Pages

Friday, January 4, 2013

သူပုန် အားပေး The Voice ဂျာနယ်နှင် KIA အဆက်အသွယ်

သတင်း(၁)

ကာမိုင်းရဲ စခန်းကို ၀င်စီး၊ တံတားချိုး၊ မိုင်းထောင်မှုများ ပြုလုပ်ချိန်တွင် ဓာတ်ပုံ မရိုက်နိုင်သည့် The Voice ဒီဇင် ဘာ ၃၀ ရက်နေ့တွင် အဆိုပါ နေရာမှ လက်နက်ကြီးအား ဓာတ်ပုံရိုက်ကာ ထိုးစစ်ဆင်နေသည့် တပ် မတော် ဘက် ဆိုသည့် အသုံးအနှုံးဖြင့် တင်ခဲ့သည်။ ဇန်န၀ါရီလ ၃ ရက်နေ့တွင်တော့ ထိုနေရာမှ ပစ် ခတ် သည့် ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။

လဂျားယန် စစ်မျက်နှာတွင် ကေအိုင်အေက ၁၂၀မမ ဖြင့် ထိုးစစ်ဆင်နေသည့် တပ်မတော်ဘက်သို့ ပစ်ခတ် နေသည်ကို တွေ့မြင်ရစဉ်။

===================================
သတင်း(၂)

ပြည်သူ့စစ် စခန်းကို ကေအိုင်အေမှ ၀န်ခံခဲ့သော်လည်း သူပုန်အားပေး မီဒီယာမှ အကြမ်းဖက်လုပ်ရပ်ဟု မဖော်ပြ၀ံ့ဘဲ  ကေအိုင်အေထံ အတည်ပြု ချက်နှင့် သဘော ထား မှတ်ချက် တို့ကို တောင်းခံနေေ ကြာ င်း ဖော်ပြခဲ့သည်။

-----------------------------------------------------------------

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက် သွ ယ် ပြော ကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင် အား ၇၀ ဝန်းကျင် ခန့်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ် ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ ကို တောင်းခံ နေဆဲ ဖြစ်သည်။

===================================

သတင်း(၃) 

ဂမ်ရှောင် ဒဏ်ရာရကြောင်း သတင်းပေါ်လာချိန်တွင် စစ်ဆင်ရေး သဘောတရားအရ ခေါင်းဆောင်ဒဏ်ရာ ရကြောင်း ငြင်းဆိုသည်ကို The Voice ဂျာနယ်မှ ချက်ချင်း ဖြေရှင်းပေးခဲ့သည်။ ကေအိုင်အေပြောသည်ကို အတည်ပြုပေးခဲ့သည်။

---------------------------------------------------------------------

KIA တပ်ဖွဲ့အချင်းချင်း လုပ်ကြံပစ်ခတ်မှုကြောင့် စစ်ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာပြင်း ထန်စွာရရှိ သွားပြီး လိုင်ဇာေ ဆးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသတင်းမှာ မှန်ကန်မှူ မရှိကြောင်း KIA တာဝန်ရှိသူ တစ်ဦးကအတည်ပြု ပြောကြား သည်။

===================================

သတင်း(၄) 

တပ်မတော်သားများ အကျိုးမဲ့ သေဆုံး၊ ဒဏ်ရာရ။ ဓာတ်ပုံရိုက်၍ အင်တာနက်ပေါ် တင်ချိန်၊ ကေအို င်အေ မှ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေချိန်တွင် တပ်မတော်သား ဖြစ်သည့် အမှုတစ်ခုအား ခေါင်း စဉ်တ ပ် ကာ ဖော်ပြခဲ့သည်။

------------------------------------------------------------------------

ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာတွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူ အသက် ၁၆ နှစ် အရွယ် လူငယ် တစ်ဦးကို တပ်မတော်သား သုံးဦးက ထိုးကြိတ် ရိုက်နှက်သောကြောင့် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄နာ ရီတွင် သေဆုံးသွားကြောင်း သေဆုံးသူ မိသားစုဝင် ထံမှ စုံစမ်း သိရှိရသည်။

====================================

သတင်း(၅)

ပြည်တွင်းမှ တပ်မတော်သား မိသားစုဝင်များ ငိုကြွေးနေချိန်၊ အလောင်း ၆၀ မပါသည့် ဈာပန ကျင်းပပြီး ငိုကြွေးနေချိန်တွင် သတင်းမရခဲ့သည့် The Voice လိုင်ဇာ အနီးမှ ကချင်လူမျိုးများ အားေ တာ စပ်သို့ စေ လွှတ်၍ ဓာတ်ပုံ ရိုက်ကာ သနားစဖွယ် ဖော်ပြပေးခဲ့သည်။

ကေအိုင်အေ ဗဟိုဌာနချူပ်ရှိရာ လိုင်ဇာမြို့ အနီးတွင် ဗုံးခိုကျင်းများ တူးပြီး နေထိုင်နေရသော လိုင်ဇာ ဒေသ ခံ အချို့ကို ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်

OppositEyE 
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: