Pages

Wednesday, November 14, 2012

“““ ငလျင်ကြောင့် လဲပြိုနေအိမ်များကို တိုင်းဒေသကြီး အစိုးရ ပြန်ဆောက်ပေးမည် ”””

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများရှိ ပျက်စီးသွားသော နေအိမ်များအား အမြန် ဆုံး ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘ ဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဖုန်းဇော်ဟန်ကပြောသည်။

“အပျက်အစီး စာရင်းတွေတွက်ချက်နေပါတယ်။ အမြန်ဆုံးလုပ်ပေးသွားမှာပါ”ဟု ၀န်ကြီးက နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီတွင် မန္တလေးမြို့အမျိုးသားကဇာတ်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် င လျင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူနေအိမ်များပြန်လည်ထူထောင်ပေးခြင်း၊ ပျက်စီးသွားသော စာ သင်ကျောင်းဆောင်များကို အထူးဦးစားပေး ဆောင်ရွက်သွားမည်ဟု သိရသည်။ ပျက်စီးသွားသော နံ ကပ်တိုက်ဆိုလျှင် နံကပ်၊ ပျဉ်ထောင်ဆိုလျှင် ပျဉ်ထောင် ပြန်တည်ဆောက်ပေးနိုင်မည် မဟုတ်သော် လည်း နေထိုင်ရန် သင့်လျော်သည့် အိမ်ရာများ တစ်ပြေးညီ တည်ဆောက်ပေးနိုင်ရန် ခန့်မှန်းထားကြောင်း ၀န်ကြီးကပြောသည်။

ပျက်စီးသွားသည့် ဘုရားပုထိုးစေတီများအတွက် အလှူရှင်များကို ပြန်လည်နှိုးဆော်ထားပြီး ၎င်းတို့လှူဒါန်း မှုများဖြင့် ပြန်လည်မွမ်းမံ ပြုပြင်မည်ဖြစ်ကြောင်းသိရသည်။

https://www.facebook.com/7daynews

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ငလျင်ကြောင့် လဲပြိုနေအိမ်များကို တိုင်းဒေသကြီး အစိုးရ ပြန်ဆောက်ပေးမည် ”””

Labels:

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများရှိ ပျက်စီးသွားသော နေအိမ်များအား အမြန် ဆုံး ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘ ဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဖုန်းဇော်ဟန်ကပြောသည်။

“အပျက်အစီး စာရင်းတွေတွက်ချက်နေပါတယ်။ အမြန်ဆုံးလုပ်ပေးသွားမှာပါ”ဟု ၀န်ကြီးက နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီတွင် မန္တလေးမြို့အမျိုးသားကဇာတ်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် င လျင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူနေအိမ်များပြန်လည်ထူထောင်ပေးခြင်း၊ ပျက်စီးသွားသော စာ သင်ကျောင်းဆောင်များကို အထူးဦးစားပေး ဆောင်ရွက်သွားမည်ဟု သိရသည်။ ပျက်စီးသွားသော နံ ကပ်တိုက်ဆိုလျှင် နံကပ်၊ ပျဉ်ထောင်ဆိုလျှင် ပျဉ်ထောင် ပြန်တည်ဆောက်ပေးနိုင်မည် မဟုတ်သော် လည်း နေထိုင်ရန် သင့်လျော်သည့် အိမ်ရာများ တစ်ပြေးညီ တည်ဆောက်ပေးနိုင်ရန် ခန့်မှန်းထားကြောင်း ၀န်ကြီးကပြောသည်။

ပျက်စီးသွားသည့် ဘုရားပုထိုးစေတီများအတွက် အလှူရှင်များကို ပြန်လည်နှိုးဆော်ထားပြီး ၎င်းတို့လှူဒါန်း မှုများဖြင့် ပြန်လည်မွမ်းမံ ပြုပြင်မည်ဖြစ်ကြောင်းသိရသည်။

https://www.facebook.com/7daynews
0 comments: