သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်း များ ဆောင်ရွက်နေသော ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ China National Petroleum Corporation ( CNPC Project ) ရုံးရှေ့တွင် ဒေသခံ ပြည်သူ ၃၀၀ ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ၎င်းဆန္ဒဖော်ထုတ်ပွဲ ကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်သွားမည်ဟု ဆန္ဒ ဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းကြည်က ပြောသည်။ ” ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့် သွားတင်ပါတယ်။ လူ ၃၀၀ တင်တာ။ ဘယ်လောက်ခွင့်ပြုမယ်လို့တော့ မပြောတတ်ဘူး”ဟု သူက ပြောသည်။
ဆန္ဒ ဖေါ်ထုတ်ပွဲတွင် အောက်ပါ အချက်များကို တောင်းဆိုသွားမည်ဟု ဆိုသည်။
(၁) သိမ်းဆည်းလယ်ယာ/ဥယျာဉ်မြေများအား နိုင်ငံတကာစံနှုန်းအတိုင်း လျော်ကြေးပေးရန်၊
(၂) အလုပ်သမားကတ်ရရှိပြီးသူ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊
(၃) မဒေးကျွန်းအနီး (ကတိပေးထားသော) ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်း ဖောက်လု ပ်ပေး ရန်၊
(၄) လုပ်အားခကို နိုင်ငံတကာစံနှုန်းအတိုင်းပေးရန်၊
(၅) မဒေးကျွန်းတွင် လူနေအိမ်၊ အဆာက်အအုံများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊
(၆) ဒေသခံများ လုံခြုံမှုရှိစေရေးအတွက် သူစိမ်း အလုပ်သမားများအား သေချာစိစစ်ရန်၊
(၇) ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ရေလုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးရန် တို့ကို တောင်းဆို သွားမည်ဖြ စ်ေ ကြာင်း သိရှိရသည်။
အဆိုပါ တောင်းဆိုမည့် အချက်များမှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ထံ တင်ထားသော ခွင့်ပြုမိန့် တောင်း ခံ လွှာတွင် ဖေါ်ပြပါရှိသည်ဟု သိရသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။