Pages

Saturday, January 5, 2013

Citizenship နဲ့  ကျွန်စိတ်ဓါတ်

တရုတ် ရာဇသံနဲ့  မျိုးချစ်စိတ်
**********************

ဒီကနေ့  စိတ်မကောင်းစရာတွေ အများကြီးတွေ့ရသလို ကျွန်တော်တို့ လူမျိုးတွေရဲ့ အတွင်းစိတ်တွေကို ဖျတ်ကနဲ ဖျတ်ကနဲ Snap Shot မြင်လိုက်ရပါတယ်။ စိတ်မကောင်းစရာပါ။ ဒီနေရာမှ ဓမ္မဓိဌာန်ကျ ကျ စဉ်းစားကြည့်မိပါတယ်။ အတွေးစတွေလည်း အများကြီး ပေါ်လာပါတယ်။ အတိုက်အခံစိတ်ဓါတ် ဆိုတာ ကိုလည်း သံဝေဂ ရစရာ သတိပြုမိပါတယ်။

ပထမဆုံးက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားချက် ဖြစ်ပါတယ်။ သူတို့ပိုင်နက် နယ်မြေထဲကို ဗုံး(၃)လုံး (အမြောက်ကျည်ဆန် ၃ တောင့်လည်း ဖြစ်နိုင်တယ်) ကျတဲ့အတွက် ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ၊ နောင်အလားတူ မဖြစ်အောင် ရှောင်ရှားဖို့  ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်လို အစွဲမျိုးမှ မထားဘဲ ရိုးရိုးကလေး စဉ်းစားကြည့်နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ အချုပ်အခြာပိုင် လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဘယ်သူ့ လက်အောက်ခံမှ မဟုတ်သလို ဘယ်သူ့  သြဇာခံမှ မဟုတ်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံကို ရာဇသံ ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခုတည်းကို ကျွန်တော်တို့ ကြည့်လို့ မရပါဘူး။ ခြုံငုံစဉ်းစားကြည့်မှ အဖြေပေါ်လာမှာပါ။

တရုတ်ပြည်တွင်းက CCTV-4, CCTV-13 ဆိုတဲ့ ရုပ်မြင်သံကြားလိုင်းတွေမှာ ကချင်စစ်ပွဲသတင်းတွေ လွှင့်ပါတယ်။ KIA ဘက်က အွန်လိုင်းတင်ထားတဲ့ Movie တွေကို ပြသသွားတာ ဖြစ်ပါတယ်။ CCTV လိုင်းတွေဟာ အစိုးရပိုင် လိုင်းတွေပါ။ တရုတ်နိင်ငံရဲ့  မီဒီယာ ပေါ်လစီကို ပါတီက ကိုင်ထားတာ ဖြ စ် ပါတယ်။ ပြည်နယ်တီဗွီလိုင်းတွေ အခြားရေဒီယိုလိုင်းတွေ အားလုံးဟာ CCTV က ထုတ်ပြန်ချက်တွေကို အခြေခံပြီး ထပ်ဆင့် ထုတ်လွှင့်ကြရတာ ဖြစ်ပါတယ်။ ဒီတော့ ဒီသတင်းထုတ်ပြန်ချက်တွေဟာ တစ်နည်း အားဖြင့် တရုတ်နိုင်ငံအစိုးရရဲ့  အာဘော်လို့  ယူဆနိုင်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့  ဒီလို စောဒက တက်တာကို အပြစ် မမြင်ပါဘူး။ ဒါပေမယ့် ဒါမျိုးဟာ နှစ်နိုင်ငံ ချစ် ကြည်ရင်းနှီးမှုအရ တရားဝင် မီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ သံအမတ်တွေ-သံရုံးတွေ က တဆင့် အသိပေးရတာမျိုး ဖြစ်ပါတယ်။ ဒီလို ပြင်ပမီဒီယာကို ထုတ်ဖော်ပြောလိုက်တဲ့အတွက် တရုတ်အ စိုးရရဲ့  သဘောထားဟာ ဘာလဲဆိုတာ စဉ်းစားဖို့  ကောင်းနေပါတယ်။ ဒါက နောက်တစ်ချက်ပါ။

ဒါဆိုရင် ဆင့်ပွားစဉ်းစားစရာ ဖြစ်လာတာက ဒီလိုမျိုး နယ်စပ်မှာ သူပုန်တွေ မွေးထားရင် ဒီလိုမျိုး နယ်ေ ကျာ် ကျည်ကျ ဆိုတဲ့ ဖြစ်စဉ်တွေကို ရှောင်လွှဲလို့  မရပါဘူး။ ဒါကို နားလည်မှု ရှိရပါလိမ့်မယ်။ ကချင်မှာ ဒီလို သူပုန်တွေ မွေးထားတဲ့အတွက် မြန်မာနိုင်ငံ ဘယ်လောက် ဒုက္ခရောက်နေသလဲ ဆိုတာ စစ်မှန်တဲ့ အိမ်နီးချင်းကောင်းဆိုရင် သိဖို့ကောင်းပါပြီ။

မိတ်ဆွေများ စဉ်းစားကြည့် ပါ။ ကချင်ပြည်နယ်မှာ KIA မရှိတော့ရင်၊ KIA အစိုးရနဲ့  ငြိမ်းချမ်းရေး ရရင် ဘယ်လိုအနေအထားမျို ဖြစ်လာမလဲ။ ဖြည့်တွေး စဉ်းစားကြည့်ပါ။ အခုလို တိုးတက်မှုတွေ နောက် ကျနေ တာဟာ အဓိက KIO ခေါင်းဆောင်တွေမှာလည်း တာဝန်အများကြီး ရှိပါတယ်။ ဒီလိုမျိုး သူပုန်ေ တွ   မွေးမြူ ထောက်ပံ့ပေးထားပြီး သက်ဆိုးရှည်အောင် လုပ်ထားပြီးမှ အခုလို ကြုံရတော့ သတိပေးတယ် ဆိုတဲ့ သဘောဟာ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ အတော် ဆိုးပါတယ်။ ဒါက နောက်တစ်ချက်ပါ။

ဒါဟာ မြန်မာတစ်နိုင်ငံလုံးကို ရာဇသံပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံသားတွေ နားလည်ဖို့  လိုပါ တယ်။ ဒါကို ခံပြင်းတတ်ဖို့  လိုပါတယ်။ ဒါကို မခံမရပ်နိုင် ဖြစ်ဖို့  လိုပါတယ်။ အဲဒီထက် ပိုဆိုးတာ က တရုတ်က ဒီလို ပြောလိုက်တာကို ၀မ်းသာအားရ-ဟန်မဆောင်ပန်မဆောင်နိုင်ဘဲ လက်ခုပ်တီးနေကြတဲ့ ဒီမိုအုပ်စုတွေ၊ ဘင်္ဂလီအုပ်စုတွေ၊ အခြားအုပ်စုတွေ ရဲ့  စိတ်ဓါတ်တွေကို ပိုပြီး အံ့သြရပါတယ်။ စိတ်မကောင်းစရာ စိတ်ဓါတ်တွေပါ။

ကုလသမဂ္ဂကြေညာချက်နဲ့  ကျွန်စိတ်ဓါတ်
*******************************

ဘန်ကီမွန်းရုံးက ကြေညာချက် ထုတ်ပါတယ်။ ဒီကြေညာချက်က ထုံးစံအတိုင်း အပြစ်မဲ့ အရပ်သား ပြည် သူေ တွ သေကြေပျက်စီးမှာ၊ စစ်ဘေးသင့် ဒုက္ခသည်တွေ ဒုက္ခ ရောက်ကြရမှာ ဒါတွေအတွက် စိုးရိမ်ပူပ န်ကြောင်း၊ ငြိမ်းချမ်းစွာ အဖြေရှာဖို့  တိုက်တွန်းကြောင်း ပြောထားတာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဘယ်နိုင်ငံမှာပဲ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ဖြစ်၊ ဆူပူမှုတွေ ဖြစ်ဖြစ် UN ကတော့ ဒီလိုပဲ တိုက် တွန်းလေ့ ရှိပါတယ်။ ဒီလိုပဲ တိုက်တွန်းရတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ကူညီခွင့် ပေးဖို့  တောင်းဆို တာေ တွဟာလည်း လုပ်ရိုးလုပ်စဉ်တွေပါ။ ပြောရရင် ဒါတွေဟာ UN ရဲ့ Language Format တွေ ဖြစ်ပါ တယ်။

ဒါကို တစ်ဆိတ် တစ်အိတ် လုပ်ကြတဲ့ ပုဂ္ဂိုလ်ကြီးများက လေကြောင်းတိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်ဖို့ေ တာင်းဆိုတယ် ဆိုပြီး ပုံကြီးချဲ့ လာတာကို တွေ့ရပါတယ်။

ဂျနီဗာကွန်ဗင်းရှင်းတွေ သေသေချာချာ ဖတ်ဖူးပါသလား၊ Protect to the Civilians in armed conflicts ဆိုတာတွေ လေ့လာဖူးပါသလား။ ပြည်တွင်းစစ်မှာ လေကြောင်း မသုံးရ ဆိုတာ သည်ဟိတ်သဘော တူညီ ချက်ထဲမှာ ပါခဲ့ပေမယ့် ဆူပါ ပါဝါတွေရဲ့  အကျိုးစီးပွားတွေကြောင့် သဘောတူညီချက်ဘ၀ ရောက်ရှိ မလာ ခဲ့တဲ့ စိတ်ကူးယဉ်စာတမ်းတစ်ခု သက်သက် ဖြစ်ပါတယ်။

ဒီနေရာမှာ UN က ဒီလို တောင်းဆိုတာကို ၀မ်းသာအားရ ဝေဖန်ကြတဲ့ သူတွေ၊ UN က လေကြောင်း တို က်ခိုက်မှုတွေ ရပ်ဖို့  တောင်းဆိုတာာ အစိုးရ တာဝန်ရှိသူတွေ အဖြေ မတတ်လို့  ၊ လုပ်တာကိုင်တာ ညံ့ လို့  ဆိုပြီး နောက်ကျောကို ဓါးနဲ့ ဖိုးတဲ့သူတွေ၊ ပလက်ဖောင်း ရအောင် အတင်း လုပ်ယူကြတဲ့သူတွေ တွေ့ရတဲ့အတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။ စိတ်ဓါတ်တွေ ဒီလောက်တောင် ညံ့ဖျင်းကြပါလား ဆိုပြီး အောချယူရတဲ့အထိ ဖြစ်ရပါတယ်။

မြအေးနဲ့  စစ်သုံ့ပန်း
***************

အခု နောက်ဆုံး ကြားသိရတာက အစိုးရက လက်ခံရင် စစ်သုံ့ပန်းတွေ မြအေးနဲ့  ပြန်လွှတ်ပေးလိုက်မယ် ဆိုတဲ့ KIA ရဲ့  လုပ်ကွက်။ ဒါဟာ စစ်တပ်ကို စော်ကားလိုက်တာပဲ ဖြစ် ပါတယ်။ အစိုးရဘက် က ငြိမ်း ချမ်းေ ရးဆွေးနွေးဖို့  ကမ်းလှမ်းနေတာ တောက်လျှောက်ပါ။ အခုနောက်ဆုံး သမ္မတဦသိန်းစိန်ရဲ့  ထုတ်ပြန် ချက်မှာ လက်ကမ်း လမ်းဖွင့် လုပ်ထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေ၊ ငြိမ်းချမ်းရေးပွဲစားတွေ ဒီလောက် ချယ်နယ်တွေ ရှိနေတာ ကို မြေ အးနဲ့  ပြန်ပေးမယ် ဆိုတဲ့ သဘောက ဘာလဲ စဉ်းစားစရာပါ။  သာမန် သုံ့ပန်း မဟုတ်တဲ့ဟာ ကို၊ အဲဒီမှာ မြောက်ပိုင်းတိုင်း တိုင်းမှူး ရှိနေတဲ့ဟာကို မြအေးနဲ့  လမ်းခင်းတာ ဘာအဓိပါယ်လဲ။ စစ်တပ်ကို-အ စိုရကို သိက္ခာချလိုက်တာလို့ပဲ မြင်ပါတယ်။

မြအေးသည် ငြိမ်းချမ်းရေးအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိ။ တာဝန် ပေးအပ်ထားခြင်းလည်း မရှိ။ ၀န်ကြီး၊ ဗိုလ်ချုပ် များရှိပါလျှက် ထိုကိစ္စကို မြအေးမှ အသံထွက်ခြင်းသည် ပုံမှန်မဟုတ်။
 
နောက်တစ်ချက်က မြအေးအနေနဲ့  ဒီကမ်းလှမ်းချက်ကို လက်ခံသင့်သလား စဉ်းစားဖို့  လိုပါတ ယ် ။ မြအေးက KIA ရဲ့  ကျေးဇူးရှင်ကြီးလား။ မြအေးက စစ်တပ်ရဲ့ ကျေးဇူးရှင်ကြီးလား။ မြအေးဆိုတဲ့ ဘင်္ဂ လီဟာ ဒီလိုမျိုး ထားရှိသင့်သလား။ KIA ရဲ့  လုပ်ရပ်ဟာ စဉ်းစားစရာတွေ တစ်ပုံကြီး ဖြစ်စေပါတယ်။
စစ်မြေပြင်မှာ ရန်သူ ဆိုသော်လည်း အပြန်အလှန် လေးစားမှု ဆိုတာ ရှိရပါတယ်။ စစ်တပ်က စစ်သည်ေ တွကို စစ်တပ်လက်ထဲ ပြန်ပြီး လွှဲပြောင်းပေးဖို့ အဲဒီလောက် ခက်ခဲနေစရာ ဖြစ်နေပါသလား။ ရှင်းရှ င်း ပြော ရရင် KIA က မြန်မာစစ်တပ်ကို အရှက်ခွဲချင်လို့  လုပ်တာ ဖြစ်ပါတယ်။

Citizenship
********
 
နိုင်ငံသားစိတ်ဓါတ် ဆိုတာ နိုင်ငံတစ်ခုလုံးရဲ့  အသက်ဝိဥာဉ် ဖြစ်ပါတယ်။ ဒီနိုင်ငံသားစိတ်ဓါတ်ဟာ နိုင်ငံကို ချစ်စိတ် ရှိမှ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အတိုက်အခံ လုပ်မယ် ဆို တဲ့ စိတ်ဓါတ်တွေေ ကြာင့် စစ်တပ်ဟာ လူကြမ်းအဖြစ် သတ်မှတ်နေကြတာ ဖြစ်ပါတယ်။

လူကြမ်းက ဘယ်သူလဲ ဘက်မလိုက်တမ်း စဉ်းစားကြည့်ကြဖို့ ကောင်းပါပြီ။ အခု KIA ခေါင်းေ ဆာင်ေ တွ ကိုယ်တိုင် ဗုံးခွဲပါတယ်၊ မိုင်းခွဲပါတယ်၊ ခြုံခိုတိုက်ပါတယ် ဆိုတာတွေကို ၀န်ခံ ပြောကြားထားပြီး ဖြစ်ပါ တယ်။ ဒါတွေဟာ ကချင်ပြည်နယ် ကောင်းစားရေးလား၊ ကချင်လူမျိုးကောင်းစားရေးလား။ မီဒီယာတွေ ဘက်မလိုက်တမ်း စဉ်းစားကြဖို့ လိုပါတယ်။

KIA က လူသတ်၊ မိုင်းထောင်၊ ဗုံးခွဲ လုပ်နေတဲ့အချိန်မှာ ဆန္ဒပြတာတွေ မရှိခဲ့ဘဲ စစ်တပ်က တိုက်တဲ့ အချိန်မှ ဆန္ဒပြတာတွေ လုပ်ကြတဲ့ နိုင်ငံရေးသမားတွေ၊ ပလက်ဖောင်း မင်းသားတွေ သတိပြုကြ ဖို့ ကောင်းပါတယ်။ ငြိမ်းချမ်းရေးကို တစ်ကယ် မြတ်နိုးကြတယ် ဆိုရင် ဘက်မလိုက်တမ်း ရပ်တည်ကြဖို့  လိုပါတယ်။အကြမ်းဘက်တာတွေကို အကြမ်းဘက်တာတွေလို့  မြင်ဖို့  လိုပါတယ်။

နောက်တစ်ခု ပြောချင်တာက မြန်မာနိုင်ငံက စစ်အင်အားဟာ တရုတ်ကို အသာကလေး တိုက်နိုင်တဲ့ အခြေအနေ ရှိခဲ့ရင် တရုတ်နိုင်ငံ ဒီကနေ့  လို ပြောမလား စဉ်းစားကြည့်ပါ။ စစ်တပ် အင်အားတောင့် မှ တခြားတိုင်းပြည်တွေက လေးစား ခန့် ညားမှာ ဆိုတာကိုလည်း စစ်တပ်ကို ချည့်နဲ့ အောင် လုပ်ချင်နေ ကြတဲ့၊ စစ်တပ်ကို ဘတ်ဂျက်ဖြတ်ဖို့ ပဲ တွေးတော နေကြတဲ့ နိုင်ငံရေးသမားတွေ၊ ပလက်ဖောင်းမင်းသားေ တွ စဉ်းစားကြဖို့  ပြောချင်ပါတယ်။

နိုင်ငံသားစိတ်ဓါတ် ရှိကြဖို့  လိုပါတယ်။ နိုင်ငံသားစိတ်ဓါတ် ရှိလာအောင် မွေးမြူကြဖို့  လိုပါတယ်။ ဒီ လို မွေးမြူနိုင်အောင် နိုင်ငံသားစိတ်ဓါတ်ဆိုတာ ဘာလဲ ဆိုတာကို နားလည် ဖို့  လိုပါတယ်။ အရှင်း ဆုံး  ပြော ရရင် နိုင်ငံသားစိတ်ဓါတ်ဆိုတာ အမျိုးသားရေးစိတ်ဓါတ်ပါ။ အဲဒီ စိတ်ဓါတ်နဲ့  လုပ်ကိုင်ဆော င်ရွက် တဲ့ နိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေးပါ။ ဒါကမှ စစ်မှန်တဲ့ အမျိုးသားနိုင်ငံရေးပါ။ အမျိုးသားနို င်ငံရေး ဟာ တိုင်းပြည်အတွက်ပဲ ဦးထိပ်ထားပါတယ်။ အမျိုးသားနိုင်ငံရေးဟာ ရွေးကောက်ပွဲတွေ၊ အမတ်နေရာေ တွ ၊ အစိုးရအဖွဲ့ တွေ အလေးမထားပါဘူး။ အမျိုးသားနိုင်ငံရေးဟာ ပလက်ဖောင်းတွေ မရှာပါဘူး။ ဒါလေး သိထားရင်ဘဲ တော်လှပြီ ထင်ပါတယ်။
ပလေတို ဒီမို

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: