Pages

Friday, January 4, 2013

၃.၁.၂၀၁၃ ရက်နေ့ KIA ၏ တိုက်ပွဲများ ဖော်ဆောင်ရန် ဆောင်ရွက်မှုများ

တပ်မတော်မှ လဂျားယန်ကို ထိန်းချုပ်ပြီး ဖြစ်ပြီး ကြေညာခဲ့သည့်နောက်ပိုင်း ကေအိုင်အေ တို့အနေဖြင့် ထိ တွေ့ မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားစေရန် ၃-၁-၂၀၁၃ တွင် နမ့်ဆန်းယန်ရွာကို ၀င်တိုက်ခြင်း၊ လဲလုံ ရွာတွင် ၀င် စီးခြင်း၊ မံစီမြို့သို့ ညဘက်တွင် ၀င်ရောက် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ မနေ့က နံနက်ပိုင်းတွင် ကေအိုင်အေ တပ်ဖွဲ့ အင်အား ၃၀၀ ခန့်မှ လက်နက်ကြီးများ ပစ်ခတ်ပြီး နမ့်ဆန်း ယန် ရွာ သို့ ဦးတည် ပစ်ခတ်သဖြင့် တပ်မတော်နှင့် ပြည်သူ့စစ် အဖွဲ့များက ပြန်လည် ပစ်ခတ် ခဲ့ကြောင်း၊ တပ်မတော်မှ လက်နက်ကြီး မသုံးရန် ညွှန်ကြားထားသဖြင့် မိမိတို့မှ လက်နက်ငယ်များဖြင့် သာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲမှာ ၄ နာရီကျော် ကြာမြင့်ခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့သည်။

ကေအိုင်အေ တို့သည် နမ့်ဆန်းယန် အနီးမှ လဲလုံရွာရှိ ရဲစခန်းအား ၀င်စီးရန် ကြိုးစားခဲ့သည်သာမက မိုးနဲ ချောင်း တံတားကို ဖောက်ခွဲဖျက်ဆီးရန်လည်း ကြိုးစားခဲ့ကြကြောင်း သတင်းအရ သိရသည်။

ထိုနေ့ညတွင်ပင် ကေအိုင်အေ တပ်ဖွဲ့ အင်အား ၁၀၀ ခန့်မှ မံစီမြို့သို့ လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများကို အဓိက တိုက်ခိုက်ခြင်း မဟုတ်ဘဲ လူနေရပ်ကွက်များသို့ ဦးတည် ပစ်ခ တ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှင့်ပူးပေါင်း အဖွဲ့များမှ လိုက်လံရှင်းလင်းခဲ့ရာ မနေ့ည တိုက်ပွဲအတွင်း ကေအိုင်ေ အ ဖက်မှ အလောင်း ၂၀ ခန့်နှင့် လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့သည် ဟု ဆိုသည်။

၎င်း၏ ပြောပြချက်အရ နောက်ပိုင်းတွင် ထိတွေ့မှုများ မပြတ် လုပ်ဆောင်သွားမည်ဟု ကေအိုင်အေမှ သတိပေး ခဲ့ကြောင်း၊ မိမိတို့ ပြည်သူ့စစ်အဖွဲ့အား မိမိတို့သာမက၊ မိမိတို့၏ မိသားစုများ၏ အသက်များကိုပါ ခြိမ်းခြောက်၍ တိုက်ပွဲအတွင်း ၀င်မပါရန် အကြောင်းကြားခဲ့သည်ဟု သိရသည်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

၃.၁.၂၀၁၃ ရက်နေ့ KIA ၏ တိုက်ပွဲများ ဖော်ဆောင်ရန် ဆောင်ရွက်မှုများ

Labels:

တပ်မတော်မှ လဂျားယန်ကို ထိန်းချုပ်ပြီး ဖြစ်ပြီး ကြေညာခဲ့သည့်နောက်ပိုင်း ကေအိုင်အေ တို့အနေဖြင့် ထိ တွေ့ မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားစေရန် ၃-၁-၂၀၁၃ တွင် နမ့်ဆန်းယန်ရွာကို ၀င်တိုက်ခြင်း၊ လဲလုံ ရွာတွင် ၀င် စီးခြင်း၊ မံစီမြို့သို့ ညဘက်တွင် ၀င်ရောက် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ မနေ့က နံနက်ပိုင်းတွင် ကေအိုင်အေ တပ်ဖွဲ့ အင်အား ၃၀၀ ခန့်မှ လက်နက်ကြီးများ ပစ်ခတ်ပြီး နမ့်ဆန်း ယန် ရွာ သို့ ဦးတည် ပစ်ခတ်သဖြင့် တပ်မတော်နှင့် ပြည်သူ့စစ် အဖွဲ့များက ပြန်လည် ပစ်ခတ် ခဲ့ကြောင်း၊ တပ်မတော်မှ လက်နက်ကြီး မသုံးရန် ညွှန်ကြားထားသဖြင့် မိမိတို့မှ လက်နက်ငယ်များဖြင့် သာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲမှာ ၄ နာရီကျော် ကြာမြင့်ခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့သည်။

ကေအိုင်အေ တို့သည် နမ့်ဆန်းယန် အနီးမှ လဲလုံရွာရှိ ရဲစခန်းအား ၀င်စီးရန် ကြိုးစားခဲ့သည်သာမက မိုးနဲ ချောင်း တံတားကို ဖောက်ခွဲဖျက်ဆီးရန်လည်း ကြိုးစားခဲ့ကြကြောင်း သတင်းအရ သိရသည်။

ထိုနေ့ညတွင်ပင် ကေအိုင်အေ တပ်ဖွဲ့ အင်အား ၁၀၀ ခန့်မှ မံစီမြို့သို့ လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများကို အဓိက တိုက်ခိုက်ခြင်း မဟုတ်ဘဲ လူနေရပ်ကွက်များသို့ ဦးတည် ပစ်ခ တ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှင့်ပူးပေါင်း အဖွဲ့များမှ လိုက်လံရှင်းလင်းခဲ့ရာ မနေ့ည တိုက်ပွဲအတွင်း ကေအိုင်ေ အ ဖက်မှ အလောင်း ၂၀ ခန့်နှင့် လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့သည် ဟု ဆိုသည်။

၎င်း၏ ပြောပြချက်အရ နောက်ပိုင်းတွင် ထိတွေ့မှုများ မပြတ် လုပ်ဆောင်သွားမည်ဟု ကေအိုင်အေမှ သတိပေး ခဲ့ကြောင်း၊ မိမိတို့ ပြည်သူ့စစ်အဖွဲ့အား မိမိတို့သာမက၊ မိမိတို့၏ မိသားစုများ၏ အသက်များကိုပါ ခြိမ်းခြောက်၍ တိုက်ပွဲအတွင်း ၀င်မပါရန် အကြောင်းကြားခဲ့သည်ဟု သိရသည်။
 
0 comments: