Pages

Friday, January 4, 2013

ဖွဘုတ်နဲ့  ၀တုတ် ကချင်အရေး ဆွေးနွေးခန်း ( အပိုင်း-၁ )

ဖွဘုတ်-ကချင်ပြည်နယ်နဲ့  KIA-KIO တူသလား
 
ဝတုတ်-မတူပါဘူး။ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား အကုန်လုံး ဒင်းတို့ ကို ထောက်ခံသလား မေး ကြည့်ပါ။ ကျိန်းသေပေါက်ပြောနိုင်တာက ၄ ပုံ ၃ ပုံက ကန့် ကွက်မှာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ၁၉၆၀ ကျော်ကစပြီး ကချင်ပြည်နယ် ကောင်းစားရေး ကြွေးကြော်သံနဲ့  လုပ်ချင်ရာလုပ်၊ ရမ်းကားချင်တိုင်း ရမ်းကား ဖြစ်ချင်တိုင်းဖြစ်ခဲ့တာ၊ အပစ်ရပ်ကာလကို ပြန်ကြည့်ရင် KIO ခေါင်းဆောင်တွေ ဘာလုပ်ခဲ့ သလဲ။ ရွှေလီမှာ ပြည်မကြီးမှာ ဒီခေါင်းဆောင်ပိုင်းရဲ့  ပိုင်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခုသာ တိုးလာတယ်။ ဘယ် မှာလဲ ကချင် ပြည်နယ် အကျိုး၊ ကချင်ပြည်သူတွေရဲ့  အကျိုး။
 
ဖွဘုတ်-ကချင်နဲ့  တရုတ် အဆက်အစပ် ရှိသလား။
 
ဝတုတ်-စဉ်းစားကြည့်ပါ။ KIA ဘာဖြစ်လို့  အခုထက်ထိ ခေါင်းမာနေနိုင်သလဲ။ အဖြေက ရှင်းပါတယ်။ ကိုင်ထားတဲ့ လက်နက်တွေ ကြည့်ပါ။ ၁၉၆၀ ကျော်က မီးကျိုးမောင်းပျက် သေနတ်တွေ မဟုတ်ဘူး။ တောလိုက် အမဲလိုက်တဲ့ တူမီးသေနတ်၊ လုပ်သေနတ်တွေ မဟုတ်ဘူး။ ပုံစံ-၅၆ (အမ်-၂၁၊ အိမ်-၂၂) ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ပုံစံ-၈၁ ရိုင်ဖယ်၊ ပုံစံ -၅၄ ၁၂.၇ မမ စက်သေနတ်ကြီး၊ ၅၇ မမ နောက်ပွင့် ရိုင်ဖယ်၊ ၂ လက်မစိန်ပြောင်း၊ ဒါတွေက ဘယ်နိုင်ငံလုပ် လက်နက်တွေလဲ။ ဘယ်လိုကြောင့် ရသလဲ။ ဘယ် လမ်းကြောင်းက ရသလဲ။ ကျန်တဲ့ ဆက်သွယ်ရေးကိရိယာတွေ၊ ခဲယမ်းတွေရော အများကြီး ရှိပါတယ်။ တရုတ် နိုင်ငံမှာ စစ်လက်နက်ပစည်းရောင်းဝယ်ရေးကို ဘယ်သူကကိုင်ထားတာလဲ။ စစ်ကော်မရှင်က ကိုင် ထား တာ ဖြစ်ပါတယ်။ ဘယ်ကို ရောင်း၊ ဘယ်ကို မရောင်းနဲ့  ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကော်မရှင် မသိ ဘဲ လုပ်လို့  မရပါဘူး။ ဒါပေမယ့် ဗဟိုအဆင့်က မသိဘူး ဆိုရင်တော့ တစ်ခုခုမှားနေပြီ လို့  ယူ ဆနိုင်ပါတယ်။

ဖွဘုတ်- စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောတယ်။ မြန်မာစစ်တပ်က KIA ကို အပြုတ်တိုက် နိုင်တယ်တဲ့။ အဲဒါ မှန်တယ် ထင်ပါသလား။
 
ဝတုတ်-KIA အပြုတ်တိုက်ရေး မူ အလုပ် ဖြစ်-မဖြစ် ဆိုတာက တရုတ်နိုင်ငံရဲ့  ပူးပေါင်းပါဝင်မှု ရှိမှ ရနိုင်ပါ လိမ့်မယ်။ တရုတ်က နောက်ခံ ပံ့ပိုးနေတာတွေ မရှိမှလည်း ရနိုင်ပါလိမ့်မယ်။ မြန်မာအစိုးရအနေနဲ့  KIA အပြုတ် တိုက်ရေးကို လုပ်နိုင်-မလုပ်နိုင် ဆိုတာကလည်း နေပြည်တော်က ပြောကြားချက်တွေ ကြည့် ရင် သိနိုင် ပါတယ်။ အရင်က ကြားခဲ့ဘူးတာ ရှိပါတယ်။ KIA ကို တစ်လနဲ့  အပြုတ်တိုက်လို့  ရတယ် ဆိုတဲ့ စကား ပါ။ အမှန်တစ်ကယ် စစ်ဆင်ရေးဆင်မယ် ဆိုရင်တော့ သေချာပါတယ် ။ KIA ပြုတ်သွားနိုင်ပါတယ်။

ဖွဘုတ်-KIA ရဲ့  ဗျူဟာက ဘာတွေလဲ။ သူတို့  ဘာလိုချင်နေတာလဲ။
 
ဝတုတ်-ရှင်းရှင်းပြောရရင် အာဏာ-ငွေကြေး ဒါတွေပါပဲ။ ကချင်ပြည်နယ်ဆိုတာ အလကားအပေါ် ယံ ပြောေ န တာ။ အခုကြည့် ABSDF ကို ပွန်းအနေနဲ့  ထိုးကျွေးတယ်။ သေရင် အဲဒီ ကျောင်းသားတပ်ဆို တာ အရင်သေမယ်။ ပြီးတော့ စစ်မတိုက်နိုင်တဲ့ ကလေးတွေ၊ မိန်းမတွေကို ဘေးလွတ်ရာ ပို့ တယ်။ ပို့ တာက လည်း ဒုက္ခသည်အမည်ခံပြီး စခန်း ဖွင့်ထားတယ်။ အဲဒါတွေက ပြည်သူ့ စစ်တွေ၊ ABSDF, KIA တပ်သားတွေရဲ့  မိသားစုတွေ။ ဒါပေမယ့် သူတို့  ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ ကေ တာ့ ရွှေလီမှာ ပြီးတော့ ပြည်မကြီးမှာ ကျောင်းတွေ ကောင်းကောင်း တက်၊ ဟိုတယ်တွေဆောက်၊ စီးပွားရေးတွေ လုပ်။ အခု တိုက်ပွဲဖြစ်လာရင် ခံရတာက အောက်က ရဲဘော်တွေနဲ့  မိသားစုတွေ။ ဒါတွေကို ဗန်းပြပြီး နိုင်ငံတကာကို မျက်ရည်ခံ ထိုးမယ်။ နောက်တစ်ချက်က စစ်တပ်ကို တပ်တွေ တိုးလာပါတယ် ဆိုပြီး လက်ညိုးထိုးနေတဲ့ KIA တွေကိုယ်တိုင် ဖွဲ့ စည်းပုံတွေချဲ့ ၊ တပ်တွေ တိုးဖွင့်၊ နယ်မြေတွေ သိမ်း လုပ်နေတာ။ ဒီစစ်ပွဲ ကြာရှည်လာလေ သူတို့ အတွက် တရုတ်အထောက်အပံ့နဲ့  တရားမ၀င် လုပ်ချင်ရာ လုပ်တဲ့ လုပ်ငန်းတွေ ဆက်လုပ်နိုင်မှာပေါ့။ ကချင်ပြည်နယ် ကောင်းစားစေချင်ရင် တစ်ကယ်ငြိမ်းချမ်းရေး ယူမှာပေါ့။ ကချင်မှာ ရေခဲတောင်တွေ ရှိတယ်။ မြစ်ဆုံလို သိပ်လှတဲ့ နေရာတွေ အများကြီးရှိတယ်။ သဘာဝအလှအပတွေနဲ့  အများကြီးကောင်းတယ်။ ခရီးသွားလုပ်ငန်းတွေ အများကြီး ထွန်းကားဖို့  သေချာ တယ်။ ပြီးတော့ သဘာဝ သယံဇာတတွေ အများကြီး ရှိတယ်။ ဘာလီမှာ တိုးရစ်စ်တွေ ကြိတ်ကြိတ်တိုးနေ သလို ကချင်မှာလည်း ဒီလို ဖြစ်လာနိုင်တယ်။ KIA ခေါင်းဆောင်တွေက ဒါတွေကို ထည့်တွက်ပုံ မရဘူးဗျ။ သူတို့  သိတာက အာဏာနဲ့  ငွေကြေးပဲ။ ဒါပဲ။
ဖွဘုတ်-KIO-KIA က အဲဒီအတိုင်း တစ်သက်လုံး နေတော့မှာ လို့  ထင်ပါသလား။
 
ဝတုတ်-ပြောရရင် ဂွမ်မော်က ပညာတတ်ဗျ။ ပညာတတ်တွေ မိုက်လုံးကြီးရင် ဘာမှ လိုက်မမီဘူး ဆိုတာ အမှန်ပဲ။ ဒါပေမယ့် စစ်ရေးမှာ KIO က ပြန်ပြီး ကွပ်ကဲမှု ယူထားတယ်။ ဂွမ်မော်လည်း အာဏာ သိပ် မရှိဘူး။ စိတ်မကောင်းစရာက အောက်က လူမျိုးရေးမှိုင်းသွင်းခံရတဲ့ ကချင်လူငယ်တွေ။ သူတို့ ကို သွားမေးကြည့်။ သူတို့ ရဲ့  မျှော်မှန်းချက်က ရန်ကုန်လာပြီး ကျောင်းတက်ဖို့  စီးပွားရှာဖို့  မဟုတ်ဘူး။ တရုတ်ကို သွားပြီး ကျောင်းတက်ချင်တယ်။ စီးပွားရှာချင်တယ်။ သူတို့ စိတ်ထဲမှာ တရုတ်က သူတို့ ရဲ့  သွေးရင်းညီအစ်ကို ဆိုပြီး ဖြစ်နေတာ။ သူတို့  မှိုင်းမိနေတာက ပြည်နယ် ခွဲထွက်ရေးပဲ။ ခွဲထွက်လို့  မရနိုင်ဘူး ဆိုတာလည်း ခေါင်းဆောင်တွေ သိတယ်။ ဒီလို မရနိုင်တာကိုပဲ တောင်းပြီး ရေရှည်ရပ်တည်သွားမယ့် သဘောတရားကို ယူထားတာ။ သူတို့ စိတ်ထဲမှာ တရုတ်က ထောက်ပံ့ရင် ရပ်တည်လို့  ရပြီ။ မြန်မာအစိုးရကို ဂရုမစိုက်နဲ့  ဆိုပြီး ခံယူထားတာ။ နောက်တစ်ခါ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ဆွေးနွေးရင်လည်း မရနိုင်တဲ့ဟာကိုပဲ ပြန်တောင်းမှာပဲ။ ပထမတစ်ခါ တစ်မျိုး ပြောတယ်။ ဒုတိယ တစ်ခါ တစ်မျိုးပြောတယ်။ နောက်တစ်ခါ လည်း တစ်မျိုးပြောဦးမှာပဲ။ ဘာဖြစ်လို့ လဲ ဆိုတော့ တစ်ကယ်ငြိမ်းချမ်းရေး လိုချင်တာ မဟုတ်ဘူးလေ။ လိုလားချင် ဟန် ဆောင်နေတာ။ ဒီတော့ ဘယ်လောက်ဆွေးနွေး ဆွေးနွေး သဘောတူညီချက် ရမှာ မဟုတ်ဘူး။ ဟိုပြော ဒီပြော ဟို လှည့် ဒီ လှည့် ။ ဒါ ခေါင်းဆောင်တွေရဲ့  ဗျူဟာပဲ။ ငြိမ်းချမ်းသွားရင် ဆက်ကြေးတွေ ကောက်လို့  မ၇တော့ဘူး။ တရုတ်ကုမဏီတွေဆီက ထောက်ပံ့ကြေးတွေ မရတော့ဘူး။ သစ်တွေ ကျောက်မျက်တွေ ခိုးထုတ်ရောင်းလို့  မရတော့ဘူး။ ပြီးခဲ့တဲ့ အပစ်ရပ်ကာလမှာ KIA နဲ့  မြန်မာတပ်တွေ ဝေစား မျှစား လုပ်လာခဲ့တာပဲ။ တရုတ်စီမံကိန်းတွေ ကချင်ပြည်နယ်မှာ ရှိတယ်။ အဲဒါတွေ လုပ်ဖို့  အဆင်ပြေဖို့  KIA ကို ဆက်ကြေး ပွဲခ ပေးကိုပေးရမယ်။ ဒါတွေက သူတို့ တွက်ကိန်းတွေပါ။
ဖွဘုတ် - ပြည်သူတွေက ဘယ်လို လုပ်ပေးနိုင်မလဲ။
 
