Pages

Sunday, January 6, 2013

ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း - ၁

ဘလောခ်ဖွင့်ခြင်းတယ် မဖွင့်တတ်တဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါ တယ် ဘလောခ်ဖွင့်နည်း 2မျိုး တည်က အဆင်ပြေတာပဲ ဖော်ပြလိုက်ပါတယ်..

အဆင့် (၁)

ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန်လိုအပ်ပါသည်။ www.blogger.com ကိုသွားပါ။ သင်၏ Gmail နှင့် စကားဝှက်ကို ထည့် သွင်းပါ။(အောက်ပါပုံကို ကြည့်ပါ)

အဆင့် (၂)

အထက်ပါပုံအတိုင်းအတိုင်း Create a limited Blogger profile ဆိုတာကိုနှိပ်ပါ။

အဆင့် (၃)

Display Name မှာ မိမိစာရေးမည့် ကလောင်နာမည်ကိုဖြည့်စွတ်ပါ ပြီးပါက Continue to Blogger
ဆို တာကို နှိပ်ပါ။

အဆင့် (၄)

အခုဆိုလျှင် ဘလောခ်တစ်ခုတည်ဆောက်ရန် အဆင်သင့်ဖြစ်ပါပြီး အဲဒီတော့ အထက်ပါပုံအတိုင်း မျှားပြထားတဲ့ New Blog ဆိုတာကိုနှိပ်ပါ။

အဆင့် (၅)

ကဲ အထက်ပါပုံမှာပါတဲ့အတိုင်း 

Title ဆိုတဲ့အကွက်မှာတော့ မိမိတို့ဘလောခ်နာမည်ပေါ့ တကယ်လို မိမိတို့ ဘလောခ်ကို Google ကနေ ရှာမယ်ဆို အလွယ်တကူရှာတွေ့မယ်နာမည်ပေါ့.(မှတ်ချက်- ဒီနေရာမှာက ကြိုက်တဲ့နာမည်ပေး လို့ရတ ယ် ပြသနာမရှိဘူး- သူများပေးပြီးသာ နာမည်ပေးလည် ပြသနာမရှိဘူး မိမိတို့ကြိုက်နှစ်သက်ရာ နာမည်ေ ပါ့ ကျနော် ကတော့ ကိုလင်း သလ္လာဝတီ ဆိုတဲ့နာမည်ပဲပေးလိုက်တယ်)

Address ဆိုတာက မိမိတို့ဘလောခ်လိပ်စာပေါ့.. (မှတ်ချက်--ဒီမှာကျတော့ Title လိုကိုယ်ပေးခြင်း သ လို ပေးမရတော့ဘူး မိမိအရှေ့မှာ အရင်ဖွင့်ထားတဲ့ နာမည်တွေဆို ပေးမရပါ။ ရှင်းအောင်ပြောရမယ်ဆို အပြင်မှာ အိမ်လိပ်စာတွေ ထားသလိုပေါ့ဗျာ..တူလို့မရဘူးပေါ့) ကျနော်ကတော့ kolinthalarwaddy လို့ေ ပးလိုက်တယ်။

Template ဆိုတာက မိမိတို့ဘလောခ် ဒီဇိုင်ပေါ့ အဲဒီဘေးနာက မျှားလေးကို ဆွဲပြီး စိတ်ကြိုက်ရွေးလိုက်ပါ (မှတ်ချက်-Template ကိုနောက်မှ မိမိစိတ်တိုင်းကျ ပြန်လည်ပြင်ဆင်နည်းတွေကို ကျနော် သီးသန့်တင်ေ ပးပါမယ်) 

အပေါ်က အဆင့်တွေ အားလုံးအဆင်ပြေပြီးဆိုတာနဲ့Create blog ဆိုတာကိုနှိပ်လိုက်ပါ။

အဆင့် (၆) 

အခုဆို ဘလောခ်တစ်ခုကို ပိုင်ဆိုင်သွားပါပြီး မိမိဘလောခ်ကိုကြည့်လိုပါက View blog ဆိုတာကိုနှိပ်ပြီး ကြည့်လိုက်ပါ။

ရှေ့မှာ ဘလောခ်ကို ပြင်ဆင်ပုံကို ဆက်လက်ဖော်ပြပါမည်။ 

နည်းပညာမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက်

ကိုလင်းသလ္လာဝတီ 
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: