Pages

Wednesday, January 2, 2013

ကချင်ပြည်နယ်မှ မြန်မာ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ဆီသို့

ငြိမ်းချမ်းရေးဆိုသည့်အတွက် ငြိမ်းချမ်းရေးလည်း အကြိမ်ပေါင်း များစွာ ဆွေးနွေး ခဲ့ပြီး လေပြီ။ နိုင်ငံရေး အ ရ မဆွေးနွေးနိုင်လျှင် စစ်ရေး အရ တုံ့ပြန်သွားမည် ဟုလည်း အကြိမ်ကြိမ် ကြွေးကြော်ကာ အကြမ်းဖက် တပ်ဖွဲ့ အသွင်ဖြင့် ရက်စက်မှုများလည်း သူမတူအောင် လုပ်ခဲ့ပြီးပြီ။ကချင်ပြည်နယ် လိုင်ဇာကို အခြေပြု၊ အပစ် ရပ်စဉ် ကာလအတွင်း နယ်ပယ်ချဲ့ထွင် ချေကုပ်ယူကာ ကချင်ပြည်နယ်တွင် သာမက ရှမ်းပြည်နယ် အတွင်းထိပင် တပ်စွဲ ထားခဲ့သည်။
 
ရှမ်းပြည်နယ်အထိ တပ်စွဲထားသော ကေအိုင်အေ

ဝမ်ပေါင် သမ္မတနိုင်ငံ အိပ်မက်ဖြင့် ကေအိုင်အေတို့ သတ်မှတ် ခဲ့သည့် ၄င်းတို့ပိုင်နက်မှာ ကချင် ပြည်နယ် တစ်ခုထဲ မဟုတ်။ အခြား တိုင်းရင်းသားတို့ နေရပ်တွင် ဘိန်းစိုက်၊ ဆက်ကြေး ကောက်ကာ ရက်စက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံတို့ အမြင် မကြည်၊ တပ်မတော်မှ စစ်ဆင်ရေးများ ရှမ်းပြည်နယ်တွင် အရှိန် မြင့်ချိန် မှာတော့ ကေအိုင်အေတို့ အတွက် လူမျိုးရေးကို အကြောင်းပြနိုင်မည့် ကချင်ပြည်နယ် အတွင်း စစ် မတိုက် တိုက်လာစေရန် လုပ်ဆောင်ခဲ့ကြသည်။
 
မြို့ပေါ်ထိ မိုင်းခွဲခဲ့သော ကေအိုင်အေ

တံတားများ၊ မီးရထားလမ်းများ ခွဲသည်။ လူသစ်များ စုဆောင်းသည်။ နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ် သည်။ တပ်မတော် စစ်ကြောင်းများကို အငိုက်ဖမ်း ခြုံခိုကာ အရှင်ရအောင် ဖမ်းသည်။ ဒူးထောက် ရန် စေခိုင်းပြီး  အင်တာ နက်ပေါ်မှတစ်ဆင့် အပုပ်ချသည်။ 
 
တပ်မတော်သားများကို ကမ္ဘာသို့ သိအောင် နိုင်ငံခြားသားတွေ ခေါ်ပြ ယုတ်မာခဲ့သော ကေအိုင်အေ

သမ္မတကြီးမှ ပထမဆုံး အပစ်အခတ် ရပ်စဲမည်။ ပြည်နယ် တိုးတက်ရေး ကို ပူးပေါင်းဆောင်ရွက် ရင်းဖြင့် တိုင်းပြည် အကျိုး ရှိစေမည့် နည်းလမ်းကို ချပြခဲ့သော်လည်း ကေအိုင်အေတို့ လက်မခံခဲ့ကြ။ ကိုယ်ပိုင် အုပ် ချုပ်ခွင့် ရမှသာ အဓိက ခြေကုပ် ယူနိုင်မည်။ စစ်အင်အား စုဆောင်းမှုများ ပြုလုပ်နိုင် မည် ဖြစ်သည့် အတွက် ကေအိုင်အေတို့ ဘူးခံခဲ့ကာ တပ်မတော်ကို ရန်စစိန်ခေါ်ပြီး အဖျက်လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြ သည်။
 
အဆုံးသတ် စစ်ပွဲအတွက် ပြင်ဆင်ခဲ့သော ကေအိုင်အေ

အစပိုင်းတွင်တော့ ကေအိုင်အေ တစ်ဖွဲ့ထဲသာဖြစ်ပြီး နောက်ပိုင်းတွင် ABSDF, AA အဖွဲ့များ ပါဝင်လာ သည်။ ထိုသို့နေရင်းဖြင့် ယခု အချိန်တွင် အလျော့ပေးမှု တစ်ခုသာ ပြုလု ပ်လိုက်ပါက တစ်နိုင်ငံ လုံးမှ သောင်း ကျန်းသူ တို့၏ ခိုအောင်းရာမှာ ကချင်ပြည်နယ်သာ ဖြစ်ပေတော့မည်။ မပြီးဆုံးနိုင်သည့် စစ်ပွဲများ ကို ဆက်ပြီး တွေ့ရအုံး မည်သာ ဖြစ်သည်။
 
ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သော ကေအိုင်အေ

ခဏတာ ငြိမ်းချမ်းရေးကို ယူမလား၊ ထာဝရ ငြိမ်းချမ်းရေးကို ယူမလား ဆိုသည်ကို ကျွန်တော် တို့ စဉ်းစားရ တော့မည်။ လိုင်ဇာတစ်ကွက် ကို ကြည့်၍ ကျန်သည့် ကချင် တစ်ပြည် နယ်လုံးကို အေးချမ်းစေမည့် နည်း လမ်း ကို ကျွန်တော်တို့ စွန့်လွှတ် မည်လား ဆိုသည် ကို တွေးရတော့မည်။ ကေအိုင်အေ မရှိပါက ကျန် သည့် လက်နက်ကိုင် သောင်းကျန်း သူများ အတွက် ခြေချစရာ မြေ မရှိတော့။ ကချင်ပြည်နယ် ငြိမ်းချမ်းမှု ကို ဖော် ဆောင်နိုင်ပြီး သည့်နောက် ရှမ်းပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးကို ဆောင် ရွက်နိုင်မည် ဖြစ်သည်။
 
တပ်မတော်သားများ နောက်တစ်ခါ ဒီလိုထပ်ပြီး မပြန်ရပါစေနဲ့တော့

နောင်အခါ အစိုးရ အဖွဲ့ မည်သူ တက်တက်၊ တိုင်းရင်းသား လက်နက်ကိုင်ရေးကို ပူစရာမလို။ တည်ငြိမ် အေးချမ်း၍ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောင်နိုင် မည်မို့ ထာဝရ ငြိမ်းချမ်းရေး အိပ်မက်ကို ၂၀၁၃ မှာ မက်ကြစေချင် ပါတော့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: