Pages

Wednesday, January 2, 2013

ဂွမ်မော် တို့ ဖတ် ဖို့ လူငယ် တယောက် ရဲ့ အတွေး

စစ်ပွဲတစ်ခု တိုက်ပွဲတစ်ခု ဖြစ်လာပြီဆို၇င်တော့ အကျိုးအမြတ်ဆိုတာကဘာတစ်ခုမှ ရှိမှာမဟုတ်ဘူး.. အားလုံးက အရှုံးချည်းပါပဲ.. တိုက်ပွဲတစ်ခုဖြစ်ခဲ့ရင် သင့်ရဲ့ လက်အောက် ငယ်သားတွေရဲ့ အသက်တွေ ဆုံးရှုံးရလိမ့်မယ်.. ဒါမှမဟုတ် သင့်တိုင်းပြည်ရဲ့ တွေဆုံးရှုံးလိမ့်မယ်.. ဒါမှမဟုတ် သင့်ပေါ် အားကိုးနေတဲ့ သင့်အပေါ်မှီခိုနေတဲ့ သင့်နောက်လိုက်တွေရဲ့ သင့်အပေါ် ယုံကြည်စိတ်တွေ ဆုံးရှုံးလိမ့်မယ်. လူလည်း ပင်ပန်းလိမ့်မယ်.. အားလုံးဟာ ဘာတစ်ခုမှ အမြတ်မရှိ အရှုံးချည်းပါပဲ..
 
တပ်မတော်သားတွေ သေကြရသလို KIA ရဲဘော်တွေလဲ သေကြရတယ်
 
ဟုတ်ပါပီ.. စစ်ပွဲတစ်ခု တိုက်ပွဲတစ်ခုဖြစ်လာတာနဲ့အမျှ စစ်ပွဲအခြေအနေပေါ်ကိုမူတည်ပြီးတော့ အနည်းနဲ့ အ များ လူအသေအပျောက်နဲ့ ဒဏ်ရာရတာတွေ ဒုက္ခိတ ဖြစ်တာတွေတော့ရှိမှာပါ .. ခေါင်းအုံးရိုက်တမ်းေ ဆာ့တာမှမဟုတ်တာပဲ ဟုတ်ပါပီ တကယ်လို့ သင်က ရန်သူ ၁၀ယောက်ကိုသတ်လိုက်လို့ သင့်အတွက် ဘာများအကျိုးရသွားလိမ့်မှာလဲဗျာ.. ဒါပေမဲ့ သင့်ကြောင့်သေသွားတဲ့ သူတစ်ယောက်ရဲ့ မိသားစုတွေ မှာေ တာ့ အဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သွားပီပဲ..သင့်ကြောင့်သေသွားတဲ့သူတွေရဲ့ မိန်းမတွေက မုဆိုး မဖြစ်သွားပီးတော့ သားသမီးတွေကတော့ အဖ မဲ့ သားသမီးတွေဖြစ်ကုန်လိမ့်မယ်။လူတ စ်ေ ယာ က်ေ သ တိုင်း သူ့မိသားစု အပေါင်းအသင်း မိတ်ဆွေတွေက သင့်ကို မေတ္တာပို့နေကြလိမ့်မယ်.. အနည်းဆုံးတော့ သင့်အနေနဲ့သူ့ကိုသတ်ဖို့အတွက် ကျည်ဆံတစ်တောင့် ဆုံးရှုံးသွားပါပြီ။

KIA က ဒီ အလုပ်သမားခေါင်းဆောင် ကို ပစ္စတိုနဲ့ ပစ်သတ်ခဲ့ တော့ကျန့်ခဲ့တဲ့ သူ့ မိသားစု ဘယ်လိုဆက်လုပ်မလဲ
 
ဟုတ်ပါပြီ.. ဒီတိုက်ပွဲမှာသင့်တပ်က ရန်သူတစ်ထောင်ကို သတ်လိုက်နိုင်တယ်ဆိုပေမဲ့လည်း သင့်တပ်ရင်း မှာလည်း အနည်းနဲ့အများတော့ အထိအခိုက်အကျအရှုံးဆိုတာရှိမှာပါပဲ.. တကယ်လို့ သင့်ရဲ့ ဘက်က တပ်သား ၁၀ဦးသာကျဆုံးတော့ သင့်အနေနဲ့ အပေါင်းအသင်းတွေနဲ့ ငယ်သားတွေ ဆုံးရှုံးသွားတာပါပဲ.. တကယ်လို့ မတော်တဆ သင်သာ ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတ ဖြစ်ခဲ့မယ်ဆိုရင်ကော.. သင့်မိသားစုတွေရဲ့ ၀မ်းနည်းပူဆွေးမှုတွေကို တစ်ချက်လောက် ပြန်ငဲ့ကြည့်လိုက်စမ်းပါဗျာ.. သင့် နှလုံးသားနဲ့ကော သူတို့ရဲ့ ၀မ်းနည်းမှု ပူဆွေးမှုတွေကို ခံစားနိုင်ရဲ့လားဗျာ..ဟုတ်ပါပြီ ဒိါုရင်တော့ သင့်ကြောင့်သေသွားရတဲ့သူေ တွ ခြေပြတ်လက်ပြတ် ဒုက္ခိတ ဖြစ်သွားရတဲ့သူတွေအတွက် ကိုယ်ချင်းစာပြီးတော့ တစ်ခေါက်လော က်တော့ စဉ်းစားပေးနိုင်ပါလိမ့်မယ်လို့ထင်ပါတယ်..

တကယ်ဆို၇င် ခင်ဗျားတို့ အချင်းချင်း တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြတဲ့နေရာမှာ အပြစ်မဲ့တဲ့ပြည် သူ ပေါင်းများစွာ ဟာ အိုးပစ် အိမ်ပစ်နဲ့ ဒုက္ခသည်တွေဖြစ်ကုန်ကြရတယ်.. အရမ်းအေးတဲ့ ဆောင်းရာသီမှာ သူတို့ဟာ အေးအေး လူလူ မနေကြရတော့ဘူး.. စားစရာ ဆိုလည်း မရှိ ဖျားနာရင် ကုစရာ ဆိုတာကလည်း နတ္ထိ ဖြစ်နေပီ.. နေဖို့ ဆိုတာကတော့ ပြောမနေပါနဲ့ အရမ်းချမ်းလာရင် ၀တ်စရာ လည်းမရှိဘူး မနေနိုင်လို့ ဆိုပြီးတော့ မီးပုံတောင် မပုံရဲတဲ့ဘ၀. တကယ်လို့ ချက်စားဖို့ တစ်ခုခုသာရှိတယ် ဆိုရင်တောင်မှ မီးမထည့် မချက်ရဲတဲ့ဘ၀ တွေ ဖြစ်နေရရှာတယ်...

တကယ်လို့သင်တို့သာ ဒါတွေအားလုံးကို ခံစားတတ်မယ် သိရှိမယ် စာနာတတ်မယ် သနားတတ်မယ်ဆို ရင်တော့ အခုချက်ချင်း အပစ်အခတ်တွေရပ်ပြီးတော့ ငြိမ်းချမ်းရေးကို ချက်ချင်း ကမ်းလှမ်းလိုက် ကြစမ်းပါ။ အခြားတစ်ဖက်က စငြိမ်းချမ်းရေးလုပ်တော့မှ သင့်ဘက်က အလံဖြူထောင်မယ်ဆိုတဲ့စိတ်ကိုဖျောက်ပြီးေ တာ့ သင့်ဘက်ကအရင် စပြီးတော့ အလံဖြူ ထောင် လိုက်စမ်းပါ .. ဒါဆိုရင်တော့ သင်ဟာ ဒီစစ်ပွဲ ကို ငြိမ်ချမ်းဖို့ တွက်အဓိက လုပ်ဆောင်တဲ့ သူရဲကောင်း တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် သင်ဟာ တိုင်းရင်းသား ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုရင် စစ်ပွဲတွေကို ရပ်တန့်ပစ်နိုင်ခဲ့တဲ့ နိုင်ငံ ခေါင်းဆော င်ေ ကာင်း တစ်ယောက် ဖြစ်လာပါလိမ့်မယ်..

ဒါဟာ သင့်အတွက် နောက်ကျန်ခဲ့မယ် သမိုင်းကောင်း တခုပါပဲ.. နောက်ထပ်လည်း ပြည်တွင်းပြည်ပ သတင်း မီဒီယာတွေက သင့်အကြောင်းကို ဆောင်းပါးတစ်ခုအနေနဲ့ စာလုံးကြီးကြီးတွေနဲ့ ချီးကျူး ဂုဏ်ပြု ကြလိမ့်မယ်.. ဒါကြောင့် သင်တို့ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်သာမက သင့်ကိုယ်တိုင်အတွက်ပါ ဒီငြိမ်း ချမ်းမှုကို ဖြစ်စေပါ.. သင်တို့အနေနဲ့ တစ်ခြားသူတွေကို သတ်ရင် ကုန်ကျမယ့် ကျည်ဆန်ဖိုး တွေ စစ်စ ရိတ်တွေကို သူတို့အတွက် အစားအသောက်တွေ အ၀တ်အထည်တွေ ဆေးဝါးတွေ နေ ထိုင်စရာတွေ အတွက် လှူဒါန်းလိုက်ပါ. ပေးဝေလိုက်ပါ. ဒါဆိုရင် သင်ဟာ သူတို့တစ်မျိုးသားလုံးသာမက တစ်နိုင်ငံလုံး အတွက် အားကိုးရာဖြစ်လာပါလိမ့်မယ်... ဒါတွေလုပ်သင် မရှုံးသွးပါဘူး. သင့်မှာ သင်ကိုယ်တိုင်သော် လည်ကောင်း သင့် လက်အောက် ငယ်သားတွေ သော်လည်ကောင်း ဆုံးရှုံးရမယ့် အသက်တွေက အသား တင် အမြတ်တစ်ခု အနေနဲ့ ကျန်နေပါ သေးတယ် .. ဒီလောက်ဆိုရင် သင်ဟာ အခုကစပြီးတော့ ငြိ မ်း ချမ်းရေး စမလုပ်သေးတာလဲဗျာ.. ဒါဆို၇င် သင်ကပဲ ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးကို စတည်ဆောက် ကြရအောင်လားဗျာ..

(မှတ်ချက်။ ။ ကျွန်တော်သည် စစ်အစိုးရကို ထောက်ခံသူမဟုတ်သလို KIA ကိုအားပေးသူလည်းမဟုတ်ပါ။ ကျွန်တော်ဟာ စစ်ပွဲတွေကြောင့် အတိဒုက္ခရောက်သူတွေကိုစာနာပြီးေ တာ့ ငြိမ်းချမ်းရေးကို ထောက် ခံသူတစ်ယောက်သာဖြစ်ပါသည်။ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက်လည်းမဟုတ်ပါခင်ဗျာ ကျွန်တော့်အတွေးအမြင်ကို မျှဝေခြင်းသာဖြစ်ပါသည်)
 
Patriotic Comrade

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: