သမ္မတရဲ့ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ် ကတော့ တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းေ ရး လက်မှတ် မထိုးခင် တုန်းကဒီလို သဘောမျိုးတွေ တွေ့ခဲ့ရတဲ့ အကြောင်း၊ခြုံကြည့်ရင် ဒါဟာ ယာယီ အခိုက်အတန့် သဘောပဲ ဖြစ်ပြီး လက်နက်ကိုင် တွေရဲ့ သဘောတရား အရ အနည်း အကျဉ်း တိုက်ကြ ခိုက်ကြတာသာ ဖြစ်ကြောင်း နဲ့ ကချင် နဲ့လည်း ၂၀၁၃ မှာ တစုံတရာ တိုးတ က်မှု ကောင်းကောင်း ရသွား နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းကို ပြောကြား သွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးကို လိုချင်တဲ့အကြောင်း၊ အဲဒါကြောင့်လည်း လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့မှာ ၁၀ ဖွဲ့က အခြေခံ သဘောတူညီချက် တွေကို လက်မှတ်ထိုး ထားကြောင်း ပြောပါတယ်။
သမ္မတက မတိုက်ဖို့ ပြောထားပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ကတော့ တခါတလေ ကိုယ့်ကို ရိုက်လာရင် ပြန်ကာ ရတဲ့ သဘောမျိုးဖြစ်ပြီး အဲဒီ အပေါ်မှာ ပြန့်ကား ကုန်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Oppositeyes
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။