Pages

Tuesday, January 15, 2013

Eleven Media အား ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ် စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express မှ သတင်းတင် ထားခြင်းနှင့် ပတ်သက်သူများ အား ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဟု ဆို

Myanmar Express ကို တရားစွဲမည် ဆိုလျှင် သတင်းလိမ်များ ဖော်ပြခြင်း၊ ဆူပူမှု သတင်းများ ဖော်ပြခြင်း၊ အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် ရန်သူ့သတင်းများ ဖော်ပြခြင်း၊ အစိုးရ အရာရှိကြီးများ အပုပ် ချခြင်း၊ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေခြင်း၊ ဆူပူမှုများ ဖြစ်ပေါ်စေရန် ပြုလုပ်ခြင်း တို့အ တွက် Eleven ကိုယ့်ကိုကိုယ် လုံပါရဲ့လားလို့သာ မေးလိုက်ချင်သည်။
 
Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့်တိုက် မည်ဟု Myanmar Express မှ သတင်းတင်ထားသည်ကို တွေ့ရကြောင်း၊ ထို့အတွက် ပတ်သက်ဆက်နွယ် သူများ အား ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း EMG တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
"Myanmar Express ကတော့ ကျွန်တော်တို့ကို ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲတာတွေ တောက်လျောက် လုပ်နေ တာပါ။ အခုလည်း ကျွန်တော်တို့ website ကို DDos နှင့် တိုက်မယ်လို့ Myanmar Media Watch မှ Hacker တစ်ဦးက ပြောတယ်ဆိုပြီး သတင်းတင်ထားတယ်။ ဒီသတင်းကို မြစ်မခ မီဒီယာက CEO၊အယ်တီတာချုပ် ဒေါ်မေသင်္ကြန်ဟိန်း အပါအ၀င် facebook ပေါ်က အကောင့်အချို့ကို Tag လုပ်ထားတာ တွေ့ရပါတယ်။ တာဝန်ရှိသူတစ်ဦးကိုယ်တိုင် လုပ်နေတယ်ဆိုတာ ကျွန်တော် တို့ ခြေ ရာခံ မိထား ပါပြီ။ Myanmar Express ၊ Voice of Myanmar နဲ့ ဒေါက်တာဆိတ်ဖွားတို့ ဆိုတာ ပြည်တွင်းကပဲ လုပ်နေတာပါ။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ဒါကို ဖော်ထုတ်နိုင်ပါတယ်။ဒါက သိပ်ခက်ခဲနေတဲ့ အရာမဟုတ်ပါဘူး။သူတို့ တကယ်ဖော်ထုတ်မယ်ဆိုရင် ရပါတယ်။ အခုအစိုးရလက်ထက် အတွင်း မှာ ဖော်ထုတ်ပေးလို့ရရင်ရ၊ ဒါမှ မဖော်ထုတ်ပေး ဘူးဆိုရင် လည်း နောက်သုံးနှစ် အစိုးရအသစ် လက် ထက် မှာ သေချာပေါက် တရားစွဲမှာပဲ။   သေ ချာပြင်ဆင် သွား မယ်၊နှစ်ဘယ်လောက်ကြာကြာ ဥပဒေ က ပြေး မလွတ်ပါဘူး၊ ကိုယ်တိုင်လုပ်သူရော၊Facebook wall ပေါ်မှာ တဆင့်ပြန် share သူကိုလည်း လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်၊ လာရောက်ရှင်းလင်းဖို့ လိုပါတယ်၊"ဟု အဆိုပါ တာဝန် ရှိသူ က ပြောပါသည်။
Myanmar Express တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ်မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှု များစွာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစား မီဒီယာဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ် ချက်ေ ပး ထားေ သာ ဒေါက်တာဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချီရေး အမည်ခံ Voice Of Myanmar ဘလော့ဂ် တွ င် ရေး သား ထားသည်ကို myanmarexpress.net နှင့် ပူးပေါင်း လုပ်ဆောင် ထားကြခြ င်းဖြစ် သည်။ Voice of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင် ထားခြင်းဖြ စ် ပြီး Myanmar Express က နောက်ထပ် တစ်နာရီအကြာတွင် တင်ထားခြင်းဖြစ်သည်။
မည်သူမဆို အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ထိုသို့ ပြုလုပ်ခြင်း၊ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက် အလက်ကို ဖြန့်ချိခြင်း စသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(ဃ) တွင် ပြဌာန်းထားချက်အရ သိရသည်။
ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာတွင် အားပေးကူညီပါက ယင်းပြစ်မှုအတွက် ဤဥပေ ဒ တွ င် ပြ ဌာန်း ထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အရေးယူနိုင်သော ပြစ်မှု တစ်ရပ် ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျင်ဖြစ်စေ၊ပြည်တွင်းမှ ပြည်ပသို့လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့ လည်းေ ကာင်း အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန် လျင်ြ ဖစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဖြစ်ကြောင်း သိရသည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ တရားစွဲဆိုရာတွင် အီလက်ထရောနစ် ဆက် သွယ်ေ ဆာင်ရွက်ရေး ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း အီလက်ထရောနစ် ဆက် သွယ်ဆောင်ရွက်ရေး ဥပဒေပါ မည်သည့်ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိကြောင်း သိရသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

Eleven Media အား ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ် စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express မှ သတင်းတင် ထားခြင်းနှင့် ပတ်သက်သူများ အား ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဟု ဆို

Labels:

0 comments: