Pages

Wednesday, January 2, 2013

ခိုက်ရန် ဖြစ်ပွား၍ သေဆုံး သွားသည့် အရပ်သား လူငယ်ကိစ္စ တပ်မတော်သား သုံးဦး အား ခုံရုံးဖွဲ့ စစ်ဆေးပြီး စစ်စည်းကမ်း အရ ပြင်းထန်စွာ အရေးယူမည်

ဟင်္သာတမြို့ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုတွင် သေဆုံးသွားသော လူ ငယ်တစ်ဦးနှင့်ပတ်သက်၍ တပ် မတော် သား သုံးဦးအား ဖမ်းဆီး ချုပ်နှောင်ထားကြောင်း အမှတ် (၁၈)၊ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။
 
ဒီလိုတပ်မတော်သားတွေလဲ ရှိနေပါတယ်
 
သေဆုံးသွားသော အသက် (၁၇နှစ်)အရွယ် မောင်သန်းထိုက် အောင်မှာ အခင်းဖြစ်ပွားသည့် နေ့က အမှတ် (၁၈)ခြေလျင်တပ် ရင်းရှေ့ လမ်းမကြီးပေါ်တွင် ၎င်းင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တပ်သား တစ်ဦးအား ၀င်တိုးမိ ရာမှ ယင်းတပ်သားနှင့်အတူ ပါလာသော ဒုတပ်ကြပ်နှစ်ဦးတို့က ၀ိုင်း ၀န်းထိုးကြိတ် ကြသောကြောင့် ဒီဇင်ဘာ ၂၅ ရက်တွင် ဟင်္သာတပြည် သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ ရခြင်းဖြစ်သည်။ 
 
နိုင်ငံတော် ကိုကာကွယ်ရင်း တသက်လုံး ဒီလို ဒုက္ခိတ ဘွနဲ့နေသွားရမယ့်စစ်သည်တွေလဲ ရှိပါတယ်

ဒီဇင်ဘာ ၂၇ရက်တွင် ဟင်္သာတဆေးရုံအုပ်ကြီးက ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွှဲ ပြောင်းပေးခဲ့ပြီး ယင်းနေ့ တွင် ပင် ဦးနှောက်အတွင်း သွေးခဲသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိ ရသည်။“အမှုမှာ ပါဝင်ပတ် သက်နေ တဲ့ သုံးယောက်ကို တပ်အချုပ်ထဲ မှာ ဖမ်းဆီးထားပါတယ်။ ဒီအမှု ကို ခုံရုံးဖွဲ့စစ်ဆေးပြီး စစ်စည်း ကမ်း အရ အရေးယူနိုင်ဖို့ ဆောင် ရွက်နေပါတယ်”” ဟု အထက်ပါ ဗိုလ်ကြီးက 7Day News သို့ တယ်လီဖုန်းမှ တစ်ဆင့်ဖြေ ကြားသည်။
ဟင်္သာ တဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြား ရာတွင် လူနာမှာ ဦးနှောက်ခွံနှင့် ဦးနှောက် အမြှေးကြား သွေးယို စီးပြီး သွေးခဲနေသည့်အတွက် ဟင်္သာတတွင် ခွဲစိတ်ရန် မဖြစ်နိုင် ၍ ရန်ကုန်ဆေး ရုံကြီး သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း လူနာအခြေအနေမှာ စိုးရိမ်ရ၍ ခရီးကြန့်ကြာ မှု မဖြစ်စေရန် ဆေးရုံ သုံး လူနာတင်ယာဉ်ဖြင့် စီစဉ်ပေးခဲ့ရကြောင်းသိရသည်။““ခလရ(၁၈)က ဟင်္သာတ မြို့နဲ့ရော ရွာတွေ နဲ့ ပါ နီးနီးလေးပါ။ တပ်မတော်အပေါ် ဒေသခံတွေရဲ့ ယုံကြည်မှုကိုရဖို့အတွက် တရားစီရင်ရေး ပိုင်းကနေ ထင်သာမြင်သာရှိအောင် ဖြေရှင်းပေးစေချင် ပါတယ်”” ဟု ဟင်္သာတမြို့ခံ ကို ကျော်စွာ ကပြော သည်။
 
တောထဲမှာမြေခင်းစပလတ်စတစ်ပတ်ပြီး မြုပ်ခဲ့ရတဲ့စစ်သည်တွေလဲ ဒုနဲ့ဒေးပါ
 
သေဆုံးသူ၏ ဖခင်ဖြစ်သူ ကိုအောင်မင်းနိုင်က ““လူငယ်တစ် ယောက်ကို လူအင်အားနဲ့မမျှမတ လုပ်သွား တာတော့ အဖေတစ် ယောက်အနေနဲ့ စိတ်မကောင်းပါဘူး။ တပ်က ဗိုလ်ကြီးကတော့ ဖြစ်သင့်တဲ့အတိုင်း လုပ်ပေး မယ် လို့တော့ ပြောပါတယ်”” ဟုဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာ လအတွင်းကလည်း ပဲခူးမြို့တွင် အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ တပ်သားနှစ် ဦးက ဒေသ ခံလူငယ် နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ် မှုဖြစ်ပွားခဲ့ပြီး နေပြည်တော်မှ တာ ၀န်ရှိသူများက ထိုအမှု တွင် ပါဝင် ပတ်သက်သော သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးနှစ်ဦးအား ရာထူးမှ ဖြုတ် ကာ အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၁၅ နှစ်စီချမှတ်ကာ တပ်သားတစ် ဦးအား အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂၀ နှစ် ချမှတ် အပြစ်ပေးခဲ့ ကြောင်း ယင်းဖြစ်စဉ်တွင် သေဆုံး ခဲ့သည့် မောင်အောင်သူဟိန်း၏ အဒေါ်ဖြစ်သူ ဒေါ်ထူး ကပြောသည်။

7 Day News
 
တပ်မတော်သားဆိုတာလဲ အမှားနဲ့ မကင်းတဲ့ လူတွေ ထဲ က လူတွေ ပဲဖြစ်တဲ့ အတွက် အမှားအယွင်း ဆိုတာရှိမှာပါပဲ .... အမှားလုပ်ရင် အမှားလုပ်တဲ့ အတိုင်းတန်ပြန် ခံစားရတာကလဲ ဓမ္မတာပါပဲ ... ကိုယ်ပြုသည့် ကံ ကိုယ့်ထံ တန်ပြန် လာမှာပဲ မဟုတ် ပါလားဗျာ ...
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ခိုက်ရန် ဖြစ်ပွား၍ သေဆုံး သွားသည့် အရပ်သား လူငယ်ကိစ္စ တပ်မတော်သား သုံးဦး အား ခုံရုံးဖွဲ့ စစ်ဆေးပြီး စစ်စည်းကမ်း အရ ပြင်းထန်စွာ အရေးယူမည်

Labels:

ဟင်္သာတမြို့ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုတွင် သေဆုံးသွားသော လူ ငယ်တစ်ဦးနှင့်ပတ်သက်၍ တပ် မတော် သား သုံးဦးအား ဖမ်းဆီး ချုပ်နှောင်ထားကြောင်း အမှတ် (၁၈)၊ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။
 
ဒီလိုတပ်မတော်သားတွေလဲ ရှိနေပါတယ်
 
သေဆုံးသွားသော အသက် (၁၇နှစ်)အရွယ် မောင်သန်းထိုက် အောင်မှာ အခင်းဖြစ်ပွားသည့် နေ့က အမှတ် (၁၈)ခြေလျင်တပ် ရင်းရှေ့ လမ်းမကြီးပေါ်တွင် ၎င်းင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တပ်သား တစ်ဦးအား ၀င်တိုးမိ ရာမှ ယင်းတပ်သားနှင့်အတူ ပါလာသော ဒုတပ်ကြပ်နှစ်ဦးတို့က ၀ိုင်း ၀န်းထိုးကြိတ် ကြသောကြောင့် ဒီဇင်ဘာ ၂၅ ရက်တွင် ဟင်္သာတပြည် သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ ရခြင်းဖြစ်သည်။ 
 
နိုင်ငံတော် ကိုကာကွယ်ရင်း တသက်လုံး ဒီလို ဒုက္ခိတ ဘွနဲ့နေသွားရမယ့်စစ်သည်တွေလဲ ရှိပါတယ်

ဒီဇင်ဘာ ၂၇ရက်တွင် ဟင်္သာတဆေးရုံအုပ်ကြီးက ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွှဲ ပြောင်းပေးခဲ့ပြီး ယင်းနေ့ တွင် ပင် ဦးနှောက်အတွင်း သွေးခဲသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိ ရသည်။“အမှုမှာ ပါဝင်ပတ် သက်နေ တဲ့ သုံးယောက်ကို တပ်အချုပ်ထဲ မှာ ဖမ်းဆီးထားပါတယ်။ ဒီအမှု ကို ခုံရုံးဖွဲ့စစ်ဆေးပြီး စစ်စည်း ကမ်း အရ အရေးယူနိုင်ဖို့ ဆောင် ရွက်နေပါတယ်”” ဟု အထက်ပါ ဗိုလ်ကြီးက 7Day News သို့ တယ်လီဖုန်းမှ တစ်ဆင့်ဖြေ ကြားသည်။
ဟင်္သာ တဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြား ရာတွင် လူနာမှာ ဦးနှောက်ခွံနှင့် ဦးနှောက် အမြှေးကြား သွေးယို စီးပြီး သွေးခဲနေသည့်အတွက် ဟင်္သာတတွင် ခွဲစိတ်ရန် မဖြစ်နိုင် ၍ ရန်ကုန်ဆေး ရုံကြီး သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း လူနာအခြေအနေမှာ စိုးရိမ်ရ၍ ခရီးကြန့်ကြာ မှု မဖြစ်စေရန် ဆေးရုံ သုံး လူနာတင်ယာဉ်ဖြင့် စီစဉ်ပေးခဲ့ရကြောင်းသိရသည်။““ခလရ(၁၈)က ဟင်္သာတ မြို့နဲ့ရော ရွာတွေ နဲ့ ပါ နီးနီးလေးပါ။ တပ်မတော်အပေါ် ဒေသခံတွေရဲ့ ယုံကြည်မှုကိုရဖို့အတွက် တရားစီရင်ရေး ပိုင်းကနေ ထင်သာမြင်သာရှိအောင် ဖြေရှင်းပေးစေချင် ပါတယ်”” ဟု ဟင်္သာတမြို့ခံ ကို ကျော်စွာ ကပြော သည်။
 
တောထဲမှာမြေခင်းစပလတ်စတစ်ပတ်ပြီး မြုပ်ခဲ့ရတဲ့စစ်သည်တွေလဲ ဒုနဲ့ဒေးပါ
 
သေဆုံးသူ၏ ဖခင်ဖြစ်သူ ကိုအောင်မင်းနိုင်က ““လူငယ်တစ် ယောက်ကို လူအင်အားနဲ့မမျှမတ လုပ်သွား တာတော့ အဖေတစ် ယောက်အနေနဲ့ စိတ်မကောင်းပါဘူး။ တပ်က ဗိုလ်ကြီးကတော့ ဖြစ်သင့်တဲ့အတိုင်း လုပ်ပေး မယ် လို့တော့ ပြောပါတယ်”” ဟုဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာ လအတွင်းကလည်း ပဲခူးမြို့တွင် အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ တပ်သားနှစ် ဦးက ဒေသ ခံလူငယ် နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ် မှုဖြစ်ပွားခဲ့ပြီး နေပြည်တော်မှ တာ ၀န်ရှိသူများက ထိုအမှု တွင် ပါဝင် ပတ်သက်သော သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးနှစ်ဦးအား ရာထူးမှ ဖြုတ် ကာ အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၁၅ နှစ်စီချမှတ်ကာ တပ်သားတစ် ဦးအား အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂၀ နှစ် ချမှတ် အပြစ်ပေးခဲ့ ကြောင်း ယင်းဖြစ်စဉ်တွင် သေဆုံး ခဲ့သည့် မောင်အောင်သူဟိန်း၏ အဒေါ်ဖြစ်သူ ဒေါ်ထူး ကပြောသည်။

7 Day News
 
တပ်မတော်သားဆိုတာလဲ အမှားနဲ့ မကင်းတဲ့ လူတွေ ထဲ က လူတွေ ပဲဖြစ်တဲ့ အတွက် အမှားအယွင်း ဆိုတာရှိမှာပါပဲ .... အမှားလုပ်ရင် အမှားလုပ်တဲ့ အတိုင်းတန်ပြန် ခံစားရတာကလဲ ဓမ္မတာပါပဲ ... ကိုယ်ပြုသည့် ကံ ကိုယ့်ထံ တန်ပြန် လာမှာပဲ မဟုတ် ပါလားဗျာ ...
 
0 comments: