Pages

Saturday, January 5, 2013

ပြည်တွင်းစစ်မှာ လေယာဉ် သုံးခွင့်မရှိ Close Air Support ပြုလုပ်ခွင့် မရှိ ဆိုသူများ ဖတ်ရန်

မနက်စောစော စီးစီးရေးစရာရင်တွင်းဖြစ်လေးပေါ်လာလို့ပါ

ပြည်တွင်းစစ်မှာ လေယာဉ်သုံးခွင့်မရှိ Close Air Support ပြုလုပ်ခွင့်မရှိလို့ ဘယ်နိုင်ငံတကာ သဘောတူ ညီချက်များရှိပါသလဲ။ ကျွန်တော် အသက်ငယ်သေးလို့ ဗဟုသုတကလည်း အများကြီး မရှိပြန်ဆိုတော့လေ မသိလို့ပါ။ သိများသိရင် ပါးစပ်ကနေ လေယာဉ်မသုံးရဖူး နိုင်ငံတကာက တားမြစ်ထားတယ်လို့ လောက်နဲ့ တော့ မပြောပါနဲ့။ အဲဒီတားမြစ်ချက် သဘောတူညီချက်ကို အပိုဒ်လိုက် comment box မှာ ဖော်ပြပေးပါ ။ နောက် အဲဒီသဘောတူညီချက်မှာ ဘယ်နှစ်နိုင်ငံလက်မှတ်ထိုးထားလည်း မြန်မာ ပါလားဆိုတာ ပါေ ဖ်ာပြပေးပါ။

ကျွန်တော်ပြောမယ်ဗျာ ကျွန်တော်သိတာက နိုင်ငံတကာမှာ မိုင်းမသုံးရတဲ့စာချုပ်ရှိတယ် အဲဒီမှာ အမေရိ ကန်တောင် လက်မှတ်မထိုးထားဘူး။ မြန်မာလည်း မထိုးထားဘူး။ အမေရိကန်တောင် အီရတ်ကော အာဖ ဂန်မှာကော ခုထိ မိုင်းသုံးတုံး။ ဗီယက်နမ်လည်း တကယ်တော့ ပြည်တွင်းစစ်ပဲ အမေရိကန်ကျူးကျော် တယ်လို့သာ လူတွေက အမြင်ရှိနေတာ ဖြစ်တာက တောင်နဲ့ မြောက်ဗီယက်နမ်ဖြစ်တာ အမေရိကန် က တောင်ပိုင်းကနေ ကူချတာ။ အဲဒီမှာ မိုင်းလည်း သုံးတယ် လေယာဉ်လည်းသုံးတယ်။ ကျွန်တော်သိ သလောက် ပြည်တွင်းစစ်လေးတွေ ပြောကြည့်မယ်နော်။

သိရိလင်္ကာပြည်တွင်းစစ်

လေယာဉ်နဲ့ချည်းတရစပ်ပစ်ကူ လုပ်ပေးလို့ ကျားလ်သူပုန်တွေ ပျောက်ရော။

ဆီးရီးယားပြည်တွင်းစစ်

ဟိုနေ့ကပဲ air attack လုပ်တာ မှားဆော်မိလို့ ပေါင်မုန့်တန်းစီနေတဲ့သူတွေအားလုံး သေကုန်ရော။

ဆိုမာလီ ပြည်တွင်းစစ်

အမေရိကန်က လေကြောင်းပစ်ကူလုပ်ပေးတာ black hawk down ဆိုပြီး ရုပ်ရှင်တောင်ထွက်လိုက်သေး။

ကိုးရီးယားပြည်တွင်းစစ် 

အမေရိကန်က ဗုံးကြဲတာ တောင်ဖက်ကနေ သောက်သောက်လဲ ပြည်သူတွေသေတာ။

တရုတ်ပြည်တွင်းစစ်

ချန်ကေရှိတ်ကော မော်စီတုန်းရော လေကြောင်းတိုက်ပွဲတွေ အကြီးအကျယ်ဆင်နွှဲကြသေးတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း

ခဏခဏကို အစ္စရေးက F-16 နဲ့ တက်တက်ဆော်လို့ သေလိုက်တဲ့ ပါလက်စတိုင်းပြည်သူတွေ။

စပိန်ပြည်တွင်းစစ်

သုံးလိုက်တဲ့လေကြောင်းပစ်ကူ ရပ်ကို မရပ်တော့တာ ပြီးတဲ့အထိပဲ။

ကဲပြောပါဦး ဘယ်ပြည်တွင်းစစ်မှာ ဘယ်နိုင်ငံက လေယာဉ်မသုံးတာ လေကြောင်းပစ်ကို မလုပ် တာ ရှိလ ည်း။ ကြားဖူးနားဝတွေကို လျှောက်ပြော ယုံတဲ့သူကလည်း ပြောတိုင်းယုံ ကိုယ်တိုင် ဟုတ်လား မဟုတ် လား မစုံစမ်းဘူး။

1 comment:

  1. မှန်လိုက်တာမှဗျာ ဒါတောင် အပေါ့စားလေးတွေပဲသုံးတာနော်
    ဖိုက်တာတွေမသုံးသေးဘူး
    ဖိုက်တာတွေသာသုံး၇င်တော့ ......

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

1 comments:

မှန်လိုက်တာမှဗျာ ဒါတောင် အပေါ့စားလေးတွေပဲသုံးတာနော်
ဖိုက်တာတွေမသုံးသေးဘူး
ဖိုက်တာတွေသာသုံး၇င်တော့ ......

Post a Comment