Pages

Wednesday, January 2, 2013

၂-၁-၂၀၁၃ ABSDF မှ ပြောသော တိုက်ပွဲ အခြေအနေ

ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန်ေ ကျး ရွာ အ နီး တွင် မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်တိုက်လေ ယဉ်နှစ် စီးဖြ င့် ပြန် လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF ပြ န် ကြားရေး တာဝန် ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။
 
“တောင်ကုန်းပေါ်မှာ ဖြစ်နေတယ်။ ဒီမနက် နမ်ဆန်ယန်ဘက်ကနေ တက်လာတာ။ မတက်လာနိုင်အောင် ကျနော် တို့ တားထားတယ်။ မနက် ၈ နာရီကတည်းကနေ ဖြစ်နေတာ၊ ခုန ၁၁ နာရီခွဲလောက်မှာ ပထမ တခေါက် လာတာက တိုက်လေယဉ် HKW တရုတ်က လေ့ကျင့်တဲ့လေယဉ်၊ ဒီတခေါက်လာတာက ရဟတ်ယဉ်နဲ့ ပစ်သွားတာ တခါပစ်လိုက် ပြန်သွားလိုက်လုပ်နေတာ”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

နံနက် ၈ နာရီချိန်မှ စတင်၍ အစိုးရ၏ တပ်ဖွဲ့များ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီး ထိုးစစ်ဆင်လာသဖြင့် KIA ၏ ရှေ့တန်းတပ်ဖွဲ့မှ ပြန်လည် ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်က တိုက်လေယဉ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

ထို့ပြင် ယနေ့ ၁၁ နာရီခွဲချိန်မှစ၍ တိုက်လေယဉ် နှစ်စီး ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယဉ် နှစ်စီးဖြင့် ပြန် လည် တိုက်ခိုက်နေသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။ ထိုလေယဉ်နှစ်စီးကို လိုင်ဇာမြို့မှ စစ်ပြေးဒုက္ခသည်များတွေ့မြင်နေရသည်ဟု လိုင်ဇာမြို့ခံတဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှ တိုက်လေယဉ်နှင့် ရဟတ်ယဉ်များ နေ့စဉ် ပျံသန်းမှုများ ရှိနေသည်ဟု မြစ်ကြီးနားမြို့နေ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“နေ့တိုင်း မြစ်ကြီးနားကနေ ပျံသန်းသွားတာ တွေ့နေတာဘဲ၊ လေယဉ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း ၉ နာရီမှာ တကြိမ်၊ ၂ နာရီမှာတကြိမ် ပျံသန်းသွားတာဘဲ”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က လဂျားယန်ကျေးရွာ အထက်ပိုင်း KIA ၏ ရှေ့တန်းစခန်း ၇၇၁ တပ်စခန်း အား မြန်မာ အစိုးရဘက်မှ လေယဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KIA ဘက်မှ ဆုတ်ခွာပေး လိုက်ရ သဖြင့် ထပ်မံ ထိုးစစ်ဆင်လာမှုကို KIA ဘက်မှ ဆက်လက် တိုက်ခိုက်နေရသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

“အဲဒီနေရာကို အင်အား ထပ်ဖြည့် တက်လာတာကို ကျနော်တို့က အောက်ကနေ တိုက်နေတာ၊ သူတို့ြေ ပာနေတာ က လဂျားယန်ကို နိုင်ပြီလို့ ပြောနေတယ်။ ဒါပေမဲ့ မရသေးပါဘူး။ မရအောင် ကျနော်တို့ လုပ်နေ တာ”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့တွင်လည်း အစိုးရတပ်ဖွဲ့များဘက်မှ ဘွမ်ဆွမ်တောင်၊ မန်သဲ၊ ခန်းကိုင်တောင် စသည့် တောင်သုံးခုမှ အမြောက် လက်နက်ကြီးများဖြင့် ဆက်လက် လဂျားယန်ကျေးရွာအနီး ပစ်ခတ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အစိုးရက စစ်တိုက်လေယဉ် အသုံးပြု၍ KIA ရှေ့တန်း တပ် စခန်းအား တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု KIO ဘက်မှ ပြောဆိုနေမှုအပေါ် မြန်မာအစိုးရ ဘက်မှ ကချင်ပြည်နယ်မှာ စစ်တပ်လေကြောင်းဖြင့် တိုက်ခိုက်မှု မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ သုံးစွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှု မဟုတ်ဘဲ လဂျားယန်ရှိ အစိုးရ၏ တပ်ဖွဲ့များအတွက် လေကြောင်းဖြင့် ထောက်ပံ့ရေး ရိက္ခာပစ္စည်းများ ပို့ဆောင်ခြင်းသာ ဖြစ်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေးက AP သတင်းကို ပြောဆိုထားသည်ဟု အာအက်ဖ်အေ မြန်မာပိုင်းတွင် ဖော်ပြထားသည်။

အဆိုပါ အစိုးရဘက်မှ ပြောဆိုမှုနှင့် လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ကျောင်းသား တပ်မတော်
(မြောက်ပိုင်း) ABSDF မှ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“စားနပ်ရိက္ခာ ပါမပါတော့ မသိဘူး။ ကျနော်တို့ကို ပစ်သွားတာကတော့ ကျည်ဆံတွေဘဲ ပစ်တာ။ သူသိသိနဲ့ ပြောတာလဲ ဖြစ်မယ်။ လိမ်နေတာလဲ ဖြစ်မယ်။ ဒီမှာက ကျနော်တို့က လက်တွေ့ဆိုတော့ သူပြော တာ မဟုတ်ဘူး။ လွဲနေတယ်”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

သို့သော် အစိုးရတပ်မတော်အရာရှိများ ထုတ်ဝေနေသော မြဝတီ အွန်လိုင်းစာမျက်နှာတွင် အစိုးရ တပ်မေ တ်ာမှ လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအား ပိတ်ဆို့လျက်ရှိသော ကချင်ပြည်နယ် အရှေ့ပိုင်း ပွိုင့် ၇၇၁ တောင်ကုန်းနှင့် ဝန်းကျင် အား “လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ရာ” ဒီဇင်ဘာလ ၃၀ ရက်နေ့က အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
 
1 comment:

  1. မင်းကရုတ်လားမင်းတို့လုပ်တာတွေကတရုတ်ကောင်းစား ဖို့အတွက်ဖြစ်နေတယ်ဂယ်ရှောင်ကတော့တိုင်းပြည်ကို တရုတ်လက်ထဲအပ်နေပြီမင်းတို့ကဂယ်ရှောင်အသုံးတော် ခံတွေလားကချင်ပြည်သူတွေကိုမလိမ်ပါတော့နဲ့သူတို့က မင်းတို့ကိုကြိုက်လို့မဟုတ်ဘူးမင်းတို့သတ်မှာကြောက်လို့ဟကချင်ပြည်နယ်အတွက်ပြောပြီးကချင်ပြည်နယ်ကို ရောင်းစားနေပါလား

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

၂-၁-၂၀၁၃ ABSDF မှ ပြောသော တိုက်ပွဲ အခြေအနေ

Labels:
 
ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန်ေ ကျး ရွာ အ နီး တွင် မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်တိုက်လေ ယဉ်နှစ် စီးဖြ င့် ပြန် လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF ပြ န် ကြားရေး တာဝန် ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။
 
“တောင်ကုန်းပေါ်မှာ ဖြစ်နေတယ်။ ဒီမနက် နမ်ဆန်ယန်ဘက်ကနေ တက်လာတာ။ မတက်လာနိုင်အောင် ကျနော် တို့ တားထားတယ်။ မနက် ၈ နာရီကတည်းကနေ ဖြစ်နေတာ၊ ခုန ၁၁ နာရီခွဲလောက်မှာ ပထမ တခေါက် လာတာက တိုက်လေယဉ် HKW တရုတ်က လေ့ကျင့်တဲ့လေယဉ်၊ ဒီတခေါက်လာတာက ရဟတ်ယဉ်နဲ့ ပစ်သွားတာ တခါပစ်လိုက် ပြန်သွားလိုက်လုပ်နေတာ”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

နံနက် ၈ နာရီချိန်မှ စတင်၍ အစိုးရ၏ တပ်ဖွဲ့များ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီး ထိုးစစ်ဆင်လာသဖြင့် KIA ၏ ရှေ့တန်းတပ်ဖွဲ့မှ ပြန်လည် ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်က တိုက်လေယဉ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

ထို့ပြင် ယနေ့ ၁၁ နာရီခွဲချိန်မှစ၍ တိုက်လေယဉ် နှစ်စီး ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယဉ် နှစ်စီးဖြင့် ပြန် လည် တိုက်ခိုက်နေသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။ ထိုလေယဉ်နှစ်စီးကို လိုင်ဇာမြို့မှ စစ်ပြေးဒုက္ခသည်များတွေ့မြင်နေရသည်ဟု လိုင်ဇာမြို့ခံတဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှ တိုက်လေယဉ်နှင့် ရဟတ်ယဉ်များ နေ့စဉ် ပျံသန်းမှုများ ရှိနေသည်ဟု မြစ်ကြီးနားမြို့နေ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“နေ့တိုင်း မြစ်ကြီးနားကနေ ပျံသန်းသွားတာ တွေ့နေတာဘဲ၊ လေယဉ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း ၉ နာရီမှာ တကြိမ်၊ ၂ နာရီမှာတကြိမ် ပျံသန်းသွားတာဘဲ”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က လဂျားယန်ကျေးရွာ အထက်ပိုင်း KIA ၏ ရှေ့တန်းစခန်း ၇၇၁ တပ်စခန်း အား မြန်မာ အစိုးရဘက်မှ လေယဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KIA ဘက်မှ ဆုတ်ခွာပေး လိုက်ရ သဖြင့် ထပ်မံ ထိုးစစ်ဆင်လာမှုကို KIA ဘက်မှ ဆက်လက် တိုက်ခိုက်နေရသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

“အဲဒီနေရာကို အင်အား ထပ်ဖြည့် တက်လာတာကို ကျနော်တို့က အောက်ကနေ တိုက်နေတာ၊ သူတို့ြေ ပာနေတာ က လဂျားယန်ကို နိုင်ပြီလို့ ပြောနေတယ်။ ဒါပေမဲ့ မရသေးပါဘူး။ မရအောင် ကျနော်တို့ လုပ်နေ တာ”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့တွင်လည်း အစိုးရတပ်ဖွဲ့များဘက်မှ ဘွမ်ဆွမ်တောင်၊ မန်သဲ၊ ခန်းကိုင်တောင် စသည့် တောင်သုံးခုမှ အမြောက် လက်နက်ကြီးများဖြင့် ဆက်လက် လဂျားယန်ကျေးရွာအနီး ပစ်ခတ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အစိုးရက စစ်တိုက်လေယဉ် အသုံးပြု၍ KIA ရှေ့တန်း တပ် စခန်းအား တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု KIO ဘက်မှ ပြောဆိုနေမှုအပေါ် မြန်မာအစိုးရ ဘက်မှ ကချင်ပြည်နယ်မှာ စစ်တပ်လေကြောင်းဖြင့် တိုက်ခိုက်မှု မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ သုံးစွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှု မဟုတ်ဘဲ လဂျားယန်ရှိ အစိုးရ၏ တပ်ဖွဲ့များအတွက် လေကြောင်းဖြင့် ထောက်ပံ့ရေး ရိက္ခာပစ္စည်းများ ပို့ဆောင်ခြင်းသာ ဖြစ်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေးက AP သတင်းကို ပြောဆိုထားသည်ဟု အာအက်ဖ်အေ မြန်မာပိုင်းတွင် ဖော်ပြထားသည်။

အဆိုပါ အစိုးရဘက်မှ ပြောဆိုမှုနှင့် လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ကျောင်းသား တပ်မတော်
(မြောက်ပိုင်း) ABSDF မှ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“စားနပ်ရိက္ခာ ပါမပါတော့ မသိဘူး။ ကျနော်တို့ကို ပစ်သွားတာကတော့ ကျည်ဆံတွေဘဲ ပစ်တာ။ သူသိသိနဲ့ ပြောတာလဲ ဖြစ်မယ်။ လိမ်နေတာလဲ ဖြစ်မယ်။ ဒီမှာက ကျနော်တို့က လက်တွေ့ဆိုတော့ သူပြော တာ မဟုတ်ဘူး။ လွဲနေတယ်”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

သို့သော် အစိုးရတပ်မတော်အရာရှိများ ထုတ်ဝေနေသော မြဝတီ အွန်လိုင်းစာမျက်နှာတွင် အစိုးရ တပ်မေ တ်ာမှ လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအား ပိတ်ဆို့လျက်ရှိသော ကချင်ပြည်နယ် အရှေ့ပိုင်း ပွိုင့် ၇၇၁ တောင်ကုန်းနှင့် ဝန်းကျင် အား “လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ရာ” ဒီဇင်ဘာလ ၃၀ ရက်နေ့က အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
 
1 comments:

မင်းကရုတ်လားမင်းတို့လုပ်တာတွေကတရုတ်ကောင်းစား ဖို့အတွက်ဖြစ်နေတယ်ဂယ်ရှောင်ကတော့တိုင်းပြည်ကို တရုတ်လက်ထဲအပ်နေပြီမင်းတို့ကဂယ်ရှောင်အသုံးတော် ခံတွေလားကချင်ပြည်သူတွေကိုမလိမ်ပါတော့နဲ့သူတို့က မင်းတို့ကိုကြိုက်လို့မဟုတ်ဘူးမင်းတို့သတ်မှာကြောက်လို့ဟကချင်ပြည်နယ်အတွက်ပြောပြီးကချင်ပြည်နယ်ကို ရောင်းစားနေပါလား

Post a Comment