ဒီနေ့ မွန်းလွဲ ၂း၃၀ မှ စတင်ကာ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် တွင်ပြီးခဲ့သည့်အပါတ်မှ ရွေး ချယ်အတည်ပြုခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အားသဘောမတူကြောင်း ကန့်ကွက်ဆန္ဒပြပွဲတွင် ဆ/က ရပ်ကွက်နေပြည်သူ ၁၀၀ခန့် မှ ဆ/ကရပ်ကွက်တွင် လူစုကြပြီး ဘုရားလမ်းမှထွက်ခွာလာ ကာ လေးေ ဒါင့် ကန် လမ်းမကြီး မှတဆင့် ဘဝမြှင့်မှတ်တိုင်အနီး ရွှေသိမ် ဘုန်းကြီးကျောင်းရှေ့ တွင် ပြန်လှည့်ကာ စတင်ချီ တက်လာရာ လမ်းကြောင်းအတိုင်း ဆ/က ရပ်ကွက်သို့ ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြပွဲတစ်ခုပြုလုပ် ခဲ့ သည်။
၎င်းဆန္ဒပြပွဲတွင် လိုက်ပါလာသူများမှ စည်းကမ်းစနစ် ပြည့်ဝစွာဖြင့် လှည့်လည်ကြပြီး နယ်မြေခံရဲများ ယဉ်ထိန်း ရဲများ၊ စအဖအဖွဲ့အစည်းများ ဂျာနယ် အသီးသီးမှ သတင်းထောက်များ လိုက်ပါခဲ့ကြပြီး ဆန္ဒပြသူများသည် ကြွေးကြော်မှုမပြုကြဘဲ ဆိုင်းဘုတ်များကိုသာ ကိုင်ဆောင်ထားကြပြီး စနစ်ကျနစွာ စီစဉ်ခဲ့ကြသည် ဆန္ဒပြသူ များတွင် အမျိုးသမီး အမျိုးသား ကျောင်းသား လူငယ်များ ပါပါဝင်ခဲ့သည်။
ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များမှာ
*တရားမျှတမှုမရှိသော ဥပဒေနှင့်မညီညွတ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအားကန့်ကွက်ပါသည်
*ရပ်ကွက်အုပ်ချုပရေးမှူး ရွေးချယ်ပွဲပြန်လည်ပြုလုပ်ပေးပါ
*ရပ်ကွက်အကျိုးမသယ်ပိုးသည့် အုပ်ချုပ်ရေးမှူး အလိုမရှိ
*အများအကျိုးမသယ်ပိုးနိုင်သည့် ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးအလိုမရှိ
*သမ္မတကြီး၏တတိယအဆင့် အုပ်ချုပ်မှူစနစ်အပြောင်းအလဲကိုတိကျစွာအကောင်အထည်ဖေါ်ပေးပါ
စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ခဲ့ကြသည်
ဆန္ဒပြပွဲတွင် ရဲများမှ ဆန္ဒပြသူများ၏လုံခြုံရေးကို ဆောင်ရွက်ကြသည် ... ယဉ်ထိန်းရဲများသည် ယဉ်အ သွား အလာများကို ကြီးကြပ်ပေသည် ...
Ko Thantun
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။