ဝတုတ်- ကချင်ပြည်သူတွေဘ၀ က သနားစရာကောင်းတယ်။ အရင်တုန်းက ဂျိန်းဖောခေါင်းဆောင်တွေက ရိုးသားတယ်။ တောင်ပေါ်မှာပဲ နတ်ကိုးကွယ်ပြီး အမဲလိုက်၊ တောင်ယာခုတ်နဲ့  နေလာခဲ့ကြတာ။ အခု ခေတ် ကချင်ခေါင်းဆောင်တွေနဲ့  တစ်ခြားစီပါ။ အခုခေါင်းဆောင်တွေက လူမျိုးရေး၊ ဘာသာရေးနဲ့  မှိုင်းသွင်းတယ်။ ပြီးတော့ ဒုက္ခပဲ ရောက်နေကြ၇တာ။ ဟိုရွှေ့  ဒီရွှေ့  ဟိုပြောင်း ဒီပြောင်းနဲ့  အတည်တကျ မရှိဘူး။ စာကောင်းကောင်း မသင်ရဘူး။ အလုပ် ကောင်းကောင်း မလုပ်ရဘူး။ ဒီလို ဖြစ်နေတာ ဗမာစစ်တပ်ကြောင့် ဆိုပြီး တရားဟောတယ်။ သူတို့ အပြစ်ကို ဖုံးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ ခင်ဗျာ သူတို့  ပြောသမျှ ယုံနေကြရှာတယ်။ ပြီးတော့ လူတံတိုင်း အလုပ်ခံရတယ်။ ဒါတွေကို အခွင့် ကောင်းယူပြီး KIO ခေါင်းဆောင်တွေက မဟုတ်တရုတ်တွေ အော်မယ်။ ဗမာစစ်တပ်က ဓါတုလက်နက် သုံးနေပြီ အပြစ်မဲ့အရပ်သားတွေကို သတ်နေပြီ စသဖြင့်ပေါ့ဗျာ။ ပြည်သူတွေက တစ်ကယ့်ကို ဓါးစာခံတွေ ပါ။ KIO ခေါင်းဆောင်တွေရဲ့  အာဏာရူး ငွေမက်တဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေ သေကြေနေရတာပါ။
ဖွဘုတ်-အခုဖြစ်နေတဲ့ စစ်ပွဲနဲ့  ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
 
ဝတုတ်-သတင်းတွေထဲမှာ ဖတ်ရသလောက်ကတော့ သမတ ဦးသိန်းစိန်က နေပြည်တော်ကို လာခဲ့ပါ ဆိုပြီး ဖိတ်တယ်။ ထိုင်းနိုင်ငံမှာ တွေ့ရအောင်ဆိုပြီး ဦးအောင်မင်းက ချိန်းတယ်။ ရှောင်နေပြီးတော့မှ ရွှေလီ မှာပဲ လက်ခံတယ်။ ဒါတွေကိုလည်း ပြန်ပြီး ထေ့တာတွေ လှောင်တာတွေ ဂွမ်မော်တို့  လာနန်းတို့ က လုပ် တယ်။ သူတို့  စိတ်ခဲမှာ ဖြစ်နေတာက မြန်မာအစိုးရက တကျီကျီ တောင်းဆိုနေတော့ အိုက်တင်ခံ တယ်ပေါ့ ဗျာ။ စေ့စပ်ညှိနှိုင်းရေးမှာ သူတို့ က အထက်စီးက ဖြစ်နေပြီပေါ။ မြန်မာအစိုးရက ငြိမ်းချမ်းရေး လိုချင်ေ နတာ။ သူတို့ က မလိုချင်ဘူး။ အခု အခြေအနေမှန်က အဲဒါပဲ။ အစိုးရက ငြိမ်းချမ်း ချင်တယ်။ KIA က မငြိမ်းချမ်း ချင်ဘူး။ ဒီတော့ ဘယ်လိုပဲ ဆွေးနွေး ဆွေးနွေး မလိုချင်တဲ့သူက အဖျက် သဘောပဲ အဖျက်တွေပဲ အမြဲ တွေးနေ လုပ်နေမှာပါ။ တောထဲမှာ ဒုကရောက်နေတဲ့ကချင်ပြည်သူတွေကလည်း ဆန ကို ထုတ်ဖော် ပြောကြားဖို့  နေနေသာသာ စားဖို့ တောင် အနိုင်နိုင်။ ဟိုထွက်ပြေး ဒီထွက်ပြေးနဲ့  မငြိမ် မသက် ဖြစ်နေတာ။ သူတို့ ကို သွားမေးရင်လည်း အဲဒီလို ဖြစ်နေတာကို နာကျည်းချက်နဲ့  စစ်တပ် မကောင်းကြောင်းပဲ ပြောမှာ ပေါ့။ သူတို့ သိတာက ဗမာစစ်တပ်က တိုက်လို့  ထွက်ပြေးနေရတာပဲ။ ဒီလိုဖြစ်ေ အာင် KIA က ဆွနေ လှုပ်နေတယ်ဆိုတာ သူတို့  မသိဘူး။ ကျန်တဲ့ ပြည်သူတွေက သူတို့ အတွက် ပြောပေးဖို့  လိုပါတယ်။ တောင်းဆိုပေးဖို့  လိုပါတယ်။ KIA လက်နက် ချဖို့  မပြောပါဘူး။ တစ် ကယ် ငြိမ်းချမ်းရေးလမ်းကြောင်း ကို လျှောက်ဖို့ ပဲ လိုတာပါ။
 
ပလေတို ဒီမို
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: