Pages

Saturday, January 5, 2013

မင်းတို့နာတာထက် ၁၀ ဆ ပိုနာတယ်

စစ်ပွဲအတွင်း သေရတာ စစ်သားဖြစ်တဲ့ သူတို့အတွက် သိမ်ငယ်စရာ အဖြစ် မဟုတ်ဘူး။

မြေပုံပေါ်က အစက်တစ်စက်ကို မြန်မာတစ်နိုင်ငံလုံး သွားလာလည်ပတ်ဖို့ သူတို့ အသက်ပေးရတာလည်း ၀မ်းနည်းမိရင်တောင် ဂုဏ်ယူတာက အဆစ်ပါသေးတယ်။

စစ်စိမ်းရောင် ယူနီဖောင်းဝတ်ပြီး နိုင်ငံတော် အလံရှေ့မှာ အသက်ကို ပေးပါ့မယ်လို့ သစ္စာဆိုခဲ့တာလည်း တစ်ရက်မပြတ်ခဲ့တဲ့ သူတို့က မြန်မာနိုင်ငံရဲ့ စစ်သားတွေကွ။

သေသွားတဲ့ အလောင်းတွေ ဘေးမှာကြည့်။ မင်းတို့ ငါတို့ နိုင်ငံကို ကာကွယ်ဖို့ ရိက္ခာပေးထားတဲ့ ဆန်စေ့တွေ။

သေသွားတဲ့ ရုပ်အလောင်း ပေါ်ကိုကြည့်။ မင်းတို့ ငါတို့ နိုင်ငံကို ကာကွယ်ရင်း ရခဲ့တဲ့ ဒဏ်ရာတွေ။

လက်သည်း ဆိတ်ရင် လက်ထိပ်နာတယ်။ 

ငြိမ်းချမ်းရေးဆိုတာ အတွက် သည်းခံရင်း အသက်ပေးရတာမို့ မင်းတို့နာတာထက် ၁၀ ဆ ပိုနာတယ်ကွ။
မင်းတို့နာတာထက် ၁၀ ဆ ပိုနာတယ်…
===========================

Opposite Eye 
စစ်သား တိုက်ပွဲမှာ သေတာမဆန်းဘူး ... ဒါပေမယ့် ဒီလောက်ပေးဆပ် ရင်းနီးထားခဲ့ ပြီးတာကိုေ တာင် ငြိမ်းချမ်းရေး ဆိုပြီး ရန်သူကို ဆက်  အားမွေး ခိုင်းဦးမယ် နောက်တကြိမ် ထပ်ပြီး ထကြွလာပြန် ရင် ရှေ့ဆုံက စစ်သားတွေ က ထပ်သေပေးကြရဦးမယ် ဆိုရင်တော့ ခေါင်းဆောင်ကောင်း မပီသသော သူများ ကြောင့် အလဟသ သေဆုံးပေးခဲ့ ရတဲ့ သူတွေလို့ ပဲ ပြောရတော့ မှာပဲ ....

ငြိမ်းချမ်းရေးနိုဘယ်ဆုလိုချင်နေကြတာလားဗျာ ... သေဆုံးကြရတဲ့ သူတွေ မှာ လဲ မှီခိုသူတွေ နဲ့ မိ သားစုတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လူတွေထဲ ကလူတွေပါပဲ .... သူတို့ အသက်တွေ ၊ သူတို့ ပေးဆပ် ခဲ့တာတွေ ၊ အပင်ပန်း အဆင်းရဲခံခဲ့ တာတွေ ဟာ မနိုင်တော့မှ လုပ်ကွက် ဇတ်ကွက် ခင်းလာတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကား အောက်မှာ ပျောက်ဆုံးရတော့မှာလား .... 

နောက်တကြိမ် ရန်သူကိုထပ်ပြီး အားမွေး ခိုင်းဦးမလို့ လား .... ဒီပုံအတိုင်းသွားရင် မြန်မာနိုင်ငံ ပျက် ပါလိမ့်မယ် .... ခုဆိုရင် ငြိမ်းချမ်းရေးယူထားတဲ့ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းပေါင်း များ စွာ ရှိနေပါတယ် ... အရင် က KIA ဆိုတာလဲ ငြိမ်းချမ်းရေး အဖွဲ့ အစည်း တစ်ခု အဖြစ် ဆယ် စုနှစ်နဲ့ ချီပြီးအားမွေးခဲ့တာပါ .... လက်တွေ့သေပေးရတဲ့ အသက်တွေ ဟာ တန်ဖိုးမရှိတဲ့ အသက်ေ တွလား သမ္မတကြီး တို့ ခင်ဗျာ .....

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: