၈၈ ကျောင်းသားတွေ ဦးဆောင်တောင်းဆိုလို့ ရလာတဲ့ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ် တပ်မှာလား..
ဒေါ်အောင်ဆန်းစုကြည် ရှိနေလို့ ငြိမ်းချမ်းခဲ့တယ်လို့ကော ဆိုကြအုံးမှာလား..
သမ္မတကြီး လက် ထက် အကောင်းဆုံး လုပ်ဆောင်ချက်ဆိုပြီးကော ချီးကျူးကြအုံးမှာလား…
ပညာရေး ဂီတပွဲ၊ နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲ၊ အကယ်ဒမီပွဲတွေနောက် က ပျော်ပွဲရွှင် ပွဲတွေနဲ့ ငြိမ်း ချမ်းရေးပွဲဆိုပြီးကော သီချင်းသံတွေနဲ့ ကခုန်ကြအုံးမှာလား…
ကျဆုံးစစ်သည် နေရာတွေကို လက်နက်ကိုင် ကေအိုင်အေတွေက ထွီဆိုတဲ့ တံတွေးထွေး ခံပေးရအုံး မှာ လား..
ကိုယ်လက်အင်္ဂါ ပြတ်တောက် ဆန်ဖိုးမလောက်လို့ လမ်းလျှောက်နေတဲ့ စစ်သားဟောင်းတွေက ကိုယ့်ေ ရှ့မှာ ဖြတ်သွားနေမယ့် ဓားမ ၂ လက်ရဲ့ ကောင်းစားမှုတွေကို ထပ်ပြီး ငေးကြည့်ပေးရအုံးမှာလား…
ကချင်ပြည်နှယ် ကောင်းစားရေး၊ နိုင်ငံတော်သစ်ထူထောင်ရေးလို့ အမည်တပ်ပြီး ထပ်ပုန်ကန်မှ စစ် သားေ တွ ပြန်လာ အသက်ပေးရအုံးမှာလား..
အလောင်းမပါခဲ့တဲ့ ဈာပနတွေက မျက်ရည် မခြောက်ခင်မှာ စစ်လိုလားတဲ့ တပ်မတော်လို့ အပုပ်ချ ဝေဖန်တာတွေ ခံပြီး တောက် တခေါက်ခေါက်နဲ့ တပ်ကို ပြန်ပေးရမှာလား…
လိုင်ဇာ ဆိုတဲ့ နယ်တစ်ဝိုက်၊ မြန်မာနိုင်ငံ အလံစိုက်ဖို့ အာမခံချက်မရှိ၊ အကျိုးရလဒ် မရှိတဲ့ ငြိမ်းချမ်းရေးလို့ ကျွန်တော် ခေါင်းစဉ်တပ်ရင်ကော ခင်ဗျားတို့ ကျေနပ်နိုင်ပါ့မလား..
လိုင်ဇာ ဆိုတဲ့ နယ်တစ်ဝိုက်၊ မြန်မာနိုင်ငံ အလံစိုက်ဖို့ အာမခံချက်မရှိ၊ အကျိုးရလဒ် မရှိတဲ့ ငြိမ်းချမ်းရေးလို့ ကျွန်တော် ခေါင်းစဉ်တပ်ရင်ကော ခင်ဗျားတို့ ကျေနပ်နိုင်ပါ့မလား..
OppositEyE
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။