KIA စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂမ်ရှောင်သည် KIA တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်လုပ်ကြံမှုကြောင့်
ဒဏ်ရာရရှိ နေကြောင်း၊ ယခုလ(၃)ရက်နေ့က သတင်းထွက်ပေါ်ခဲ့သော်လည်း KIA မှ
၎င်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် လိုင်ဇာသို့
ရောက်ရှိနေသည့် အမည်မဖော်လိုသူ သတင်းထောက် တစ်ဦးမှ ပြောဆို ရာတွင် “
ဗိုလ်ချုပ် ဂမ်ရှောင် ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေတယ်လို့ ကျွန်တော်တို့ တိကျ
တဲ့သတင်း ရထားပါတယ်၊ ခြေထောက်နဲ့ ပေါင်မှာ ဒဏ်ရာရပြီး
လိုင်ဇာဆေးရုံအထူးခန်းမှာ ကုသနေ ပါ တယ်၊ ဘာ့ကြောင့် ဒဏ်ရာရတယ်ဆိုတာ
မသိရပေမယ့် လိုင်ဇာဆေးရုံတွင် တက်ရောက်ကုသနေသည် မှာ မှန်ကန် တယ်”လို့ ၎င်း
သတင်းထောက်မှ ပြောဆိုခဲ့ပါသည်။
ဇန်န၀ါရီ(၃)ရက်နေ့တွင် လိုင်ဇာသို့
ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား မြအေးနှင့် KIA ဒုစစ်ဦး စီးချုပ်
ဂွန်မော်တို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ထိုသို့ ဆွေးနွေးရာတွင်
ငြိမ်းချမ်းရေး ရနိုင်မည့် နည်းလမ်း များကို ပွင့်လင်း စွာ
တိုင်ပင်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်န၀ါရီ(၄)ရက်နေ့တွင်လည်း ဗိုလ်ချုပ်
ဂမ်ေ ရှာင်နှ င့် ဆက် လက်ဆွေးနွေး သွားမည်ဟု သိရသည်။
KIA ခေါင်းဆောင်များနှင့်
မိသားစုများသည် မြန်မာစစ်တပ်များ လိုင်ဇာ အနီးသို့ ချဉ်းကပ် လာပြီး သည့်ေ
နာက် ပိုင်း တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ကာ တရုတ်နိုင်ငံတွင်းမှ
စစ်ဆင်ရေးများကို ကွပ်ကဲလျက် ရှိကြောင်း၊ ယခုလ(၃) ရက်နေ့တွင် News Week
သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
Kachin Daily News
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။