Pages

Wednesday, January 16, 2013

မီဒီယာများသို့ တိုက်တွန်းခြင်း

မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ Myanmar Peace Center က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လေ့ လာခွင့်ရခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လည်း လာရောက် ဆွေးနွေးခဲ့ပါတယ်။

Myanmar Peace Center ရဲ့ဆွေးနွေးမှုတွေ မှာ နိုင်ငံတကာငြိမ်းချမ်းရေးဖော်ေ ဆာင်မှုဖြစ်စဉ် များနဲ့ယှ ဉ်ပြီးေ လ့လာခွင့်ရခဲ့ပါ တယ်။ ကျန်တဲ့နိုင်ငံတွေမှာ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ကြားမှာ သာ ငြိ မ်းချမ်းရေးတည်ဆောက်နိုင်ဖို့တောင် အတော် ကြိုးစား ဆောင်ရွက်ခဲ့ကြတာကို တွေ့ရတော့ ဒါဇင်နဲ့ ချီတဲ့ လက်နက်ကိုင်အဖွဲ့များ၊ နောက်ခံသမိုင်းအမျိုးမျိုး၊ ဝါဒအမျိုးမျိုး၊ လိုလားချက်အမျိုးမျိုး၊ နောက်ပြီး ပထဝီနိုင်ငံရေးရဲ့ အကျိုးသက်ရောက်မှုများကြားက ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ဟာ ဘယ်လောက်ခက်ခဲ သိမ်မွေ့ တယ်ဆိုတာကိုလည်း နှိုင်းယှဉ် စဉ်းစားခွင့် ရခဲ့ပါတယ်။

သမ္မတကြီးရဲ့ မူဝါဒဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့တင်ရပ်မနေပဲ နိုင်ငံရေးဆွေးနွေးမှုများဆက်လုပ် ဖို့ အတွက် လိုအပ်တဲ့ မူဘောင် (Frame Work ) များအတွက် ပြင်ဆင်နေတာတွေမြင်ရ၊ လေ့လာ ရတဲ့အခါ ဒီမူဘောင်တွေ အတွင်းကသာ ပြည် ထောင်စု စိတ်ဓာတ်အခြေခံနဲ့ ဆွေးနွေးကြမယ် ဆိုရင် ငြိမ်းချမ်းရေး ဟာ အလှမ်းမဝေးဘူးလို့ ယုံကြည်ပါတယ်။

အဲဒီနေ့ ဆွေးနွေးသူအားလုံးက နိုင်ငံတော်က ကမ်းလှမ်းထားတဲ့ အပစ်အခတ်ရပ်စဲရေးကနေ နိုင် ငံေ ရးဆွေးနွေးဖို့ ဆိုတဲ့ အချက်ကို ကေအိုင်အို၊ကေအိုင်အေ ဘက်က လက်ခံလာအောင် ဘယ်လိုကြိုး ပမ်း ကြမယ်ဆိုတာ အလေးအနက် ဆွေးနွေး ခဲ့ကြပါတယ်။

ကေအိုင်အေ နဲ့လည်း အပစ်အခတ်ရပ်စဲရေးကို အမြန်အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ဒီကနေ့ မီ ဒီယာပေါ် စိတ်မချမ်း မြေ့စရာ သတင်းပုံရိပ်တွေ ပျောက်ကွယ်သွားမှာပါ။ သတင်းတွေ ရေး ကြ၊ ပြော ကြ ရတာချင်းအတူတူ ငြိမ်းချမ်းတဲ့၊ ချစ်ကြည် ရင်းနှီးတဲ့၊ ပျော်ရွှင်စရာ သတင်းတွေရေးခွင့်၊ ဆွေးနွေးခွင့်ရတာ က အလုပ်လုပ်ရတာ ပိုပြီး စိတ်ချမ်းသာစရာကောင်းပါ တယ်။

အဲဒီလို ဖြစ်အောင် ကျွန်တော်တို့ မီဒီယာတွေလည်း Peace Journalism, Conflict Sensitive Journalism အခြေခံမူများနဲ့ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်။

Ye Htut

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မီဒီယာများသို့ တိုက်တွန်းခြင်း

Labels:
 
0 comments: