Pages

Friday, December 14, 2012

“““ လက်ပံတောင်းတောင်နှင့် လူစိမ်းတစ်သိုက် ”””

( သရော်စာ ဖြစ်၍ သရော်စာအဖြစ်သာ ဖတ်ကြပါရန် )

DKBA တွေ လက်နက်တွေနဲ့  ဆန္ဒပြနေကြပြီ - - ။
သတင်းက ဖေ့စ်ဘုတ်မီးပမာ ချက်ချင်း ပြန့် နှံ့သွားလေရာ -

(ဒီမိုအုပ်စု)

ဟား ဟား ဟား ကောင်းတယ် ။ ဘယ်ကောင် လာပြီး ဖြိုခွင်းဦးမလဲ။
ဖမ်းရဲရင် ဖမ်းကြည့်လေ။ သေနတ်တွေနဲ့ ကိုင်ပစ်မှာပေါ့။
ဒီလောက်ဖမ်းချင်တဲ့ အစိုးရ ဖမ်းလေ။

(ဒီမိုဖက်တီး ခေါ် ခွန်ဒီးယမ်းအုပ်စု)

ဟေ့ ကောင်မ DKBA သတင်း ရပြီလား။
အေး ဓါတ်ပုံတင်ဖို့ စောင့်နေတယ်။
ရရင် မြန်မြန် ဖြန့်။ ဟိုဘက်မှာ လိုက်ဆွဲနေတယ် ပြောတယ်။
အေး- အေး - အမေစု ကိုလည်း ပြောလိုက်ဦး။
အေးပါ။ နင်သာ များများ ပြန့် အောင် ဖွထားလိုက်။
ကောင်မရေ ဓါတ်ပုံတွေ ရှိပြီ။
ဟုတ်လား အတော်ပဲ မြန်မြန်တင် မြန်မြန်တင်။
ကြည့်စမ်း ကောင်းသားပဲဟဲ့။  ငါထပ်ဖွလိုက်မယ်။
သူတို့ ကို တက်လုပ်လိုက်ဦးနော်။

(အာမီဂရု)

ဟာ ဒီကောင်တွေ မဟုတ်တော့ဘူး။
အေး ဘယ်လိုလုပ်ကြမလဲ။ အခြေအနေ ပိုရှုပ်လာနိုင်တယ်နော်။
လူကြီးတွေ လုပ်ပါလိမ့်မယ်။

(ချိုတူးဇော်တို့  အုပ်စု)

ဖမ်းကြပါစေ ဟား ဟား ဟား။
ဖမ်းလေ - ထပ်ဖမ်းကြဦးလေ။
ရဲရဲကြီး အဖမ်းခံ လိုက်မယ်။
အေးလေ သူတို့  လုပ်တတ်တာ ဖမ်းဖို့ ပဲ ရှိတာ။
ရယ်ရတယ်ကွာ ဟား ဟား ဟား ( ငါတို့က နိုင်ငံခြားမှာ လာပြီး ဖမ်းလို့ မှ မရတာ ဟီး ဟီး ဟီး )

( Eleven နှင့် Street Views အုပ်စု ) ( သူတို့ က အတူတူပဲလေ )

ဓါတ်ပုံတွေ ရပြီလား?
ရပါပြီ စီအီးအို။
လူအင်အား ဘယ်လောက်လောက် ရှိသလဲ?
၁၀၀ လောက်လို့  သတင်းထောက်က ပြောတယ် စီအီးအို။
၁၀၀ လောက် ဟုတ်လား။ ၁၀၀၀ လောက်လို့ သာ ထည့်လိုက်?
တစ်ကယ်မရှိတာ ဖတ်တဲ့သူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ။
တစ်ကယ် ရှိလား မရှိလား လိုက်ရေနေတဲ့သူ မရှိပါဘူး။ ၁၀၀၀ လောက်ဆိုမှ အခြေအနေက ပိုပြီး ရှုပ်ရှက်ခတ်သွားမယ်။ ဂျာနယ်ရောင်းကောင်းမယ်လေ။
သြော် ဒါ့ကြောင့်လည်း စီအီးအို ဖြစ်နေတာကိုး။ ဟေ့ အင်အားကို ၁၀၀၀ ကျော်လို့သာ ရေးထည့်လိုက်ကွာ။ လွတ်လပ်စွာ ရေးသားခွင့်ပဲ။ ချ သာ ချ။

( ဦးအောင်မင်း အဖွဲ့ )

DKBA တွေပါ ပါလာပြီ။ အခြေအနေ ပိုရှုပ်အောင်လုပ်နေတယ်။
အင်အား ၁၀၀၀ ကျော်လို့  ဖော်ပြထားတယ်။ စိုးရိမ်စရာပဲ။

(ဖွဘုတ်ပြည်သူများ)

DKBA က ဘာဖြစ်လို့ ၀င်ပါလာတာလဲ။ တိုင်းပြည်တော့ ဒုက္ခ ရောက်တော့မယ်။
ရောက်တော့ ဘာဖြစ်လဲ။ အခုလည်း ဘာတိုးတက်လို့ လဲ။
ဒေါ်စု ကော်မရှင် လုပ်နေတာ မစောင့်နိုင်ဘူးလား။
မစောင့်ဘူးကွာ။ ဘာလုပ်ချင်လဲ။
မင်းတို့  ဦးနှောက်မှ မရှိတာ။ ဆယ်ပြားလိုတဲ့ ကောင်တွေ။
ဆနပြတာ လက်နက် ပါလို့  မရဘူး။ ကန့် ကွက်ပါတယ်။ ဆန့် ကျင်ပါတယ်။ ရှုတ်ချပါတယ်။
လက်နက်နဲ့ ဆနပြတာ ထောက်ခံပါတယ်။ ကျန်တဲ့ အဖွဲ့ အစည်းတွေလည်း ဆနပြသင့်ပါတယ်။
မင်း ဘာပြောတာလဲကွ။ မင်း ဘာကောင်လဲ။
ဘာကောင်လို့ ထင်လဲ။ သမတလောင်းထိန်လင်းအဖွဲ့ က ကွ။
အေး ငါက ဒီမိုဖက်တီး ခေါ် ခွန်ဒီးယမ်း အဖွဲ့ ကကွ။
ထိုသို့  ငြင်းခုတ်မှုများ ပြင်းထန်လာနေစဉ်-
ဟာ
ဟင်
အို
ဟဲ့
သွားပါပြီ
ဘယ်လိုဖြစ်တာလဲ
ဘာဖြစ်တာလဲ

(ရေအောက်ဖိုင်ဘာကေဘယ်လ် ပြတ်တော်မှုကြောင့် မြန်မာနိုင်ငံ၏ အင်တာနက်အဆက်အသွယ် ရက် အကန့် အသတ် မရှိ ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထို့ နောက် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ညီညွတ်ရေး အမျိုးသာြး့ပန် လည် ရင်ကြားစေ့ရေး အကုန်လုံး ရရှိသွားတော့လေသည်။)

(လက်ပံတောင်းတောင်ကိစ္စတွင် အမှန်တစ်ကယ် နောက်ကွယ်မှ ကြိုးကိုင်သူမှာ ရေအောက် ဖိုင်ဘာကေ ဘယ်လ်ကြီး ဖြစ်နေကြောင်း အခုမှ သိလိုက်ရပါတော့သည်။ )

ပလေတို ဒီမို

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: