Pages

Wednesday, January 16, 2013

အနှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သော တက္ကသိုလ်အရန်တပ်ရင်း ပြန်အသက်သွင်းပြီ

တက္ကသိုလ်အရန်တပ်ရင်းများ တရားဝင်ပြန်လည်ဖွဲ့စည်းခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း ကိစ္စရပ်များကို ယခု ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေ ညာလိုက်သည်။
 
အဆင့်မြှင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ''အခု မော်လမြိုင်နဲ့မန္တလေး တက္က သိုလ်နှစ် ခုမှာ တရားဝင်ဖွဲ့စည်းတာတွေ စတင်လုပ်ဆောင်ကြဖို့ ညွှန်ကြား ပြီးသွားပါပြီ။ လုပ်လည်း လုပ်နေကြ ပါပြီ'' ဟု ပြောသည်။
၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တက္ကသိုလ်အရန်တပ် ရင်းမှာ ၁၉၈၈ ခုနှစ်၌ ရပ်နားသွားခဲ့ရာ ယခု အခါ ပညာရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပြန်လည် အသက်သွင်းခြင်းလည်း ဖြစ်သည် ဟု မန္တလေး တက္ကသိုလ် အရန်တပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။
''ရှေ့လ ထဲမှာ ကျွန်တော်တို့ သင်တန်းစတင်ပေးနိုင်ဖို့ စာသင်ချိန်နဲ့ လေ့ကျင့်ချိန်တွေကို တက္ကသိုလ် တာ ဝန် ရှိ သူတွေနဲ့ ညှိနှိုင်းနေပါပြီ'' ဟု ၄င်းက ပြောသည်။
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စာတတ်ရုံတင်သာမက ကျန်းမာကြံ့ခိုင် စွာဖြင့် စည်းကမ်းတကျနှင့် ဘဝ ကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့ ဖြတ်သန်းနိုင်ရန် အခြေခံကောင်းများကို တက္ကသိုလ် အရန် တပ် ရင်း မှ ပေးစွမ်း လိမ့်မည်ဟု မှတ်ချက်ပြုသည်။
၎င်းက ပင် ဆက်လက်၍ ရန် ကုန်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ် တို့တွင်ပါ ဖွင့်လှစ်သွားရန် အစီ အစဉ် ရှိပြီး လူအင်အား ကန့်သတ်မထားကြောင်း ပြောသည်။
၁၉၈၈ ခုနှစ်အထိ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် တက္ကသိုလ်တို့တွင် အရန်တပ်ရင်း အင်အား ၂ဝဝဝ နီးပါး ခန့်ရှိပြီး ပြည်ပရန် ကျူးကျော်လာပါက တွန်းလှန်မှုတွင် အရန်အင်အားအဖြစ် ပါဝင်ရန်၊ အမျိုး သားရေးနှင့် ကာကွယ် ရေး မူဝါဒများ သိရှိစေရန်နှင့် တက္ကသိုလ် ဘွဲ့ရပြီးဗိုလ်သင်တန်း တက်ရောက် မည်ဆို ပါက ဦးစားပေး ရွေး ချယ်ခံရရန် ရည်ရွယ်မှုတို့ဖြင့် ထိုစဉ်က အရန် တပ်ရင်းများ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။
မင်းသုအောင်
 
Popular Myanmar News Journal
 
No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

အနှစ် ၂ဝ ကျော် ပျောက်ကွယ်ခဲ့သော တက္ကသိုလ်အရန်တပ်ရင်း ပြန်အသက်သွင်းပြီ

Labels:
တက္ကသိုလ်အရန်တပ်ရင်းများ တရားဝင်ပြန်လည်ဖွဲ့စည်းခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း ကိစ္စရပ်များကို ယခု ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေ ညာလိုက်သည်။
 
အဆင့်မြှင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ''အခု မော်လမြိုင်နဲ့မန္တလေး တက္က သိုလ်နှစ် ခုမှာ တရားဝင်ဖွဲ့စည်းတာတွေ စတင်လုပ်ဆောင်ကြဖို့ ညွှန်ကြား ပြီးသွားပါပြီ။ လုပ်လည်း လုပ်နေကြ ပါပြီ'' ဟု ပြောသည်။
၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တက္ကသိုလ်အရန်တပ် ရင်းမှာ ၁၉၈၈ ခုနှစ်၌ ရပ်နားသွားခဲ့ရာ ယခု အခါ ပညာရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပြန်လည် အသက်သွင်းခြင်းလည်း ဖြစ်သည် ဟု မန္တလေး တက္ကသိုလ် အရန်တပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။
''ရှေ့လ ထဲမှာ ကျွန်တော်တို့ သင်တန်းစတင်ပေးနိုင်ဖို့ စာသင်ချိန်နဲ့ လေ့ကျင့်ချိန်တွေကို တက္ကသိုလ် တာ ဝန် ရှိ သူတွေနဲ့ ညှိနှိုင်းနေပါပြီ'' ဟု ၄င်းက ပြောသည်။
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စာတတ်ရုံတင်သာမက ကျန်းမာကြံ့ခိုင် စွာဖြင့် စည်းကမ်းတကျနှင့် ဘဝ ကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့ ဖြတ်သန်းနိုင်ရန် အခြေခံကောင်းများကို တက္ကသိုလ် အရန် တပ် ရင်း မှ ပေးစွမ်း လိမ့်မည်ဟု မှတ်ချက်ပြုသည်။
၎င်းက ပင် ဆက်လက်၍ ရန် ကုန်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ် တို့တွင်ပါ ဖွင့်လှစ်သွားရန် အစီ အစဉ် ရှိပြီး လူအင်အား ကန့်သတ်မထားကြောင်း ပြောသည်။
၁၉၈၈ ခုနှစ်အထိ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် တက္ကသိုလ်တို့တွင် အရန်တပ်ရင်း အင်အား ၂ဝဝဝ နီးပါး ခန့်ရှိပြီး ပြည်ပရန် ကျူးကျော်လာပါက တွန်းလှန်မှုတွင် အရန်အင်အားအဖြစ် ပါဝင်ရန်၊ အမျိုး သားရေးနှင့် ကာကွယ် ရေး မူဝါဒများ သိရှိစေရန်နှင့် တက္ကသိုလ် ဘွဲ့ရပြီးဗိုလ်သင်တန်း တက်ရောက် မည်ဆို ပါက ဦးစားပေး ရွေး ချယ်ခံရရန် ရည်ရွယ်မှုတို့ဖြင့် ထိုစဉ်က အရန် တပ်ရင်းများ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။
မင်းသုအောင်
 
Popular Myanmar News Journal
 
0 comments: