Pages

Saturday, January 5, 2013

အသက်ထက် မြတ်သော ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်း

သူဟာစစ်သား တစ်ယောက် ဖြစ်ခဲ့တယ်။
 
သူ့မှာ အဖေရှိတယ်၊ အမေရှိတယ်၊ သားယောက်ျားလေးတစ်ယောက် အနေနဲ့ ပညာရေး စရိတ် ထောက်ပံ့ ပေးရမယ့် ညီတွေ၊ ညီမတွေလည်း ရှိတယ်။ နောက်ပြီး သူ့မှာ အရှက်နဲ့ ဂုဏ်သိက္ခာလည်း ရှိတယ်။
 
တာဝါတိုင်တွေ မိုင်းခွဲ။ စစ်ပွဲတွေ စပြီဆိုတာလည်း သူသိတယ်။ ပုံမှန် လမ်းကြောင်းမှာ လူပေါင်း ရာကျော်က လက်နက်မျိုးစုံနဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ကားပေါ်မှာ ပါလာတဲ့ လူနာတွေ သေတယ်။ ဒဏ်ရာရပြီး လူးလိမ့်နေတဲ့ ရဲဘော်ရဲဘက်တွေကို တွေ့တယ်။ လက်နက်ကိုင် တပ်ဖွဲ့တိုင်းမှာ အဖမ်းမခံရတဲ့ တပ်ဖွဲ့ မရှိတာကို သူတွေးမိတယ်။ အားမတန်လို့ မာန်လျှော့ ဆုံးဖြတ်ချက်တစ်ခုနဲ့ အဖမ်းခံ လိုက်ရတယ်။

ဟေ့ကောင်တွေ တန်းစီ။ မင်း ကိုယ်ပိုင်နံပါတ်ပြော။ ဘယ်တပ်ကလဲ။ ဘာလာလုပ်လဲ။ ဆိုတဲ့ မေးခွန်းတွေနဲ့ ဗီဒီယိုတွေ ရိုက်ကြတယ်။ လာသမျှ နိုင်ငံခြားသားတိုင်းကို မျောက်ပွဲပြသလို အထူးအဆန်းနဲ့ မြန်မာ စစ်တပ်က သုံ့ပန်းတွေ ဆိုတဲ့အပြောတွေ၊ ဓာတ်ပုံတွေ ရိုက်ခိုင်း၊ လှောင်ပြောင် ရယ်မောသံတွေကြားမှာ အံကြိတ် နေခဲ့ရတယ်။

သူဘယ်မှာ ရှိလဲဆိုတာ စစ်သားဟောင်း သမ္မတကြီးလည်း သိတယ်။ စစ်သားသမီး ဒေါ်အောင်ဆန်းစုကြည်လဲ သိတယ်။ ကာကွယ်ရေး ဦးစီးချုပ်လည်း သိတယ်။ မြန်မာတစ်နိုင်ငံလုံးက တစ်နေရာထဲမှာပဲ ရှိတဲ့ စစ်တပ် သုံ့ပန်းမို့ ငြိမ်းချမ်းရေးဆိုတဲ့ တစ်ချိန်မှာ သူအချိန်တန်ရင် ပြန်ရမှာပဲလို့ တွေးခဲ့တယ်။

သူတွေးနေတဲ့ ရက်တိုင်းမှာ ရောက်လာတာက သူ့လိုပဲ အားမတန် မာန်လျော့ခဲ့သူတွေ။ သူကြားတာက မင်းတို့ လိုကောင်တွေ ငါတို့ သတ်လိုက်တာ ဘယ်နှစ်ယောက် သေသွားပြီ။ ဘယ်လောက် ဒဏ်ရာရပြီ ဆိုတဲ့ ရယ်မော သံတွေနဲ့ ပြောတဲ့စကားတွေ။

ငြိမ်းချမ်းရေးဆိုတာ လိုချင်လို့ သူရှိတဲ့ နေရာကို ရောက်မလာသေးတဲ့ တပ်မတော်ကို သူမမုန်းဘူး။ သူရှိမှန်း သိပေမယ့် သူရှိတဲ့ နေရာကို လာမကယ်တာကို သူစိတ်မဆိုးဘူး။ ဒါပေမယ့် သူသိလိုက်တာက နိုင်ငံရေးကို အမြတ်ထုတ်မယ့် ထောင်ကထွက်လာတဲ့ ကျောင်းသားက သူ့ကို ခေါ်သွားလိမ့်မယ် ဆိုတဲ့သတင်း။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: