Pages

Friday, January 4, 2013

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦးရဲ့ ပေးစာ

ပြည်သူတွေရဲ့ လုံခြုံမှုအတွက်..လွပ်လပ်မှုအတွက် ... တိုက်ခိုက်ပေးနေ ခဲ့ရတာပါ... နေ့စဉ်နေ့တိုင်း ဒီနေ့ ကငါအတွက်နောက်ဆုံးနေ့လားဆိုတဲ့ အတွေးတွေနဲ့ နေခဲ့ရတာပါ...

လူတွေကပြောတယ် ဒီလောက်ကြောက်ရွံ့နေလဲ စစ်သားမလုပ်နဲ့တဲ့ ဟုတ်ပါတယ် ကျနော်တို့စစ်သားလဲ လူပါပဲ.. ကြောက်ရွံ့တတ်ပါတယ် ဒါပေမဲ့ တိုင်းပြည်အတွက် တိုက်ခိုက်ချင်လို့ စစ်သားဘဝကိုရွေး ချယ် ခဲ့တာပါ.. ကျနော်တို့စစ်သားလဲ လူပါပဲ. ချစ်တတ်ပါတယ် အထီးကျန်တတ်ပါတယ်... ကိုယ်ချစ်တဲ့သူေ တွနားမှာပဲ နေချင်ခဲ့တာပါ...
 
ညစဉ်ညတိုင်း ဘုရားရှိခိုးတိုင်း ဆုတောင်းမိတာက အသက်အန္တာရယ်က လွတ်ကင်းဖို့ပါ...တိုင်းပြည်အတွက်အသက်ပေးဆပ်ဖို့ ဝန်မလေးပါ ဘူး...ကျနော်တို့ စစ်သားမှာလဲ ၁၅၀၀တွေ ၅၂၈တွေရှိပါသေးတယ်... အရပ်သားတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေချင်သေးလို့ပါ...Senior က ရှေ့ဆက်မယ် ပြော လိုက်တိုင်း ..ကျနော်တို့ရင်ထဲမှာ ပူပန်းမှုတွေ ရှိနေစမြဲပါ... သေနပ်ကိုကိုင်ပြီး ဒီစစ်ပွဲတွေပြီးဖို့ ဘယ်လောက်တောင် တိုက်ခိုက်ရအုံးမလဲဆိုတဲ့အတွေးတွေနဲ့ပါ... သေနပ်သံတွေကြားလိုက်တိုင်း ဗုံးခွဲသံတွေကြားလိုက်တိုင်း ကျနော်တို့ရဲ့ တပ်တူညီအကိုတွေ သွေးတွေ ဒဏ်ရာတွေနဲ့ လဲကျသွားတိုင်း... ရင်ထဲစို့နင့်လို့ပါ နော က် ဆုံးနှု တ် ဆက်ချိန်ဆိုတာတောင် မရှိခဲ့ပါဘူး...တိုင်းပြည်အတွက် ပစ်ခက်ရင်း တိုက်ပွဲကျလို့ ကျသွား မှန်းတောင်မသိခဲ့ပါဘူး.... ငါအလှည့်ဘယ်တော့ လဲဆိုတဲ့အတွေးတွေနဲ့ ဆက်တိုက်ခိုက်နေဆဲပါ...
 
ရှေ့တန်းကပြန်လာချိန်လေးမှာ...ကိုယ်ချစ်သူ ကိုယ်သား ပြန်ပါလာ လို့ ပျော်နေရတဲ့ မိသားစုတွေ အပျော်ကို ခင်ဗျားတို့ နားမလည်နိုင် သလို...ကိုယ်ချစ်သူ ကိုယ်သား ပြန်ပါမလာလို့ ငိုကြွေးနေရတဲ့ မိသား စုတွေရဲ့ ရင်ထဲက ခံစားမှုတွေကိုလဲ ခင်ဗျားတို့သိမှာမဟုတ်ဘူး... စစ်သားတယောက်ရဲ့ မျက်ရည်တွေ.. စစ်သားတယောက်ရဲ့ မိသားစု မျက်ရည်တွေ... စစ်သားတယောက်ရဲ့ သွေးတွေ... စစ်သားတယောက်ရဲ့ ဒဏ်ရာတွေ... စစ်သားတယောက်ရဲ့ ရင်ထဲကစေတနာတွေ... ခင်ဗျား တို့တွေ တနေ့တော့ နားလည် လာမှာပါလို့... ကျနောတို့် မျှော်လင့်နေ ဆဲပါ... 
 
ခင်ဗျားတို့ခေါ်တဲ့ ကျနော်တို့ စစ်ခွေးတွေ ကျနော်တို့အပေါ် အကောင်းမမြင်ပေမဲ့.. ကျနော်စစ်သားတွေ ကတော့ ခင်ဗျားတို့တွေကို ကျနော်တို့အသက်စွန့်ပြီး အကာအကွယ်ပေးနေဆဲပါဗျာ...
 
Dr. Myo Chit 
 
2 comments:

  1. နားလည်ပေးနိုင်ပါတယ် ဒို့ ရဲဘော်တွေအောင်နိုင်ပါစေ

    ReplyDelete
  2. ဒို့စစ်သားတွေ ငြိမ်းချမ်းပါစေ

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦးရဲ့ ပေးစာ

Labels:
ပြည်သူတွေရဲ့ လုံခြုံမှုအတွက်..လွပ်လပ်မှုအတွက် ... တိုက်ခိုက်ပေးနေ ခဲ့ရတာပါ... နေ့စဉ်နေ့တိုင်း ဒီနေ့ ကငါအတွက်နောက်ဆုံးနေ့လားဆိုတဲ့ အတွေးတွေနဲ့ နေခဲ့ရတာပါ...

လူတွေကပြောတယ် ဒီလောက်ကြောက်ရွံ့နေလဲ စစ်သားမလုပ်နဲ့တဲ့ ဟုတ်ပါတယ် ကျနော်တို့စစ်သားလဲ လူပါပဲ.. ကြောက်ရွံ့တတ်ပါတယ် ဒါပေမဲ့ တိုင်းပြည်အတွက် တိုက်ခိုက်ချင်လို့ စစ်သားဘဝကိုရွေး ချယ် ခဲ့တာပါ.. ကျနော်တို့စစ်သားလဲ လူပါပဲ. ချစ်တတ်ပါတယ် အထီးကျန်တတ်ပါတယ်... ကိုယ်ချစ်တဲ့သူေ တွနားမှာပဲ နေချင်ခဲ့တာပါ...
 
ညစဉ်ညတိုင်း ဘုရားရှိခိုးတိုင်း ဆုတောင်းမိတာက အသက်အန္တာရယ်က လွတ်ကင်းဖို့ပါ...တိုင်းပြည်အတွက်အသက်ပေးဆပ်ဖို့ ဝန်မလေးပါ ဘူး...ကျနော်တို့ စစ်သားမှာလဲ ၁၅၀၀တွေ ၅၂၈တွေရှိပါသေးတယ်... အရပ်သားတွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေချင်သေးလို့ပါ...Senior က ရှေ့ဆက်မယ် ပြော လိုက်တိုင်း ..ကျနော်တို့ရင်ထဲမှာ ပူပန်းမှုတွေ ရှိနေစမြဲပါ... သေနပ်ကိုကိုင်ပြီး ဒီစစ်ပွဲတွေပြီးဖို့ ဘယ်လောက်တောင် တိုက်ခိုက်ရအုံးမလဲဆိုတဲ့အတွေးတွေနဲ့ပါ... သေနပ်သံတွေကြားလိုက်တိုင်း ဗုံးခွဲသံတွေကြားလိုက်တိုင်း ကျနော်တို့ရဲ့ တပ်တူညီအကိုတွေ သွေးတွေ ဒဏ်ရာတွေနဲ့ လဲကျသွားတိုင်း... ရင်ထဲစို့နင့်လို့ပါ နော က် ဆုံးနှု တ် ဆက်ချိန်ဆိုတာတောင် မရှိခဲ့ပါဘူး...တိုင်းပြည်အတွက် ပစ်ခက်ရင်း တိုက်ပွဲကျလို့ ကျသွား မှန်းတောင်မသိခဲ့ပါဘူး.... ငါအလှည့်ဘယ်တော့ လဲဆိုတဲ့အတွေးတွေနဲ့ ဆက်တိုက်ခိုက်နေဆဲပါ...
 
ရှေ့တန်းကပြန်လာချိန်လေးမှာ...ကိုယ်ချစ်သူ ကိုယ်သား ပြန်ပါလာ လို့ ပျော်နေရတဲ့ မိသားစုတွေ အပျော်ကို ခင်ဗျားတို့ နားမလည်နိုင် သလို...ကိုယ်ချစ်သူ ကိုယ်သား ပြန်ပါမလာလို့ ငိုကြွေးနေရတဲ့ မိသား စုတွေရဲ့ ရင်ထဲက ခံစားမှုတွေကိုလဲ ခင်ဗျားတို့သိမှာမဟုတ်ဘူး... စစ်သားတယောက်ရဲ့ မျက်ရည်တွေ.. စစ်သားတယောက်ရဲ့ မိသားစု မျက်ရည်တွေ... စစ်သားတယောက်ရဲ့ သွေးတွေ... စစ်သားတယောက်ရဲ့ ဒဏ်ရာတွေ... စစ်သားတယောက်ရဲ့ ရင်ထဲကစေတနာတွေ... ခင်ဗျား တို့တွေ တနေ့တော့ နားလည် လာမှာပါလို့... ကျနောတို့် မျှော်လင့်နေ ဆဲပါ... 
 
ခင်ဗျားတို့ခေါ်တဲ့ ကျနော်တို့ စစ်ခွေးတွေ ကျနော်တို့အပေါ် အကောင်းမမြင်ပေမဲ့.. ကျနော်စစ်သားတွေ ကတော့ ခင်ဗျားတို့တွေကို ကျနော်တို့အသက်စွန့်ပြီး အကာအကွယ်ပေးနေဆဲပါဗျာ...
 
Dr. Myo Chit 
 
2 comments:

နားလည်ပေးနိုင်ပါတယ် ဒို့ ရဲဘော်တွေအောင်နိုင်ပါစေ

ဒို့စစ်သားတွေ ငြိမ်းချမ်းပါစေ

Post a Comment