Pages

Tuesday, January 15, 2013

မီဒီယာသမားများ ဖတ်ရန်

ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေပြီး အချင်းချင်းစိတ်ဝမ်းကွဲစေေ သာ ပြောဆိုရေးသား လာကြ သည်ကို Eleven Media Group နှင့် Voice ဂျာနယ်တို့တွင် ၀မ်းနည်းဖွယ်ရာတွေ့မြင်လာရပါသည်။

 ELEVEN မှ ဘယ်သူလုပ်မှန်းမသိသောကိစ္စ ရပ်တစ်ခုအတွက် သက်တိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ အားစော်ကားထားသောပို့ များ ......

ကျွန်တော်သည် ဆရာဝန်တစ်ဦးမဟုတ်ပါ။ ကားပွဲစားတစ်ဦးလည်းမဟုတ်ပါ။ လွန်ခဲ့သည့်နှစ် အနည်း ငယ်က SSC အထူးကု ဆေးခန်း က ဆရာဝန်ကြီးတစ်ဦး ခွဲစိတ်ကုသရာတွင် ဂရုမစိုက်မှုကြောင့် ကလေး ငယ်တစ်ဦးအသက်ဆုံးပါးခဲ့ရမှုတွင် တစ်ဖက်သားအပေါ်အလွန်အကျွံရေးသားပြီး မီးလောင်ရာလေပင့် အပူပေါ်အပူဆင့်ဖန်တီးခဲ့ခြင်း၊ SSC အထူးကုဆေးခန်း၏ ဂုဏ်သိက္ခာနှင့် စီးပွားရေးအရကျဆင်းစေရန်နှင့် ၄င်းတို့နှင့် မည်သို့ ပတ်သတ်မှန်းမသိသော အာရှတော်ဝင်အထူးကု ဆေးခန်းအပေါ်အသာစီးရအောင် မီဒီယာအားကိုပြီး တိုက်ခိုက်ခဲ့ခြင်း၊ ယခင်အစိုးရလက်ထက် ကားပါမစ်များနှင့် ယခုအစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်ပါမစ်များယူကာ ကားရောင်းဝယ်ရေးနှင့် ကားဈေးကွက်ကို မိမိပိုင်ဆိုင်သော ဂျာနယ်ပေါ် တွင် အကျိုးစီးပွားရှာကာ ဈေးကစားမှု၊ နိုင်ငံတော်သမ္မတကြီးက ပြည်သူအများစု ကားစီးနိုင်ရေး အဆ င်ပြေေ အာင် ပြင်ဆင်ပေးသော မူဝါဒများအပေါ် မိမိအကျိုးစီးပွားကိုအခြေပြုပြီး ဝေဖန်ခဲ့ခြင်း၊ အစရှိသည့် မီဒီယာနှင့် စတုတ္ထမဏ္ဍိုင်ကို အကြောင်းပြု ကိုယ်ကျိုး စီးပွားရှာ သည်များသိရှိရသည့်အပြင် မိမိလိုရာ ဆွဲပြီးရေးသားသောဆောင်းပါးများ၊ လက်ရှိအစိုးရအပေါ် အလွန်အမင်း တိုက်ခိုက် သော အပြုသဘောမေ ဆာင်သည့် ကာတွန်းများရေးသားသောကြောင့် ဒေါက်တာသန်းထွဋ်အောင်ဦးစီးသည့် Eleven ဂျာနယ် အေ ပါ် ယုံကြည်မှုကင်းမဲ့သလို ဖတ်ရှုခြင်းပင်မရှိသလောက်နည်းပါးခဲ့ပါသည်။
ကျွန်တော်သည် သတင်းဂျာနယ်များစွာကို ၀ယ်ယူဖတ်ရှုပြီး ထိုအချိန်ကတည်းက The Voice , Messenger, Hot News ဂျာနယ် တိုအပေါ် နှစ်ခြိုက်စွာဖြင့် အပတ်စဉ်မပျက်မကွက် ၀ယ်ယူဖတ်ရှုခဲ့ ပါသ ည် ။ အောင်ထွဋ် (ခ) ဒေါက်တာနေ၀င်းမောင်၊ လေသရဲ တစ်ဦး၊ ဇေယျသူ၊ ပိုက်တင်၊ ဒေါက်တာေ နဇင် လတ်၊ ဆရာကျော်ဝင်းတို့ရေးသားသော ဆောင်းပါးများဖတ်ရှုပြီး ဗဟုသုတနှင့် နိုင်ငံရေးရာများ ကို မြောက် များစွာသိရှိခဲ့ရသဖြင့်လည်း ထိုဂျာနယ်များစွာကို အမြဲပင်ကျေးဇူးတင်ရှိလျက်ရှိပါသည်။

ယခုရက်ပိုင်းအတွင်း Eleven ဂျာနယ်၊ The Voice ဂျာနယ်များသည် ကချင်ပြည်နယ်အရေး ကိစ္စများနှင့် ပတ်သတ်ပြီး သတင်းမှန် များနှင့် ကွဲလွဲစွာ ဘက်လိုက်ရေးသားနေမှုများကို ကချင်ပြည်နယ်တွင် ရှိသော မိတ်ဆွေသူငယ်ချင်းများ ၊တပ်မတော်တွင် ကချင်ပြည်နယ်သို့သွားရောက်တာဝန်ထမ်းဆောင်နေသော သူ ငယ်ချင်းများထံမှ သိရှိရမှုများအရ ဘက်လိုက်ရေးသား နေ သည်ကိုလည်း ကိုယ်တိုင်ကြားသိတွေ့ရှိေ န ရပါသည်။

နိုင်ငံတော်က ချီးမြှင့်သည့်ဆုများကို ယူခြင်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိလူကြီးများရှေ့တွင် တအားရိုသေ လုပ်ကိုင်ခြင်း တို့ကိုပြုလုပ်ပြီး ကွယ်ရာတွင် အုပ်ချုပ်သူများ၏လုပ်ရပ်များကို ပစ်ပယ်ပြီး လူပြိန်းကြိုက် ရှုတ်ချနေသူများသည် မီဒီယာ လောက ထဲတွင်ရှိနေသည် မှာလည်း တိုင်းပြည်နှင့် မီဒီယာလောကအတွက် ရင်လေးစရာပင်ဖြစ်ပါသည်။

သတင်းမီဒီယာအလုပ်သည် သိမ်မွေ့နက်နဲပါသည်၊ ခက်ခဲကြမ်းတမ်းပါသည်၊ သတင်းတစ်ပုဒ် စာမျက်နှာ ထက်ဖတ်ရှုရခြင်း အမှန်တကယ်သတင်းတန်ဖိုးနားလည်သည့် အယ်ဒီတာများသိရှိပါသည်။ တတ်ယောင် ကားနှင့် ဟိတ်ဟန်လုပ်သည့် အယ်ဒီတာများကြောင့် သတင်းအမှန်များပျောက်ကွယ်မှေးမှိန်တတ်ပါသည်။

ယနေ့အချိန်အခါ မြန်မာ့နိုင်ငံရေး ပြောင်းလဲချိန်တွင် သတင်းမီဒီယာများအနေဖြင့် မည်သည့်ပါတီ၊ မည် သည့်အဖွဲ့အစည်း၊ မည်သူတို့က လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ၊ ကန့်သတ်ပိတ်ပင်ထား သ ည်ဖြစ်စေ၊ စာဖတ်သူပြည်သူများအတွက် အမှန်သတင်းကို မပျက်မကွက် ရယူပေးဆပ်တင်ပြရ မည်သာဖြ စ် ပါသည်။ အမှန်တရားကို သစ္စာပြုပြီး ပုဂ္ဂိုလ်စွဲ ၊ ၀ါဒစွဲကင်းစွာဖြင့် အဖြစ်မှန် ကြုံတွေ့ခဲ့ရခြင်း များကို ရေး သားခြင်းဖြင့် မိမိတို့ ပြည်သူလူထုနှင့် နိုင်ငံတော်အပေါ် မပျက်ယွင်းသော သစ္စာများဖြင့် လျှောက်လှမ်းနို င်ရေး ပြုပြင်ဆောင်ရွက်သွားကြပါရန် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မီဒီယာသမားများ ဖတ်ရန်

Labels:

0 comments: