bagus Putu Duni က
ဇန်နဝါရီလ ၂ ရက် နေ့တွင် ပြောကြားခဲ့ ပါသည်။
အခြား နိုင်ငံများနှင့် အငြင်းပွား
မှုများအား ဖြေရှင်းရာတွင် အင်ဒိုနီးရှား လေတပ်သည် နိုင်ငံအတွက် အရေးပါ သော
အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း Putu Duniaက အရှေ့ ဂျာဗားရှိ Cilangkap
လေတပ် ဌာနချုပ်၌ ပြုလုပ်သော အခမ်းအနား တစ်ခု၌ ပြောကြားခဲ့ ပါသည်။
အင်ဒိုနီးရှား နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်
အနေဖြင့် အင်ဒိုနီး ရှား လေတပ်အား အမျိုးသားရေး မဟာဗျူဟာ တိုးမြှင့်
ပြောင်းလဲလာမှုများ အပေါ် အခြေခံ၍ ဆက်လက် တိုးမြှင့်ဖွဲ့စည်း သွားမည်
ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။ F-16 ဂျက်တိုက် လေယာဉ် များ၊ T-50 Super
Tucano အကြမ်းဖက်မှု ဆန့်ကျင်ရေး လေယာဉ်များ၊ CN-295 နှင့် C-130 Hercules
စစ်ဘက် ကုန်တင် လေယာဉ်များ၊ Cougar ရဟတ်ယာဉ်များ၊ KT-1Woongbi လေ့ ကျင့်ရေး
လေယာဉ်များနှင့် Boeing -737-500 လေယာဉ်များအား အင်ဒိုနီးရှား လေတပ်သို့
ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ ပါသည်။
MWD
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။