လူတွေ တနေ့  ထက် တနေ့  အကျင့် စာရိတ္တပိုမိုပျက်စီးလာပြီ။ လူတွေ ရဲ့  လော၊ ဒေါသ၊ မောဟ၊ မာန၊ က္ကုဿာ၊ မစ္ဆရိယ စိတ် တွေ ကြောင့် ကမ္ဘာဖျက်လက်နှက် တွေ ပိုမို ထုတ် လုပ် လို့  လာကြတယ်။ အသစ် အဆန်းယာဉ်အမျိုးမျိုးထုတ် လုပ် လို့  လာကြတယ်။
သစ်တောကြီးတွေ မီးလောင်၊ ကောင်းကင် မှာမီးခိုးငွေ့  တွေ တလူလူတက်၊ ဖန်လုံအာနိသင် တွေ ဖြစ် ၊ကမ္ဘာကြီးလဲ၊ပူနွေးလာပြီ.... ကမ္ဘာ့ ဝင်ရိုးစွန်းကရေခဲ တွေ ပျော်ကျ၊ ပင် လယ် ပြင် ရေမျက်နှာပြင် မြင့်  တက် လာ အချိန် အခါ နေ ရာဒေသ မဟုတ် ပဲ၊ မိုးတွေ ရွာ၊ ရေ တွေ ကြီး ၊လယ် ယာတွေ ရေ တွေ ဖုံး လွှမ်း၊ ဆန် ရေစပါးကောက် ပဲသီးနံ ၊ သားငါးတိရိစ္ဆာန် တွေ သေကြေပျက် စီးကြရ လူတွေ တိရိစ္ဆန်တွေ အ တွက် စားရေ ရိက္ခာရှားပါးလာ... ငတ်မွတ် ခေါင်းပါးခြင်းဘေးတွေ ဆိုက် ကပ်။
ဆူနာမီလို၊ နာဂစ် လို လေမုန် တိုင်းတွေ မကြာခဏဖြစ်၊ မီးတောင် တွေ ပေါက်ကွဲ၊ ငလျင် တွေ အကြီးအ ကျယ် လှုပ်။ အစွန်းရောက် ဘာသာရေးအကြမ်းဖက် မှုတွေ ဖြစ် လူမျိုးသုဉ်းသတ် ပြတ် မှုတွေ ဖြစ်။ လူတွေ အစုလိုက် အပြုံလိုက် သေကြေပျက်စီးနေကြရ။
ကု မရတဲ့ ရောဂါ အသစ် အဆန်းများပေါ်ပေါက် လာ လူတွေ အစုလိုက် အပြုံလိုက် သေကြေပျက်စီး ကြ ရပြန်။ ဒါတွေ ဟာကမ္ဘာပျက် ရန် အစပျိုးလာခြင်းပဲ။
သရဏဂုံ (၃) ပါးနဲ့ ၊ငါးပါးသီ လမမြဲကြရင်ဖြင့်  ၀ိပဿနာ ဘ၀နာများ၊ မရှုမှတ် မပွားများကြရင် ဖြင့်  ဆင် သေကောင် ပုတ် ကို အဟုတ် မှတ် ပြီး၊ပင် လယ် ထဲ ကို လိုက် ပါနေ တဲ့  ကြီးမိုက် (ကျီးမိုက်)လို ကပ် ကြီး( ၃ ) ပါး ဆေးတဲ့  အခါ.. အစုလိုက် အပြုလိုက် သေကြေပျက်စီး ကြရတဲ့ ဘေးဆိုးကြီးထဲ.... ပါမ သွားကြရလေအောင်......... သတိ သတိ သတိ ... တရားရကြဖို့  အချိန် တန်ပြီနော်...
U Ko Ko Aung

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။