၂၀၁၂ နိုဝင်ဘာလ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ခြံဝင်း အတွင်း သမ္မတ အိုဘား မား နှင့်ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် ဗဟို အလုပ် အမှုဆောင်များ နှင့် တွေ့ဆုံပြီးနောက် ကျင်းပ မည်ဖြစ်သော သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ရန် အတွက် ပြည်တွင်း ဂျာနယ် ၄ စောင်နှင့် နိုင် ငံခြားသတင်းဋ္ဌာန ၃ခုကိုသာ ရွေးချယ် သတင်းယူခွင့်ပြုပြီး ကျန်သတင်းဋ္ဌာနများအား သတင်းယူခွင့်ကို ကန့်သတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါ သတင်းယူခွင့်ရရှိသော ဂျာနယ်များမှာ The Voice ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ်၊ Weekly Eleven ဂျာနယ်နယ်နှင့် ဒီလိုင်း ဂျာနယ် တို့ဖြစ်ကြောင်း သိရှိရသည်။ ယခုလို မီဒီယာအား ခွဲခြားခြင်း ခွင့် ပြုခြင်းနှင့်ပတ်သက်ပြီး သတင်းဋ္ဌာနများအား မီဒီယာခွဲခြားဆက်ဆံခြင်း ဖြစ်ကြောင်း သုံးသပ် ဝေဖန်လျက် ရှိသည်။
`သတင်းယူခွင့် မပေးရင်လည်း မပေးနဲ့ပေါ့ အားလုံးကို ခွင့်မပြုနဲ့ပေါ့ ၊ ခုလို ခွဲခြားလိုက်တာကတော့ မကောင်းဘူး၊ ရွေးချယ်တယ်ဆို တာက တော့ ဘယ်လိုပုံစံမျိုးကိုကြည့်ပြီးရွေးလိုက်တာလဲ၊` ဟု 7 Day News Journal မှ သတင်းထောက်ချုပ် က ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းသတင်းဂျာနယ်များနှင့်ပြည်ပနိုင်ငံအခြေစိုက်သတင်းဋ္ဌာနများ စုစုပေါင်း ၄၀၀ ကျော် ခန့်ရှိကြောင်း သိရှိရသည်။
`လုံခြုံရေးအရ စိတ်ပူတယ်ဆိုရင်လည်း သတင်းထောက်အိုင်ဒီအမှန်နဲ့သူတွေကိုတော့ လက်ခံသင့် တာပေါ့၊ ရွေးဖိတ်တယ်ဆိုရင် ဘာဖြစ်လို့ရွေးဖိတ် တာလဲ၊ ဘာကြောင့်ခွဲခြား တာလည်း ဆိုတာလည်း သတင်းထုတ် ပြန်သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းတန်း တူ ညီ တူ အခွင့်အရေး ရှိရမယ်လို့ ပြောပြောနေတာပဲ` ဟု ၊ VOA မြန်မာ ပိုင်း ဌာနမှ သတင်းထောက် အိမ့်ခိုင်ဦးက ပြောသည်။

မေသင်္ကြန်ဟိန်၊ အောင်ကိုကိုလတ်
(မြစ်မခမီဒီယာ)
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။