The Voice Weekly ဂျာနယ် ၏ ဖေ့ဘုတ်စာမျက်နှာတွင် ဒုသမ္မတ ဦးဥာဏ်ထွန်းသည်
ပျက်စီးပြိုကျ သွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ လာရောက်နေစဉ် ငလျင်
ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်း သို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း
ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly
သို့ ဆက်သွယ် ပြောကြားသည် ဟု သတင်းထုတ်ပြန်လိုက်ရာ
အင်တာနက်အသုံးပြု သူများအနေဖြင့် ဦးဥာဏ်ထွန်းအား ပစ်ပစ်နှစ်နှစ်
ဆဲဆိုခြင်းများ ပြုလုပ်ကြတော့သည် ။
ဖြစ်စဉ်အမှန်မှာငလျင်ဖြစ်ပွါးပြီးနောက် နောက်ထပ်ငလျင်များလာဦးမည်ဟူသောသတင်းများထွက်ပေါ်
နေသော်လည်း ဦးဥာဏ်ထွန်းနှင့်အဖွဲ့သည် ကျိုးကျပျက်စီးကာ လုပ်သား များ သေ ဆုံးပျောက် ဆုံးခြင်းဖြစ်ပွါးခဲ့သော ဆောက်လက်စ ရတနာသိင်္ခ တံတားဆီသို့ ထွက်ခဲ့ရာ ညနေ ၄:၁၀ နာရီနောက် ပိုင်းတွင် ရောက်ရှိသွားပါသည် ။ထို့နောက် ပြန်လည်ထွက်ခွါလာပြီး မိနစ်ပိုင်း အနည်းငယ်အကြာ ညနေ ၅း၂၂ နာရီတွင် ငလျင်လှူပ်ခတ်ပြန်သည် ။ထိုဖြစ်စဉ်ကို ထိုဒေသနှင့် တံတားတည်ဆောက်ရေး တာဝန် ရှိသူများ လုပ်သားများ အကုန် သိရှိကြသည် ။ဒုသမ္မတ ပြန်ချိန်နှင့် ငလျင်လှုပ်ခတ်ချိန်သည် မိနစ်ပိုင်း မျှ သာ ခြားနားလေရာ The Voice Weekly ဂျာနယ်မှ မျက်မြင်များမှ ပြောကြားသည် ဟု သော စကား ရပ်ဖြင့် င လျင် လှုပ်၍ ဒုသမ္မတက ပြန်ပြေးသယောင်ယောင် အင်တာနက်တွင် သတင်းဖြန့်ချီခဲ့ပါသည် ။

ကျိုးကျသွားသော ဆောက်လုပ်ဆဲ တံတားကြီး |
မီဒီယာ သည် မိမိတို့ရေးသားသော သတင်းကို မိမိတို့ တာဝန်ယူနိုင်ရမည်
။မြန်မာနိုင်ငံ ဂျာနယ်များကမူ မျက်မြင်သက်သေတစ်ဦး ဒေသခံတစ်ဥိး
ဖုန်းဆက်လာပါသည် တို့ စသည်တို့ဖြင့် ရေးသားလာသည်မှာ ဆယ်စုနှစ်များစွာ
ကြာမြင့်ပြီ ဖြစ်ပါသည် ။ မျက်မြင်သက်သေတစ်ဦး က ပေးပို့သည် ။ထိုသူကို
လျို့ဝှက်ရန် မီဒီယာ ကျင့်ဝတ်ရှိသည် ဆိုသော စကားရပ်နှင့်ကိုင်ပေါက်လျှင်
ပြန်လည် မေးလိုသည် ။ ထိုသတင်းအ တွက် The Voice Weekly မှ တာဝန်ယူနိုင်မည်လော
။
ကမ္ဘာအရပ်ရပ်တွင် သတင်းမှားဖော်ပြပါက လူသိရှင်ကြားတောင်းပန်ရသည့်အပြင်
တရားစွဲဆိုခြင်း ဒေါ် လာငွေ သန်းချီ၍ လျော်ကြေးပေးရခြင်းတို့ ရှိသော်လည်း
မြန်မာနိုင်ငံ ဂျာနယ်မီဒီယာ လောက တွင် မူ ပြင် ဆင်ဖတ်ရူပါရန် ဟုသော
စကားလုံးဖြင့် နှစ်ပေါင်းများစွာ ပျားရည်နဲ့ ဝမ်းချခဲ့ဖူးလေပြိ ။
ကမ္ဘာနှင့် ပြောသော် ကြိးကျယ်မည်လော ။ မြန်မာ့သမိုင်းတွင် ကျောင်းသား
အောင်ဆန်း ဟူသော လူ ငယ် တစ်ဦးသည် ငရဲခွေးကြီး လွတ်နေပြီဟူသော ဆောင်းပါး
ပိုင်ရှင်ကို ဖွင့်ပြောရန် ငြင်းဆို သဖြင့် ပြဿနာ တတ်ခဲ့ပြီး ထိုအတွက်
သူခေါင်းခံခဲ့ဖူးသည် ။ထိုသို့သော သာဓက များရှိဖူး၏ ။ နိုင်ငံဖခင်
ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် မီဒီယာ သမားပီသစွာ ခေါင်းခံခဲ့ဖူး ၏ ။ The
Voice Weekly သည် လည်း မီဒီယာ သမားလော ။ပါပါရာဇီ ငဖွလော ။ အစိုးရ အပုတ်ချ
ညနေခင်း အတင်းအဖျင်းဂျာနယ်လော ။ မီဒီယာသမား ဟုလည်ကောင်း
စတုတ္တမဏ္ဍိုင်သမားစစ်စစ်ဟူလည်းကောင်းကြွေးကြော်ဝံ့ သလော ။
ဒုသမ္မတ တစ်ယောက်၏ သတင်းကိုပင် မီဒီယာ တိုက်ခိုက်မှု ပြုလုပ်ကာ
ပွဲလန့်တုန်းဖျာခင်း သော ထိုဂျာနယ်ကို အစိုးရမှ ကြည့်နေမည် လော ။
အရည်အချင်း ပြည့်ဝသည့် အစိုးရအနေဖြင့် ဤသို့ကိစ္စရပ် များ ကို ချွင်းချက်ထား
လိုက်မည်ဆိုလျှင် လွန်စွာ ရှက်ဖွယ်ကောင်းလှသော လုပ်ဆောင်ချက်များ သာ
ဖြစ်နေတော့မည် ။
မောင်ကျောက်ခဲ
ဟုတ်တယ်ဗျာဒီကောင်တွေကဘာမှကိုမဆင်မခြင်ဘာအသိအဥာဏ်မှမရှိတဲ့ကောင်တွေကလည်းဦးဥာဏ်ထွန်းကိုဝိုင်းလှောင်နေကြတယ်။ကျွန်တော်တောင်နည်းနည်းသွားပြောခဲ့သေးတယ်ဗျာ။ဒီကောင်တွေကမြေခွေးတွေပါဗျာ။
ReplyDelete