Pages

Thursday, January 3, 2013

ဝါရင့်သမ္ဘာရင့် ဆရာ မောင်သွေးချွန်ရဲ့ သန်း ၆၀ သို့ ခြောက်လှန့်စာ

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဝါရင့်သမ္ဘာရင့် ဆရာ မောင်သွေးချွန် ရဲ့ '' ရွှေတိဂုံဘုရား လင်းတနား တိုင်းကားပြည်ရွာ ပျက်မှာလား '' ဆိုတဲ့ခေါင်းစဉ် နဲ့ဖော်ပြထားတဲ့ ဆောင်းပါး ဖတ် လိုက် ရပါတယ်။ ခေါင်းစဉ်ကို ဖတ်ကြည့်ရုံနဲ့ နိုင်ငံသား တစ်ယောက် အနေနဲ့ စိုးရိမ်စိတ် ဝင်သလိုဖြစ်တဲ့ အတွက် ဆက်ဖတ်ကြည့် တော့ ဟုတ်မလိုလိုနဲ့ ဝါရင့်မီဒီယာသမားတစ်ယောက်က သန်း ၆ဝ သောမြန် မာ ပြည် သူတွေ စိတ်ခြောက်ခြားအောင်ရေးထားတဲ့စာဖြစ်နေပါရောလားဗျာ။

ဆရာမောင်သွေးချွန်ကဆောင်းပါးအစမှာဘဲ ရွှေတိဂုံ ကိုစေတီကြီးကို ငှက်လောကမှာ အယုတ်ဆုံး အညံ့ ဆုံး လင်းတတွေ နားတာဟာ အုပ်ချုပ်သူမင်းအစိုးရရော၊ ပြည်သူတွေရော၊ သာသနာတော် ကြီးအတွ က်ေ ရာ စိတ်ပူ စရာ ဖြစ်တယ်အစချီပြီး ရေးသားထားတာတွေ့ရ ပါတယ်။ ဆောင်းပါးတစ်ပုဒ်လုံးဖတ်ကြည့် ပြီးတော့ ဆရာမောင်သွေး ချွန်က မြန်မာနိုင်ငံသားများ ကိုပေးလိုတဲ့ သတင်း Message က မြန်မာနိုင်ငံမှာ တည်ငြိမ် အေးချမ်း မှု မရှိဘဲ ပြည်သူလူထု ဒုက္ခသုက္ခတွေ အကြီးအကျယ်ခံစားရမယ့် သဘောရေး ထားတာတွေ့ရပါ  တယ်။
ဆောင်းပါးမှာဖော်ပြထားသလို လင်းတဆိုတာအတိတ်ကောင်း နိမိတ်ကောင်းဆောင်တဲ့ ငှက်တိ၇စ္ဆာန် မဟုတ် ဘူး လို့တော့ ရှေးအယူအဆအရ သတ်မှတ်ကောင်း သတ်မှတ်နိုင် ပါလိမ့်မယ်။ လင်းတတွေက မူလ ကျက်စားရာ ဟိမဝန္တာတောင်ရဲ့ မြောက်ဘက် မွန်ဂိုလီးယား၊ တိဘက်ဒေသတွေမှာ ရာသီဥတု အလွန်အေး တဲ့ ကာလ မှာနွေးထွေးသော ကမ္ဘာ့တောင် ဘက်ခြမ်းဒေသများ သို့ ဆောင်းခိုရန် မိုင်ထောင် ချီပြီးလေဟုန် စီး ပျံသန်းရင်း အတောင်ညောင်းလို့၊ ဝင်ရောက် နားခိုခြင်း သာဖြစ်ပါတယ်။ လင်းတငှက်တွေက အတောင် ဖြန့်ပြီး ပျံတဲ့ အမျိုးအစားမဟုတ်ဘဲ လေဟုန်စီးပြီးပျံတဲ့အမျိုးအစားဖြစ်ပြီး၊ မနှစ်ကလည်း ရန်ကုန်မှာ ဆိုရင် ရွှေဂုံတိုင် ဘက်က ဖုန်းတိုင်တွေမှာ နားတာတွေ့ခဲ့ရသလို၊ မကွေးတိုင်းဘက်မှာလည်း တွေ့လေ့ရှိပါတယ်။

အရင် တုန်း ကလည်း တခြားနေရာတွေ၊ မြင့်တဲ့နေရာတွေမှာနားခဲ့တာ၊ မြန်မာနိုင်ငံအနှံ့အပြားသို့ လင်းတ ဆင်းသက်ခြင်းမှာ နှစ်စဉ်ဖြစ်ပွား ခဲ့တာတွေကို သတိမမူမိ ကြပါဘူး။ ဒီနှစ်လည်း ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာ ဘက်မှာလည်း ထိုကဲ့သို့သောဆောင်း ခိုငှက်ကြီးများ ဆင်းသက် တာတွေရှိခဲ့ တာကို ဆရာမောင်သွေးချွန် မသိဘဲ မနေဘူးလို့ထင်ပါတယ်။
မိမိတို့ဒေသတွင်းသို့ တစ်ခဏ ခိုနားရန် စတည်းချခြင်း၊ သို့မဟုတ် လမ်းမှားလာခြင်းမှ တစ်ပါး တခြားမည် သည့်ပြစ်မှုကို မှကျူးလွန် ထားခြင်းမရှိသော အပြစ်မဲ့ငှက်ကြီး များကိုယိုးမယ်ဖွဲ့ ပွဲဆူအောင်မဲတူလုပ်တာ ကိုတော့ ဆရာ ဗဟုသုတ ရစေချင်လို့ အသိပေး လိုက်ပါတယ်။
ဒါပေမယ့် ဆရာမောင်သွေးချွန်က ဒီလင်းတတွေ လာနားတာနဲ့ လက်ပံတောင်းတောင်အရေး ကိစ္စတွေ၊ရခိုင် ပြည် နယ် အရေးကိစ္စ၊ ပြည်တွင်းငြိမ်း ချမ်းရေး အခြေအနေတွေ၊ သာသနာတော် အရေးကိစ္စတွေ ကသောင်း ကနင်းဖြစ်ပြီး အုပ်ချုပ်သူ မင်းအစိုးရ (အစိုးရ အဖွဲ့ )ပါ ဒုက္ခရောက်တော့မယ့် သဘောရေး သားထားတာ ကတော့ တမင်ခြိမ်းခြောက် လိုဟန်တွေ ပါနေပါတယ်။ တစ်နည်းပြော ရရင်တော့ အေးအေးချမ်းချမ်း နဲ့နေလို တဲ့ ပြည်သူ တွေကို အဓိကရုဏ်းဖြစ်တော့မယ့်ပုံစံနဲ့ ခြောက်လှန့်လိုက်တာဘဲဖြစ်ပါတယ်။

ဒီလိုခြောက်လှန့် တဲ့နေရာမှာ မောင်သွေးချွန်က ၁၉၈၈ အရေးအခင်းကို နမူနာပြဖော်ပြ ထားသလို ၂ဝဝ၇ ရွှေဝါရောင် အရေး အခင်း မတိုင်မီ ရွှေဂုံတိုင် တာဝါမှာ လင်းတတွေ နားခဲ့တယ်လို့ အထောက် အထားမဲ့ စွာနဲ့ ခြောက် လှန့်ရင်း မြှောက်ထိုး ပင့်ကော် လုပ် နှပ်ကြောင်းပေး ခဲ့တာ တွေ့ရ ပါတယ်။ သန်း ၆ဝသောပြည် သူများ က သမ္မတဦးသိန်းစိန်ပြောခဲ့သလို နောက်ကြောင်းပြန်မလှည့်စတမ်းနဲ့ ဒီမို ကရေစီနိုင်ငံတော်ေ ဖ်ာဆောင်နေ ချိန်မှာ မောင်သွေးချွန် ကဲ့သို့သော အရိုး ရင့်ကြီးမိုက်တွေက ကလောင်လက်နက် အားကိုးနဲ့ ပြည်သူေ တွကို နောက်ကြောင်းပြန်လှည့်အောင် ခြိမ်းခြောက်နေတယ်လို့ဘဲပြောရမှာဖြစ်ပါတယ်။ လင်းတ နား ရုံနဲ့တော့ အဲသည်လောက် ဆိုးရွားမသွားနိုင်ပါဘူး။
တစ်စိတ်ကို တစ်အိတ်လုပ် ခေါင်းစဉ်ကြီးကြီးပေးပြီး ဗုဒ္ဓဘာသာ အယူဝါဒအပြင် မိရိုးဖလာ ယုံကြည်ကိုးကွယ် တတ်တဲ့ပြည် သူတွေကို အတိတ်နိမိတ် တဘောင်တွေနဲ့  တိုင်းပြည်ပျက်တော့ မယောင်ယောင်၊ ၈၈ အရေး အခင်း လိုမျိုး၊ ၂ဝဝ၇ ရွှေဝါရောင် အရေးအခင်းလို မျိုးဖြစ်ေ စချင်တဲ့ နှပ်ကြောင်းပေးပြီး ''မိုးသောက်ပြီ ထိုးဖောက်ကြ ကုန်လော့'' ဆိုပြီးနှိုးဆော်တာတော့ အဆိုးဘက် ကိုဖြစ်စေ ချင်နေတာလား၊ နောက်ကြောင်း ပြန်စေ ချင်နေတာ လား၊
ပွဲလန့်တုန်းဖျာ ဝင်ခင်းနေတာလား ဆိုတာတော့ ဆရာပဲသိမှာပါ။ ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားတော် မူခဲ့တဲ့ ဝစီဒု စရိုက် လေးပါးထဲက ပိသုဏဝါစာနဲ့ သမ္ဖပ္ပလာပရဲ့ ယေဘုယျ သဘော ကိုပြောရရင် သူတစ်ပါးလည်း အကျိုး မရှိ၊ မိမိကိုယ်တိုင် အတွက်လည်း အကျိုးမရှိတဲ့ ယုတ်ညံ့သော၊ သူတစ်ပါးပျက်စီး ထိတ်လန့်စေ လိုသော ကုန်းတိုက် ခြိမ်းခြောက် စကားပြောခြင်းဟာ သူယုတ်မာ တွေရဲ့ လက္ခဏာဖြစ် ပါတယ်။ အခုတော့ ဆရာေ မာင်သွေးချွန်က ကျွန်တော် အထက် ကပြောခဲ့တဲ့ အတိုင်း ခြောက်လှန့် တွန်းပို့နေလေတော့ ဆရာေ မာင်သွေးချွန်ရေ ကိုယ့်ဘာသာ ကိုယ် ဘယ်လို လူစားလဲဆိုတာ နဖူးပေါ် လက်တင်ပြီး တစိမ့်စိမ့် စဉ်းစားပါဦး လို့ အကြံပေးပါရစေဗျာ။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဝါရင့်သမ္ဘာရင့် ဆရာ မောင်သွေးချွန်ရဲ့ သန်း ၆၀ သို့ ခြောက်လှန့်စာ

Labels:

0 comments: