၂၀၁၃ ဇန်နဝါရီလတွင် ထွက်ရှိ လာမည့် တစ်သိန်း ခွဲအောက် GSM တန်ဖိုးနည်း
ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး
သွားမှာ ဖြစ်တယ် လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏
ပြောကြားချက် အရ သိရသည်။ “အခုလို ချထားပေး ရမှာလည်း ရန်ကုန် တိုင်း ဒေသကြီး
မှာတင် မကဘဲ မန္တလေး တိုင်း ဒေသကြီးမှာတော့ ဖုန်းလိုင်း (၂) သိန်းနဲ့
မော်လမြိုင် နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင်
ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ ဆက် သွယ်ေ ရး လုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ တန်ဖိုးနည်း ဖုန်းများ တပ်ဆင်မှု ကိုတော့
ယခုနှစ် အတွင်း အပြီး ပြုလုပ်သွားနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းက ပြည်ပ ကုမ္ပဏီ (၃) ခု ဖြစ်သော Huawei၊ ZTE နှင့် ASB တို့နဲ့လည်း
စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။
Yadanarpon


No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။