Pages

Wednesday, January 16, 2013

ကလို့ထူးဘော DKBA နဲ့ BGF တို့ကြား တင်းမာမှုက ဘာကြောင့်လဲ

ကလို့ထူးဘော DKBA အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့ ဒီလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တင်းမာမှု ပြဿနာမှာ အသိမ်းခံခဲ့ရတဲ့လက်နက် အလက် ၄၀ ကို ဒီကေဘီအေ အဖွဲ့က ပြန်လည်ပေး အပ်ခြင်း မရှိသေးဘူးလို့ နယ်ခြားစောင့်တပ်ရင်း ၁၀၁၅ ရဲ့တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်ကပြော ပါတယ်။ "ဒီကေဘီအေက ဗိုလ်ဘိအဖွဲ့နဲ့ ကျွန်တော်တို့ တပ်ရင်းတွေ လှိုင်းဘွဲ့ မြိုင်ကြီး ငူဒေသမှာ အတူနေကြတာဘဲ စားနပ်ရိက္ခာကအစ သူတို့ကိုပေးပါတယ်၊ အဲတာကို မပြောမဆိုနဲ့ လက်နက်အလက် ၄၀ လောက်ကို သိမ်းပြီး ပစ်မယ်ခတ်မယ်လုပ်တယ်။ ဒီကိစ္စကိုအေးအေးဆေးဆေးဘဲဖြစ်ချင်ပါတယ်။ အဆင့်ဆင့် ညှိနှိုင်း မှုအရ လက်နက်အချို့ပြန်ပေးတာဘဲရှိတယ်။ ဒီပြဿနာမပြီးသေးဘူး”လို့ သူက ဧရာဝတီကိုပြောပါတယ်။

လက်နက်အသိမ်းခံရတဲ့ တပ်က တပ်မှူးတစ်ဦးပြောတာကတော့ " ပြန်ပေးတဲ့ လက်နက်တွေက အဟောင်း တွေအ ပျက်တွေဘဲပါတယ်။အလက် ၂၀ လောက်ဘဲရှိတယ်။ ဒါကမတရားလုပ်တာ" လို့ဆိုပါတယ်။

မြိုင်ကြီးငူမှာအခြေစိုက်တဲ့ ကလို့ထူးဘောက ဗိုလ်မှူးကြီးစောဘိတို့ အဖွဲ့ကတော့ မြိုင်ကြီးငူ နယ်ထဲမှာ နယ်ခြား စောင့်တပ်ကလူတွေ သက်သတ်လွတ်မစားဘဲ မူးယစ်သောက်သားတဲ့အတွက် လက်နက် သိမ်းရတာလို့ဆိုပါတယ်။

ကလို့ထူးဘော DKBA အဖွဲ့က ဘားအံမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးမောင်လေး က "လက်နက် တချို့ပြန်ပေး လိုက်ပြီး ကျန်တဲ့လက်နက်တွေကိုပြန်ပေးဘို့အတွက် စီစဉ်နေပါတယ်”ဆိုတဲ့ အကြောင်း မနေ့က ကော့ကရိတ်မှာ ဧရာဝတီကသတင်းထောက်ကိုပြောဆိုခဲ့ပါတယ်။

ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နှစ်ဘက် တင်းမာမှုကြောင့် အပြန်အလှန် စစ်ရေးပြင်ဆင်မှုတွေရှိတဲ့ အ တွက် ဒေသခံတွေ စိုးရိမ်ပူပန်မှုတွေကြီးထားနေလို့ မြိုင်ကြီးငူက ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးကပြော ပါတယ်။

နယ်ခြားစောင့်တပ်များရဲ့ အမှတ် ၂ တပ်နယ်မှူး ဗိုလ်မှူးကြီးစောကြာအင်းကတော့ "ကရင်တွေအားလုံး ဘယ်အဖွဲ့ နဲ့ဘဲဖြစ်ဖြစ် စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ဖြစ်သွားဘို့ဘဲ ဆက်လုပ်သွားမယ် လို့”ဆိုတဲ့ အကြောင်းဧရာဝတီသတင်းဌာနကို သဘောထားပေးပါတယ်။

လှိုင်းဘွဲမြို့ခံတဦးပြောတာက သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ကရင်ပြည်နယ်လှိုင်းဘွဲဒေသမှာ စစ်မီးတွေ အချိန်မရွှေးပြန်တောက်နိုင်တယ်လို့ဆိုပါတယ်။

ပြည်တော်မြင့်

ဧရာဝတီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ကလို့ထူးဘော DKBA နဲ့ BGF တို့ကြား တင်းမာမှုက ဘာကြောင့်လဲ

Labels:
 
0 comments: