Pages

Wednesday, January 2, 2013

ဦးသိန်းညွန့်နှင့် သင်္ဃန်းကျွန်း မြို့နယ် စံပြ စီမံကိန်း ရပ်ကွက်ရှိ ရန်မျိုးအောင် ဘုရားလမ်း ဖွင့်ပွဲ အခမ်းအနား

နှစ်သစ်ကူးချိန်ဖြစ်တဲ့ ၂.၁.၂၀၁၃ နေ့ နံနက် ၉း၀၀ အချိန်မှာ ရန်မျိုးအောင်ဘုရားလမ်း ဖွင့်ပွဲအခမ်း အနား တစ်ရပ် အား စံပြစီမံကိန်းရပ်ကွက်ရှိ ရန်မျိုးအောင်ဘုရားရှေ့တွင် ဖွင့်လှစ်ခဲ့ပါတယ် အဆိုပါအခ မ်း အနား မှာ မြို့တော်ဝန်နှင့် စီပင် ဌာနဆိုင်ရာများ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် တိုင်းဒေကြီး လွှတ်တော် ကိုယ်စားလှယ် များဖြစ် ကြတဲ့ ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့တက်ရောက်ကြပြီး မြို့တော်ဝန်မှ အဖွင့်အမှာစကားပြောကြားပြီး ဦးသိန်းညွန့်မှ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်..
 
 မြို့တော်ဝန်မှ ပြောကြားရာမှာ မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံတော်မှ ခွဲဝေချ ထားပေးသည့် သုံးစွဲငွေ ဘဂျက်အပေါ် တွင်မှီတည်ပြီး လမ်း၊ တံတား၊ သန့်ရှင်းရေးကိစ္စများကို ဆောင်ရွ က်ေ န ပါကြောင်း၊ လုပ်စရာတွေ လုပ်ရမည့်ကိစ္စတွေများပြားပေမဲ့ ရရှိတဲ့ ဘဏ္ဍာငွေ ပမာဏအပေါ်မူ တည်ပြီး လုပ်ဆောင်နေရပါကြောင်း ရန်ကုန်မြို့အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင် မိမိတို့ အနေဖြင့် စိတ်သွားတိုင်း ကိုယ်မပါဘဲ ကျေနပ်မှု မရရှိသေး ကြောင်း ရန်ကုန်မြို့အတွင်းမှာ ခင်ကျင်းပေးရမည့်လမ်း များအပြားရှိနေတာကိုသိရှိကြောင်း ဦးစားပေး အဆင့်များ ခွဲခြားပြီး ရရှိမည့် ဘဏ္ဍာငွေ အနေအထား အ ပေါ်မူတည်ပြီး ကျိုးစား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ယခု ခင်းကျင်းပေး သည့် လမ်းသည် နိုင်ငံတော်မှာ သိန်းသုံးရာကျော် အကုန်ခံပြီး ခင်းကျင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဒီလိုခင် ကျင်းပေးနိုင်ရေးအတွက်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်မှ မိမိတို့ဌာန ကို တောင်း ဆိုတင်ပြလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးသိန်းညွန့်မှပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လမ်းဖွင့်ပွဲများကို ဖိတ်ကြားတာက ဒီတစ်ကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ယခင်က လမ်းဖွင့်ပွဲများကို ပြည်ခိုင်ဖြိုးပါ တီမှ ကိုယ်စားလှယ်များကို သာဖိတ်ကြားခဲ့ပေမယ့် မိမိတို့အားမဖိတ်ကြားခဲ့ကြောင်း ပါတီစွဲမထားဖို့ကိုလည်း သမ္မတကြီနှင့်တွေ့ဆုံခွင့်ရရှိ ခဲ့ချိန်က ပြောကြားခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မိမိတို့သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပြီး သင်္ဃန်းကျွန်းဖွင့်ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် ဆွေးနွေးဖို့မိမိတို့ဘက်မှ ဖိတ်ခေါ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့အချိန်ထိ ကမ်းလှမ်းမှုမရှိခဲ့ကြောင်း ယခုဆိုရင်လဲ လွှတ်တော်ဥပဒေထွက်ရှိလာပြီဖြစ်ပြီး ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေတွင် ဆိုထားသည်မှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ သည် ဒေသဖွင့်ဖြိုးရေး အတွက်ေ လးစားတိုင်ပင်အပ်သည့် ပုဂ္ဂိုလ် များဖြစ်သည်ဟုအတိ အလ င်း ဖေါ်ပြ ထားကြောင်း သို့ပါ၍ ဥပဒေထွက်ရှိလာပြီဖြစ်သည့်အတွက် ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း တခါတရံမှာဆိုရင် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်လောက်ေ တာင် တန်ဖို့ထား ဆက်ဆံခြင်း မရှိတာတွေကို တွေ့ရှိ ခံစားရကြောင်း နှင့် ယခုလို စေတနာထားပြီး စံပြစီမံကိန်းရပ်ကွက်အတွင်းမှာရှိတဲ့ ရန်မျိုးအောင်ဘုရားလမ်းကို ခင်ကျင်းပေးခဲ့တဲ့ ဆောင်ရွက် မှုများအတွက် လွန်စွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လမ်းအားဖဲကြိုးဖွင့်လှစ်ရာတွင် မြို့တော်ဝန် ၊မြို့နယ်ထွေအုပ်၊မြို့န်ာစည်ပင် အုပ်ချုပရေးမှူးနှင့် NNDP သင်္ဃန်းကျွန်းတိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လမ်းအားလိုက်လံကြည့်ရှုကြသည်။
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဦးသိန်းညွန့်နှင့် သင်္ဃန်းကျွန်း မြို့နယ် စံပြ စီမံကိန်း ရပ်ကွက်ရှိ ရန်မျိုးအောင် ဘုရားလမ်း ဖွင့်ပွဲ အခမ်းအနား

Labels:

0 comments: