မန္တလေးမြို့က ဂဠုန်နီ ဆရာတော်ရဲ့ ငွေငါး ကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်းတောင်းေ တာင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတော်တွေကို အစိုးရက ၀န်ချတောင်းပန် တဲ့ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင်သံဃာတော်တွေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆိုထားချက် အားလုံးကို အာဏာပိုင် တွေ ဘက်က ဖြည့် ဆည်း ဆောင် ရွက်ပေးမှု ရှိ၊ မရှိ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါ့အပြင် သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ၀န်းရံလိုက်ပါခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲကိုဂဠုန်နီဆရာတော်ဦးကာဝိယ၊ဘ၀အလင်းဆရာတော်တွေဖြစ်တဲ့ဦးသောဘိတ၊ ဦးဥတ္တမသာရ အပါအ၀င်ဦးဆောင်ဆရာတော်(၁၂)ပါး၊ အထက် ဗမာပြည်ဗကသများ အဖွဲ့ချုပ် အဖွဲ့ ၀င်တွေတက်ရောက်ကြပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ပုဒ်မ(၁၈) ကိုပြင်ပေးရေး၊ ဖမ်းဆီးခံထားရတဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့တခြားအဖွဲ့အစည်းတွေက ရဲဘော်ေ တွကိုချက်ခြင်းလွှတ်ပေးရေး၊ တရားမဲ့ဖမ်းဆီးမှုနဲ့ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီ တန်းလှည်လည်မှုကြောင့်တရားစွဲခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရားစွဲထားတာတွေကို အမှု ပိတ်သိမ်းပေးရေး အချက်တွေပါဝင်တဲ့ သဘောထားကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။
အထက်ဗမာပြည် ဗကသများ အဖွဲ့ချုပ် အနေနဲ့ စီတန်းလှည့်လည်မှု ဥပဒေ ပုဒ်မ(၁၈) ကိုလုံးဝ ဖျက်သိမ်း တဲ့အထိ ဆက်လက် တိုက်ပွဲဝင် သွားကြမယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။