Pages

Wednesday, January 2, 2013

Air Bagan လေယာဉ် ပျက်ကျခဲ့ရသည့် အကြောင်းရင်း မှန်အား စင်ကာပူ၌ စုံစမ်း စစ်ဆေးပြီး မှသာ သတင်း ထုတ်ပြန် ကြေညာမည်

ပျက်ကျခဲ့သည့် လေယာဉ်ပျံမီးလောင်ကျွမ်းပြီးနောက် မီးငြိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ/www.myawady.net.mmပျက်ကျခဲ့သည့် လေယာဉ်ပျံမီးလောင်ကျွမ်းပြီးနောက် မီးငြိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ/www.myawady.net.mm

အဲပုဂံလေကြောင်းလိုင်းမှ ပြည်တွင်း ပြည်ပခရီးသည် စုစုပေါင်း ၇၁ ဦးတင်ဆောင်လာခဲ့သော ဖော်ကာေ လယာဉ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့နံနက် ၈နာရီ ၅၁ မိနစ်ခန့်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပေါ်ခဲ့ ရာ အဆိုပါမတော်တဆပျက်ကျမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်း မှန်အား စင်ကာပူနို င်ငံ၌ စုံစမ်းစစ်ဆေးပြီးမှသာ သတင်းအတိအကျ ထုတ်ပြန်ကြေညာ နိုင်လိမ့်မည် ဟု အဲပုဂံလီမိတက်မှ တာ ၀န် ရှိသူများက ဒီဇင်ဘာလ ၂၆ ရက်နေ့က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ပြုလုပ်သည့် အထူးသ တင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

"လေယာဉ်မှာပါတဲ့ Black Box လို့ ခေါ်တဲ့ အနက်ရောင်သေတ္တာကို စင်ကာပူနိုင်ငံပို့ပြီး လေယာဉ် ပျက် ကြရခြင်းရဲ့ အကြောင်းရင်းမှန်ကို စစ်ဆေးမှာပါ။ အဲဒီစစ်ဆေးမှုပြီးမှပဲ အကြောင်းရင်းမှန်ကို ကျွန်ေ တာ် တို့ လည်းသိရမှာပါ။ လောလောဆယ်တော့ ဖြစ်စဉ်အတွင်း သေဆုံးသွားသူ၊ ဒဏ်ရာ ရသူတွေအတွက် အစစ အရာရာ အဲပုဂံ ကနေ တာဝန်ယူလုပ်ပေးနေပါတယ်"ဟု အဲပုဂံလီမိတက် အင်ဂျင်နီယာဌာန မှ ဒါရိုက် တာဖြစ်သူ ဦးလှိုင်ဘွားက ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပျံသန်း ပြေးဆွဲသော အဲပုဂံ၏ ဖော် ကာ လေယာဉ် XY-AGC လေယာဉ် အမျိုး အစားဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ် အမှုထမ်း ခြော က်ဦး၊ နိုင်ငံခြား ခရီးသွား ဧည့်သည့် ၄၈ ဦးနှင့် ပြည်တွင်းခရီးသွားဧည့်သည် ၁၇ ဦး စုစုပေါင်း ၇၁ ဦး စီးနင်းလိုက်ပါလာခဲ့သည်။

လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ တောင်ဘက်မှ မြောက်ဘက်သို့ ချဉ်းကပ် ဆင်းသက် စဉ် လေ ယာ ဉ်ပြေးလမ်းထိပ် မှ တစ်မိုင်ခန့် အကွာရှိ၊ အရှေ့၊ အနောက် သွယ်တန်းထားသော ကလော -အော င်သပြေ ၆၆ ကေဗွီအေ ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး တစ် ဖန်ေ တာင်ကြီး-မိတ္ထီလာ ကားလမ်းဘေးရှိ သစ်ပင်တန်းအား ဆက်လက်တိုက်မိကာ အနီးရှိ လယ်ကွင်း ထဲ သို့ လျှောတိုက်ရပ် တန့်သွားခြင်းဖြစ်သည်။

ထို့နောက် ခရီးသည်များအား အမြန်ဆုံး လေယာဉ်ပြင်ပသို့ ခေါ်ထုတ်ပြီး နှစ်မိနစ်ခန့် အကြာတွင် လေ ယာဉ်မှာ မီးစတင် လောင်ကျွမ်းခဲ့သည်။

ပျက်ကျခဲ့သည့် လေယာဉ်ပျံ မီးစတင်လောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - မြ၀တီမီဒီယာပျက်ကျခဲ့သည့် လေယာဉ်ပျံ မီးစတင်လောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - မြ၀တီမီဒီယာ
 
အဆိုပါဖြစ်စဉ်ကြောင့် ရပ်စောက်မြို့နေ ခရီးသွား ဧည့်လမ်းညွှန်ဖြစ်သူ မနွယ်လင်းရှိန်နှင့် လေယာဉ်
ဆင်းသက်စဉ် ထိခိုက်မှုကြောင့် ကားလမ်းပေါ်တွင် မောင်းနှင်လျက်ရှိသော မော်တော်ဆိုင်ကယ်
တစ်စီး မီးစလောင်ပျက်စီးခဲ့သဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ ဦးပြားဆိုသူတို့မှာ သေဆုံး
ခဲ့သည်။
ထို့ပြင် ဒဏ်ရာရရှိခဲ့သော အမေရိကန် နိုင်ငံသားနှစ်ဦး၊ ပြင်သစ်နိုင်ငံသူ တစ်ဦး၊ တိုင်ပေနိုင်ငံသား
တစ်ဦး စုစုပေါင်းနိုင်ငံခြား ခရီးသည် လေးဦးနှင့်အတူ လေယာဉ်မှူးနှစ်ဦး၊ အခြားဧည့်လမ်းညွှန် နှစ်ဦး
နှင့် မော်တော်ဆိုင်ကယ်စီးနင်းသူတစ်ဦး စုစုပေါင်း ကိုးဦးတို့အား တောင်ကြီးမြို့ စ၀်စံထွန်း ဆေးရုံ
သို့ တင်ပို့ကုသပေးခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရ နိုင်ငံခြားခရီးသည်များအနက် အမေရိကန် နိုင်ငံသားစုံတွဲအား အဲပုဂံလေကြောင်းလိုင်း
အစီအစဉ်ဖြင့် ဟဲဟိုးမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုက်ရိုက်ပို့ ဆောင်ပေးခဲ့ကြောင်း သိရှိရ
သည်။
သဘာဝမြေ
 
လေယာဉ်ပျံပျက်ကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားနောက် မီးငြှိမ်းသတ်ပြီးကျန်ရှိနေခဲ့သည့် အကြွင်းအကျန်အစိတ်အပိုင်းများကို ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - မြ၀တီမီဒီယာလေယာဉ်ပျံပျက်ကျ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားနောက် မီးငြှိမ်းသတ်ပြီးကျန်ရှိနေခဲ့သည့် အကြွင်းအကျန်အစိတ်အပိုင်းများကို ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - မြ၀တီမီဒီယာ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

Air Bagan လေယာဉ် ပျက်ကျခဲ့ရသည့် အကြောင်းရင်း မှန်အား စင်ကာပူ၌ စုံစမ်း စစ်ဆေးပြီး မှသာ သတင်း ထုတ်ပြန် ကြေညာမည်

Labels:

0 comments: