ကရင်အမျိုးသား အစည်းအရုံး KNU ၏
ထိပ်တန်းခေါင်းဆောင်များဟာ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ် မှုကြောင့်
နေပြည်တော်သို့ ယနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ဌာနချုပ်မှ
စတင်ထွက်ခွာ သွားကြ ပါပြီ။
KNU မှ ကြီး ၅ ကြီး၊ ဓာတ်ပုံ- ပြည်တော်မြင့်/ ဧရာဝတီ
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် KNU
ဥက္ကဋ္ဌသစ် စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ် ထူးဝင်း၊
တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ ပါဝင်ကြပါတယ်။
ငြိမ်းချမ်းရေးအတွက်သွားရောက်ဆွေးနွေးခြင်း မဟုတ်ကြောင်း၊ မကြာသေးမီက ပြုလုပ်ခဲ့သည့် KNU ညီ လာခံမှာ ရွေးချယ်ခံရသော ထိပ်တန်းခေါင်းဆောင် ၅ ဦးကို သမ္မတ ဦးသိန်းစိန်က အလွတ်သဘော တွေ့ ဆုံ လို၍ ဖိတ်ခေါ်ခြင်းကြောင့် သွားရောက်ခြင်းဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
အဆိုပါ ခရီးစဉ်နဲ့ပတ်သက်ပြီး KNU က ယနေ့နေ့စွဲဖြင့် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန်ထား ပါတယ်။

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။