ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊
ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ လို့ နေ့စဉ်
ရွတ်ဆိုပြီးတဲ့ နောက်မှာတော့ စစ်သားတစ်ယောက် တိုက်ပွဲမှာ ကျဆုံးတာ ၀မ်းနည်း
စရာ မရှိပါဘူး။ ရဲဘော် စိတ် ဆိုတာ ရဲဘော် အချင်းချင်း အပေါ်ထားရှိတဲ့
သစ္စာတရား၊ မေတ္တာ တရားဆိုရင် တပ် မတော်က ဆောက် ခဲ့ပေးတဲ့
မြန်မာ့လွှတ်တော်ကြီးထဲက ထိုင်ခုံပေါ်မှာ အခန့်သားထိုင်နေသူတွေ ဒီဓာတ် ပုံတွေ
ကြည့်ပြီး ဘယ်လို ခံစားကြ မှာလဲ လို့ မေးလိုက်ချင်ပါတယ်။
ဒီစစ်သား အသက်စွန့်ခဲ့တယ်။ ဒို့တာဝန် အရေး(၃)ပါးအတွက်
ကချင်ပြည်နယ်မှာ တပ်မတော် မရှိဘဲ
ကေအိုင်အေ တပ်တွေပဲ ထားခဲ့မယ်။ ရှမ်းပြည်နယ်မှာ တပ်မတော် မထားဘဲ SSA
တွေထားခဲ့မယ်။ ကရင်ပြည်နယ်မှာ တပ်မတော် မရှိဘဲ KNU တွေ ထားခဲ့မယ်ဆိုရင်
လွှတ်တော်အမတ်များ၊ ပြည်တွင်း အသံတိတ် မီဒီယာများ ကျေနပ်နိုင်ကြမှာလား။
နောက်ဆက်တွဲတွေ မစဉ်း စားဘဲ ပြည်တွင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအတွက်
လက်တွဲကြဖို့ အချိန်တန်ပါပြီ။
ဒီစစ်သား အသက်စွန့်ခဲ့တယ်။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းတိုးတက်စေဖို့အတွက်
နိုင်ငံတစ်နိုင်ငံရဲ့
အမျိုးသားစွမ်းအင်မှာ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး ဆိုတဲ့ ၃ ရပ်
တစ်ပြေးညီ ခိုင်မှာမှ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင်
တည်ဆောက်နိုင်မယ် ဆိုတာ အမှန်ပါ။ ပါတီ စည်းရုံးရေးတွေနဲ့ အစိုးရ
အပုပ်ချတာတွေ တစ်ရက် လုပ်နေတိုင်းမှာ တိုင်းပြည်ကို ကာကွယ်နေတဲ့
တပ်မတော်သား တစ်ယောက်မ က ကိုယ်လက် အင်္ဂါဆုံးရှုံးနေရတယ်။ အသက်တွေ
ပေးဆပ်နေရတယ်။
ဒီစစ်သား အသက်စွန့်ခဲ့တယ်။ တိုင်းပြည် တစ်ခုလုံး တစ်ပြေးညီ ဖွံ့ဖြိုးဖို့အတွက်
တပ်မတော်ဆိုတာ ပြည်သူကို
အလုပ်အကျွေး ပြုဖို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ကို
တပ်မတော် ရလို့လဲ တပ်မတော်အတွက် ဘာအကျိုးအမြတ်မှ မရှိလာပါဘူး။
ကချင်ပြည်နယ်ရဲ့ တည်ငြိမ် အေး ချမ်း မှုကို ကချင်ပြည်သူတွေ ခံစားရပြီး
ကချင်ပြည်နယ်ရဲ့ အကျိုးစီးပွားဟာ ကချင်ပြည်နယ် ကောင်း စား ဖို့ပဲ
ဖြစ်ပါတယ်။
ဒီစစ်သား အသက်စွန့်ခဲ့တယ်။ ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့အတွက်
ဒါဖြင့် ဘာကြောင့် တပ်မတော်နဲ့
မြန်မာနိုင်ငံကို ခွဲခြားနေမှာလဲ။ တပ်မတော်သား တစ်ယောက် ဟာ ပြည် သူ ကနေ
ဖြစ်လာတာ ဖြစ်ပါတယ်။ တပ်မတော်သား တစ်ယောက်ကို ပြည်သူဖြစ်တဲ့ သူ့ရဲ့
မိသားစုဝင် တွေ မှီခိုနေ ပါတယ်။ မြန်မာနိုင်ငံကြီး တည်ငြိမ်တိုးတက်ဖို့
အသက်ပေးဆောင် ရွက်နေရတဲ့ တပ်မတော် အပေါ် နှုတ် အားဖြင့် ဖြစ်စေ၊ လူအားဖြင့်
ဖြစ်စေ၊ တတ်နိုင်သည့် ဘက်က ပူးပေါင်းဆောင် ရွက်နိုင်ရန် အတွက် သင့်အား
တပ်မတော်မှ အလိုရှိနေပါတယ်။
ထိုးစစ်ရပ်ဆိုတဲ့ အမိန့်တစ်ခုအောက်မှာ ဒီစစ်သားတွေ ရန်သူ့ခြေရင်းမှာ အသက်စွန့်ခဲ့ရတယ်။ ဒီစစ်သား ကိုယ်ကျိုးအတွက် တစ်ခုမှ မပါ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။