Pages

Saturday, January 12, 2013

၈ လကျော်ကြာ တရားရင်ဆိုင် နေရသော The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုမှုအား ရုတ်သိမ်း

Download The Voice Vol.9 / No.2

၈ လကျော်ကြာ တရားရင်ဆိုင် နေရသော The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တ ရား စွဲဆိုမှုအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရုတ်သိမ်း ပေးလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly ဂျာနယ်၏ အတွဲ ၈၊ အမှတ် ၁၃ တွင် ဖော်ပြခဲ့သော “၀န်ကြီးဌာန အချို့၏ ကျပ် သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်း ဖော်ပြပါရှိမှုကြောင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်လတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဂုံမြို့နယ် တရားရုံးမှ တရားလိုနှင့် သက်သေ များကို စစ်ဆေးပြီးနောက် ငါးလအကြာတွင် ၄င်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူအား ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးထံ သွားရောက်ညှိနှိုင်း ပေးခဲ့ခြင်းနှင့် Press Council (မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ) ယာယီမှ တာဝန်ရှိသူများ အနေနဲ့လည်း ၀င်ရောက်ညှိနှိုင်း ပေးခဲ့ခြင်းများကြောင့် သတ္တုတွင်း ၀န်ကြီးဌာနမှ အမှု ရုတ်သိမ်းပေးခဲ့တာ ဖြစ်ကြောင်း The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေ ထံမှ သိရသည်။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေမှ “ကျွန်တော်တို့ ဂျာနယ်ကို အခု လို အမှုရုတ်သိမ်း ပေးလိုက်တာ Press Council က ကြားဝင်ဆောင်ရွက် ပေးမှုတွေေ ကြာင့် ဖြစ် ပါတ ယ်” ဟု ပြောသည်။

ဂျာနယ်ဘက်မှ မှားခြင်း၊ တောင်ပန်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ ခိုင်လုံသည့် သတင်းအရင်းအမြစ် အရ ရေးသားဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် သတ္တုတွင်း ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများပါ ထိ ခိုက်နစ်နာစေရန် ရည်ရွယ်ချက် မရှိခဲ့ကြောင်း ကိုကျော်မင်းဆွေထံမှ သိရသည်။

The Voice Weekly ဂျာနယ်၏ ၈ လကျော်အကြာ တရားရင်ဆိုင်မှု အတွင်း ရုံးချိန်းပေါင်း ၂၀ ကျော် ရင်ဆိုင်ခဲ့ရကြောင်း၊ ပုဒ်မ ၅၀၀ အမှုအတွက် စွဲချက်မတင်သင့်ကြောင်း အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် လျှောက်ထားနေစဉ်အတွင်း ၀န်ကြီးဌာနဘက်မှ အဆိုပါ အမှုကို ရုတ်သိမ်းလိုက်ခြ င်း ဖြစ်ကြောင်း သိရသည်။

Ko Thantun

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

၈ လကျော်ကြာ တရားရင်ဆိုင် နေရသော The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တရားစွဲဆိုမှုအား ရုတ်သိမ်း

Labels:
 
Download The Voice Vol.9 / No.2

၈ လကျော်ကြာ တရားရင်ဆိုင် နေရသော The Voice Weekly ဂျာနယ်အား သတ္တုတွင်း ၀န်ကြီးဌာနမှ တ ရား စွဲဆိုမှုအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရုတ်သိမ်း ပေးလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေ၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly ဂျာနယ်၏ အတွဲ ၈၊ အမှတ် ၁၃ တွင် ဖော်ပြခဲ့သော “၀န်ကြီးဌာန အချို့၏ ကျပ် သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်း ဖော်ပြပါရှိမှုကြောင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၁၂ ခုနှစ် မတ်လတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဂုံမြို့နယ် တရားရုံးမှ တရားလိုနှင့် သက်သေ များကို စစ်ဆေးပြီးနောက် ငါးလအကြာတွင် ၄င်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူအား ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးထံ သွားရောက်ညှိနှိုင်း ပေးခဲ့ခြင်းနှင့် Press Council (မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ) ယာယီမှ တာဝန်ရှိသူများ အနေနဲ့လည်း ၀င်ရောက်ညှိနှိုင်း ပေးခဲ့ခြင်းများကြောင့် သတ္တုတွင်း ၀န်ကြီးဌာနမှ အမှု ရုတ်သိမ်းပေးခဲ့တာ ဖြစ်ကြောင်း The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေ ထံမှ သိရသည်။

The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေမှ “ကျွန်တော်တို့ ဂျာနယ်ကို အခု လို အမှုရုတ်သိမ်း ပေးလိုက်တာ Press Council က ကြားဝင်ဆောင်ရွက် ပေးမှုတွေေ ကြာင့် ဖြစ် ပါတ ယ်” ဟု ပြောသည်။

ဂျာနယ်ဘက်မှ မှားခြင်း၊ တောင်ပန်ခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ ခိုင်လုံသည့် သတင်းအရင်းအမြစ် အရ ရေးသားဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် သတ္တုတွင်း ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများပါ ထိ ခိုက်နစ်နာစေရန် ရည်ရွယ်ချက် မရှိခဲ့ကြောင်း ကိုကျော်မင်းဆွေထံမှ သိရသည်။

The Voice Weekly ဂျာနယ်၏ ၈ လကျော်အကြာ တရားရင်ဆိုင်မှု အတွင်း ရုံးချိန်းပေါင်း ၂၀ ကျော် ရင်ဆိုင်ခဲ့ရကြောင်း၊ ပုဒ်မ ၅၀၀ အမှုအတွက် စွဲချက်မတင်သင့်ကြောင်း အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် လျှောက်ထားနေစဉ်အတွင်း ၀န်ကြီးဌာနဘက်မှ အဆိုပါ အမှုကို ရုတ်သိမ်းလိုက်ခြ င်း ဖြစ်ကြောင်း သိရသည်။

Ko Thantun

0 comments: