Pages

Tuesday, January 1, 2013

7Day News က ၂၀၁၂ ခုနှစ်အတွက် မြန်မာ နိုင်ငံမှ အထင်ရှားဆုံး ပုဂ္ဂိုလ် ( Person of the Year ) အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို ပူးတွဲ ရွေးချယ်

7Day News က ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အထင်ရှားဆုံးပုဂ္ဂိုလ် (Person of the Year) အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် တို့ကို ပူးတွဲရွေးချယ်လိုက်ပါသည်။

ဦးသိန်းစိန်
 
နာမည်ကြီးနိုင်ငံရေးသမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသမား ရာနှင့်ချီ၍ လွှတ်ပေးခဲ့သူ၊ ဆယ်စုနှစ်များ စွာအတွင်း အစိုးရအဖွဲ့အား အကြီးမားဆုံး အပြောင်းအလဲပြုလုပ်ခဲ့ သူ၊ ဒေါ်အောင်ဆန်းစုကြ ည် ေ ရြးေ ကာက္ပဲြ ၀င်နိုင်ရန် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ပေးပြီး နိုင်ငံရေးအခင်းအကျင်း ပုံစံသစ်တွင်  ဒေါ်ေ အာင် ဆန်းစုကြည်နှင့်လက်တွဲ၍ ဆောင်ရွက်နေသူ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပထမဆုံးမိန့် ခွန်း ပြော ကြားခဲ့သော မြန်မာသမ္မတအဖြစ်  ဦးသိန်းစိန်က ၂၀၁၂ တွင် မှတ်တိုင် များစွာစိုက်ထူခဲ့သည်။ 
 
သို့သော် လက်ပံတောင်းတောင် သပိတ်စခန်းအား အင်အားသုံးနှိမ်နင်းခဲ့ခြင်း၊ တိုင်းရင်းသား အဖွဲ့အစည်း များစွာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်မူ ငြိမ်းချမ်းရေး  မဖော်ဆောင်နိုင်သေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးလာအောင်လုပ်ဆောင်နိုင်ခြင်းမရှိသေးခြင်း တို့ကြောင့် ၎င်းကို ဝေဖန်မှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်

အတိုက်အခံခေါင်းဆောင် တစ်ဦးအဖြစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်တွင်း သို့ဝင်ခဲ့ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ  ဖြေလျှော့ရေးနှင့် ပြည်ပအကူအ ညီများ ရရှိရေး အတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံမှ စတင်လိုက်သည့် ၎င်း၏ပထမဆုံး ပြည် ပခရီးစဉ်မှစ၍ နိုင်ငံတကာတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများကြောင့်လည်း ကမ္ဘာ့မီဒီယာဇာတ်ခုံ ၌ မြန် မာနိုင်ငံသည် ထင်ပေါ်ခဲ့ရသည်။  လက်ပံတောင်းတောင် အရေး တွင် သတ္တိရှိရှိဖြင့် စုံစမ်းစစ်ဆေးေ ရးေ က်ာမရှင်ဥက္ကဋ္ဌ တာဝန်ယူထားပြီး၊ လူထုအပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။  

သို့ေ သာ် ပြည်တွင်း၌ဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေဆဲဖြစ်သော ပဋိပက္ခများတွင် ၎င်း၏အခန်းကဏ္ဍအေ ပါ် ဝေဖန်မှုများရှိခဲ့သည့်အတွက် ဆယ်စုနှစ်နှစ်ခုကျော်အတွင်း  ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်မှု အ များဆုံးပေါ်ထွက်ခဲ့သည့် နှစ်တစ်နှစ်လည်းဖြစ်ခဲ့သည်။

------------------------------------------------------------------------

ဒုတိယ- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ

၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက် နံနက်ခင်းစောစောတွင် ၎င်းတို့ကြောင့် မြန်မာပြည်သူများ ပျော်ရွှင်၊ စိတ်လှုပ် ရှား၊ ကြည်နူးခဲ့ရ သလို မြန်မာ့နိုင်ငံရေး  အနာဂတ်အတွက် လည်း အားတက်ခဲ့ရသည်။ မင်းကိုနိုင်၊ ကိုကို ကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုစသော ၈၈မျိုးဆက် ကျောင်းသားများမှာ  မြန်မာ့နိုင် ငံရေး အခင်းအကျင်းသစ်၏ အဓိကဇာတ်ဆောင် များဖြစ်လာသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် သို့ နိုင် ငံရေးအရ ကူးပြောင်းချိန်တွင် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်လာရန်၊ ပွင့်လင်းမြင်သာရန်၊ တာ ၀န်ယူတတ်ရန်၊ သတ္တိရှိရှိ မိမိတို့၏ အခွင့်အရေး တောင်းဆိုတတ်ရန်၊ အပြန်အလှန် ထိန်းကျောင်းေ သာစနစ် အသက်ဝင်ရန် စသည့် ဒီမိုကရေစီစိတ်ဓာတ်၏  အခြေခံများအား လူထုသို့ ပညာပေးခြင်း ကို ၎င်းတို့၏ ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုက ဆက်တိုက် အကောင်အထည်ဖော် ခဲ့သည်။ မြေ ယာပြဿ နာ၊  လုပ်ခလစာနည်းပါးမှု၊ ကချင်ပြည်နယ်မှ တိုက်ပွဲများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်၍လည်း ၎င်းတို့က  အဖြေထုတ်နိုင်ရန် တက်တက်ကြွကြွ ကြိုးပမ်း ခဲ့ကြသည်။

--------------------------------------------------------------------

တတိယ- ဦးအောင်မင်း

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိရန်  ဦးဆောင်ကြိုးပမ်းနိုင်ခဲ့ သည်။ ယခင်အစိုးရအဆက်ဆက် အပစ်အခတ်ရပ်စဲရေးကိုပင် မစွမ်းဆောင်နိုင်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအပစ်အခတ်ရပ်စဲခဲ့ပြီး ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် KIA နှင့်မူ ငြိမ်းချမ်းရေးရအောင်  မစွမ်းဆောင်နိုင်သေးသလို လက်ပံတောင်းတောင် သပိတ်စခန်းတွင် ဒစ်ပလိုမေစီမဆန်သော မှတ်ချက်စကားကြောင့် ဝေဖန်ခံခဲ့ရသည်။ သမ္မတဦးသိန်းစိန်၏  အဓိက လက် ရုံးဖြစ်ပြီး အမည်ပျက်စာရင်းသွင်းခံရသူများ ပယ်ဖျက်ပေးရန်၊ ကာလကြာရှည်စွာ ပြည်ပေ ရာက်ေ နသော အတိုက်အခံများ ပြန်လာနိုင်ရန်၊  အမေရိကန်သမ္မတ အိုဘားမား ၏ ခရီးစဉ်ပေါ်ပေါက်လာရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

---------------------------------------------------------------------------

စတုတ္ထ- အခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်သူများ

လွတ်လပ်စွာ စုဝေးစီတန်း လမ်းလျှောက်ခွင့်ဥပဒေ မထွက်မီကပင် လျှပ်စစ်မီးရရှိရေးအတွက်၊ လုပ်ခလစာ ခံစားခွင့် အပြည့်အ၀ ရရှိရေးအတွက်  မြိတ်ကျောက်မီးသွေးစက်ရုံ ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်း ဆိုမှုများ နှစ်ဆန်းပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ ဥပဒေထွက်လာပြီးနောက်  ဆန္ဒပြတောင်းဆိုပွဲများ က နိုင် ငံအနှံ့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ သည်။ ဆန္ဒပြတောင်းဆိုသည့် အကြောင်းအရာများ ဦးဆော င်ပါဝင်သူများ၊  အားပေးလှုံ့ဆော်ကြသူများ က မဖြစ်မနေ လိုအပ်ချက်အတွက် (သို့မဟုတ်) ရသင့်ရထိုက် သည့် အခွင့်အရေးအတွက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။  ပါဝင်ပတ်သက်ခဲ့ကြသူများ ကို မီဒီယာစာ မျက်နှာများပေါ်တွင် ပြည်သူအများ မြင်တွေ့ခဲ့ကြရသည်။ တစ်ဦးချင်းစီ၏ ရည် ရွယ်ချက် တည့်မတ် မှန်ကန်မှု ရှိ၊မရှိကမူ  ပြည်သူတို့ ထင်မြင်ဆုံးဖြတ်ချက်အတိုင်းပင် ဖြစ်ပေလိမ့်မည်။

-----------------------------------------------------------------------------

ပဉ္စမ- နန်းခင်ဇေယျာ

သာမန် ဧည့်လမ်းညွှန်အဖြစ်မှ နေ့ချင်းညချင်း ထူးထူးခြားခြား နာမည်ကြီးခဲ့သူမှာ နန်းခင်ဇေယျာဖြစ် သည် ။ နှစ် ပေါင်း ၅၀ ကြာမှ နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်သို့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော နန်း ခင်ဇေယျာမှာ အင်တာနက် အသုံးပြုသော မြန်မာများ၏  ထူးထူးကဲကဲ အားပေးမှုေ ကြာင့် မဲပေါင်းသန်း ၂၀ ကျော်ရကာ Miss International ပြိုင်ပွဲ၏ အင်တာနက်မဲအများဆုံးဆုနှင့် အင်တာနက်မှ  ပရိသတ် များ ကရွေးချယ်သော လူကြိုက်အများ ဆုံးဆုရခဲ့သည်။ ထိုပြိုင်ပွဲအပြီး နန်းခင်ဇေယျာသည်လည်း သာ မန်မော်ဒယ်ဧည့်လမ်းညွှန်မှ  နာမည်ကြီးကြော်ငြာမော်ဒယ်၊ လူမှုရေးလုပ်ငန်းများ တက်ကြွစွာ လုပ်ကိုင် သူဖြစ်လာသည်။

(မှတ်ချက်။ ။၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အထင်ရှားဆုံးပုဂ္ဂိုလ်ရွေးချယ်ရန် 7Day News က ပဏာ မစာရင်းဝင်သူများကိုဦးစွာရွေးချယ်၍  အွန်လိုင်းမှလည်းကောင်း ၊ လူကိုယ်တိုင်လည်းကောင်းစစ်တမ်းကောက်ယူ ပြီးနောက် ရလဒ်များကိုစုပေါင်းပြီး၊ 7Day News အယ်ဒီတာအဖွဲ့က ၂၀၁၂ အထင်ရှားဆုံး ပုဂ္ဂို လ်အဖြစ် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို  ရွေးချယ်လိုက် ပါသည်။ ထိုသို့ ရွေးချယ်ရာတွင် 7Day News ၏ မူအတိုင်း ပဏာမစာရင်းအတွက် လူပုဂ္ဂိုလ်၊ အစုအဖွဲ့များကို ရွေးချယ်ရာတွင် ၂၀၁၂  တစ်နှစ် ပတ် လုံးအတွင်း သတင်းများအပေါ် လှုပ်ခတ်သက်ရောက်မှု၊ လူထုအပေါ် လွှမ်းမိုးနိုင်မှု၊ ထင်ထင်ရှား ရှားဖြ စ်မှုတို့ကို အကဲဖြတ် ရွေးချယ်ခြင်းဖြစ်သည်။  ၎င်းတို့၏ အဆိုး၊ အကောင်း လုပ်ဆောင်ချက်၊ စွမ်းဆောင် ချက် များအပေါ် အကဲဖြတ်ရွေးချယ်ခြင်းမဟုတ်ပါ။)

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

7Day News က ၂၀၁၂ ခုနှစ်အတွက် မြန်မာ နိုင်ငံမှ အထင်ရှားဆုံး ပုဂ္ဂိုလ် ( Person of the Year ) အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို ပူးတွဲ ရွေးချယ်

Labels:

0 comments: