၁၃-၁-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာ၊
မော်ဝမ်းရပ်ကွက်နေ ဦးဇော်ဌေး(၃၈)နှစ်သည် မှော်စီကျေးရွာမှ
အမှိုက်ပုံကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦး တည်းမောင်းနှင် လာပြီး
အမှိုက်ပုံကျေး ရွာ အ၀င်သို့ အရောက်တွင် ဆိုင်ကယ်အား ခေတ္တရပ်၍ လမ်းဘေး၌
အပေါ့သွားစဉ် ကေအိုင် အေသောင်း ကျန်းသူများထောင်ထားသည့် မိုင်း ၁ လုံးအား
နင်းမိပေါက်ကွဲခဲ့သည်။
မိုင်းနင်းမိ ပေါက်ကွဲ မှုကြောင့်
ဦးဇော်ဌေးတွင် မျက်နှာစုတ်ပြဲ၊ ရင်ဝ မိုင်းစထိမှန်၊ ယာလက်ဖျံရိုးကျိုး၊
ဝဲလက်ကောက် ၀တ်ကျိုး၊ ယာခြေသလုံးကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့်
ဖားကန့်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။